Print

သင့်ခြေထောက်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေဖို့

  30-Oct-2016
Preview Image

ခြေထောက်ဟာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို သယ်ဆောင်ထမ်းပိုးထားရတာဖြစ်ပေမယ့် ခြေထောက်နဲ့ပတ်သက်ပြီး သေချာဂရုစိုက်သူကတော့ တော်တော်နည်းပါတယ်။ဒီလိုအရေးပါတဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ ခြေထောက်အတွက် ကျန်းမာရေးအတွက် အကောင်းဆုံးနဲ့ သက်သောင့်သက်သာအရှိဆုံး ဖိနပ်ကို ရွေးချယ်ဖို့ဆိုတာကလည်း အရေးကြီးတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်ကြဖို့အတွက် အကြံပြုချင်ပါတယ်။ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ဖိနပ်တွေကခြေထောက်ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေနိုင်တာ ကြောင့်သက်သောင့်သက်သာလမ်းလျှောက်နိုင်ဖို့အတွက်ကူရှင်ပါတဲ့ဖိနပ်ခုံအမျိုးအစားသုံးတဲ့ဖိနပ်မျိုးရွေးချယ်ရမှာပါ။ နောက်ပြီး ချော်မလဲစေမယ့် ဖိနပ်အောက်ခြေမျိုးဖြစ်ဖို့ လည်းလိုသလို လေဝင်လေထွက်ကောင်းတဲ့ ပုံမျိုးဖြစ်ဖို့လည်း လိုပါတယ်။

နောက်ပြီး ပြေးလွှားသွားလာရင်း ကြိုးပြတ်တာတွေမရှိရ လေအောင် ခိုင်ခံ့မှုရှိ၊ မရှိကိုလည်း အသေးစိတ်စိစစ်သင့်ပါ တယ်။ ခြေထောက်ပုံစံက သာမန်မဟုတ်ဘူးဆိုရင်တော့ ဖြုတ် လွယ်တပ်လွယ်တဲ့ ဖိနပ်မျိုးရွေးထားပါမှ အဆင်ပြေနိုင်မှာပါ။ဖိနပ်ဝယ်တုန်းကနဲ့မတူဘဲ ကိုယ်အလေးချိန်အပြောင်းအလဲရှိခဲ့ရင်လည်း ဖိနပ်အရွယ်အစားကိုသေချာမှတ်သားထားဖို့လိုပါတယ်။ ခြေထောက်အရွယ်အစားက အသက်ရှင်နေသမျှကာလပတ်လုံး အပြောင်းအလဲဖြစ်နိုင်ပြီး ဝလာတာနဲ့အမျှအရွယ်အစားကြီးလာနိုင်သလို ပိန်သွားရင်လည်း အရွယ်အစားပြန်သေးသွားနိုင်တာကြောင့်ပါ။ အကယ်၍များ အလုံပိတ်ရှူးဖိနပ်တို့၊ အားကစားဖိနပ်တို့ စီးမယ်ဆိုရင်တော့ ခြေအိတ်ဝတ်ပြီးမှ စီးဖို့အကြံပြုချင်ပါတယ်။ ခြေအိတ်က ချွေးစုပ်သွားတဲ့အတွက် ခြေထောက်ကို တစ်နေကုန် ခြောက်သွေ့သန့်ရှင်းနေစေပါတယ်။ ခြေအိတ်တွေဟောင်းနေ ရင် ချွေးမစုပ်တော့တဲ့အပြင်ခြေထောက်ကို သက်သောင့်သက် သာဖြစ်အောင်လည်း မကာကွယ်နိုင်တော့တာကြောင့် စွန့်ပစ်ဖို့ လည်း မမေ့သင့်ပါဘူး။ ဒီလိုအချက်လေးတွေသိ ထားပြီး ဖိနပ်ဝယ်မယ်ဆိုရင်တော့ ဖိနပ်ပုံစံမလှပေမယ့် ခြေထောက်ကျန်းမာရေးအတွက် အကောင်းဆုံးဖိနပ်ကိုရွေးချယ်မိမှာတော့ သေချာပါတယ်။

Healthcare.com.mm

Ref:

ဖိုးသူတော်

Source : 7Day Daily

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18