Print

ပိန်သူဝဖြိုး အလှတိုးစေဖို့

  30-Oct-2016
Preview Image

ခုခေတ်ကပိန်ပိန်သွယ်သွယ် မော်ဒယ်ခေတ်ဆိုပေမယ့် အရမ်းကြီးပိန်ကပ်နေ လွန်းနေရင်လည်းဘယ်လှတော့မလဲနော်။ နဲနဲတော့ ပြည့်ဖြိုးဖြိုးလေး ရှိနေမှပေါ့။ ပြီးတော့ ၀တဲ့သူကသာ ပိန်ချင်ပေမယ့် ပိန်တဲ့သူတွေကတော့ ၀၀ လှလှလေး ဖြစ်ချင်ကြတာ။ ဒီတော့ ၀ချင်နေတဲ့ သူငယ်ချင်းတွေအတွက်နည်းလမ်းကောင်းလေးတွေ ပြောပြမယ်နော်။

Calculate Calories

ပိန်တဲ့သူတော်တော်များများက ကိုယ်လက်လှုပ်ရှားများတဲ့သူတွေအစားနဲတဲ့သူတွေပဲနော်။ ခန္ဓာကိုယ်က စွမ်းအင်ကို သုံးသလောက် ဖြည့်မပေးဘူးဆိုရင် ပိန်လာတော့မှာပေါ့။ အဲဒီတော့ ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေဟာ အစားအစာကိုလည်း များများစားပေးဖို့ လိုတယ်နော်။

Aim for three large meals and eat often

လူတွေက စားတဲ့ပုံစံမှားနေတယ်နော်။ မနက်စာကို စားချင်မှစားကြတာ၊ နေ့လည် စာနဲ့ ညစာကိုမှ အသားကုန်စားတာလေ။ တကယ်က တနေ့တာအတွက်လုံလောက်တဲ့ စွမ်းအင်ရဖို့ မနက်စာကိုပဲ သေချာစားရမှာပါ။ ပြီးတော့ နေ့လည်စာကိုလည်း များများစား၊ ညစာကိုတော့ သင့်တော်ရုံစားပါ။ ညစာကို များများစားမယ်ဆိုရင်တော့ ညနေ ၆ နာရီ မတိုင်ခင်စားတာ အကောင်းဆုံးပဲနော်။ အိပ်ချိန်နဲ့နီးနေရင် အစာမကြေဖြစ်တတ်တယ်လေ။ တစ်နေ့ကို (၃)ကြိမ်တော့ သေချာစားပေးနော်။ ပြီးတော့ ခဏခဏလည်း စားပေးပါ။

Drink

ရေများများသောက်ပါ။ ပြီးတော့ ကော်ဖီ၊ လက်ဘက်ရည်နဲ့ အချိုရည်တွေသောက်မယ့် အစား နွားနို့တို့၊ သစ်သီးဖျော်ရည်တို့ သောက်ပေးပါ။

Food

- ပေါင်မုန့်ကို ထူထူလေးတွေ လှီးပြီး ထောပတ်၊ ပျားရည်၊ ယိုတွေနဲ့ စားရင် စားလို့ လည်းကောင်း အာဟာရလည်းဖြစ် ခန္ဓာကိုယ်လည်း ပြည့်ဖြိုးလာနိုင်တယ်နော်။

- အသီးအရွက်တွေမှာတော့ အာလူး၊ မြေပဲ၊ ပြောင်းဖူး၊ မုန်လာဥ၊ သခွားမွှေးသီးတွေကို များများစားပေးပါ။

- သစ်သီးတွေမှာလည်း လိမ္မော်သီး၊ ဇီးသီးတို့ထက် ငှက်ပျောသီး၊ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီးတွေကို များများစားပေးဖို့ လိုတယ်နော်။

- ဟင်းချက်တဲ့အခါ ဆီကိုလည်း သင့်တော်ရုံလေးတော့ ထည့်သုံးပါ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ပဲဆီ၊ သံလွင်ဆီတို့ကို သုံးပေါ့နော်။

Avoid unhealthy, hight calorie foods

၀လာအောင်ဆိုပြီးတော့ အဆီအဆိမ့်တွေ အချိူတွေ အကြော်တွေ စွတ်စွက်ပြီး မစားလိုက်နဲ့နော်။ ၀လာတာကနဲနဲ ရောဂါက အများကြီးတိုးလာမှာလေ။ ချောကလက် တွေ ပူတင်းတွေကတော့ စားလို့ရပါတယ်။ ကိတ်မုန့်၊ ကွတ်ကီးတွေ၊ အသင့်စားနိုင် တဲ့စားစရာတွေကတော့ ကျန်းမာရေးနဲ့ မညီညွှတ်လို့ အများကြီးမစားနဲ့နော်။

Eat More Protein

ခန္ဓာကိုယ်က အဆီကြောင့်မဟုတ်ဘဲ ၀လာဖို့ဆိုရင် ကြွက်သားတွေ ကြီးလာမှပေါ့။ ကြွက်သားကြီးလာဖို့ အတွက်တော့ အသားများများစားဖို့လိုတယ်နော်။ အသားမစားတဲ့ သူတွေဆိုရင်လဲ အသားဓာတ်ပါတဲ့ အစားအစာတွေ ( ပဲအမျိူးမျိူး ) Amino acids တွေပါတဲ့ အားဆေးတွေ သောက်ပေးရမှာပါ။

Add nutes to your diet

နေ့စဉ်စားတဲ့ အစားအစာထဲမှာ ပဲပါအောင်တော့ ဂရုစိုက်ပေးနော်။

Try a nutritional Supplement

အားဆေးတမျိူးမျိူးကိုလည်း သောက်ကြည့်ပါအုံး။ ကိုယ်က အာဟာရစုံအောင် စားဖြစ်ချင်မှ စားဖြစ်မှာလေ။ အဲဒီတော့ အာဟာရအစုံပါတဲ့ အားဆေးလည်း တစ်ခါတစ် လေတော့ သောက်ပေးပါ။ အမြဲသောက်ရင် အရမ်းများသွားမှာ စိုးလို့ပါ။

Sleep enough

တကယ်လှလှဝဝဖြစ်ဖို့ ဆိုရင် အိပ်ရေးဝဝအိပ်ဖို့မမေ့နဲ့နော်။

Warning

- ဘာမဆို တန်ဆေးလွန်ဘေးဆိုတာကို သတိရနော်။ အဲဒီတော့ ဘာကိုမှ အလွန်အကျွံ မစားပါနဲ့။ အထူးသဖြင့် အချိုနဲ့ အဆီတွေကိုပါ။ အစားအစာအားလုံးကို မျှမျှတတဖြစ်အောင် စားပါ။

- ရုတ်တရက်ကြီးလည်း ၀ုန်းဒိုင်းဝလာအောင် မလုပ်ပါနဲ့။ အကြောပြတ်ရာတွေ ဖြစ်လာနိုင် တယ်လေ။ 

- ပြည့်ပြည့်ဖြိုးဖြိုးလေးက ကြည့်ကောင်းတယ်ဆိုပေမယ့် အရမ်းကြီးဝမလာအောင်တော့ သတိထားနော်။ ပုံမှန်အနေအထားပဲ ကောင်းတယ်လေ။ ပုံမှန်ထက်ဝလာရင် ပုံမှန်မဟုတ် တဲ့ရောဂါတွေ ၀င်လာနိုင်တယ်လေ။

Healthcare.com.mm

Ref:

ရင်နှင်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18