Print

မိန်းကလေးများ ရင်သားတွဲကျခြင်း

  30-Oct-2016
Preview Image

အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ ့ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာရင်သားတစ်စုံလည်းပါ၀င်တာမို့ရင်သားတွေသဘာဝအတိုင်း ဖွံ့ထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာ မိမိကိုယ်ကိုဆွဲ ဆောင်မှုမရှိတော့ဘူးလို ့ခံစားလာရပြီး၊ လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့် လာခြင်းက အဓိကအကြောင်းရင်းဖြစ်သော်လည်း၊ အချို့သူ တွေမှာ အောက်ပါအကြောင်းများကြောင့် အရွယ်မလွန်ခင်ကတည်းက ရင်သားတွေပျော့တွဲလာကြရပါတယ်။

• နို့တိုက်မိခင်များ။

• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။

• အာဟာရချို့တဲ့သူများ။

• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့မဟုတ်)ဘော်လီဝတ်ဆင်သူများ။

• နို့အုံထဲရှိ ကျုံ့/ဆန့်နိုင်သောတစ်ရှုးများပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။

• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။

• ဘရာဇီယာ(သို့မဟုတ်)ဘော်လီမပါဘဲ ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခန်းပြင်းပြင်းလုပ်ခြင်း။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်း လာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။

(၁) နို့သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့ ၂-ကြိမ်သံလွင်ဆီဖြင့်အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့အစွမ်းကြောင့်ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့သွေးလည်ပတ်မှုအားကောင်းလာပြီးတစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း တင်းရင်းလာစေပါတယ်။

(သံလွင်ဆီနဲ့ နို့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျသွားစေနိုင်လို့ ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)

(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့သာပင်ကနူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့အစွမ်းသတ္တိများရှိကြပါတယ်။(အိန္ဒိယရိုးရာပရဆေးဆိုင်များနဲ့ အချို့ citymart များတွင်fenugreek(ခေါ်)ပဲနံ့ သာပင်အမှုန့် ခြောက်ဗူး

တွေဝယ်ယူရရှိနို်င်၏) ပဲနံ့သာပင်အမှုန့်ကို ရေနဲခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့်အကြာရေအေး ဖြင့်သန့်စင်ဆေးကြောပါ။

(၃) ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင််ဖြူဝင်းလှပလာစေလို့၊ ၄င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာရေအေးဖြင့် ရေချိုးသန့်စင်နိုင်ပါတယ်။

(၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကိုရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိခြောက်သွားသောကြက်ဥအကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။

(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသားထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့)၊ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ဖြင့် သမအောင်ရောမွှေပြီး နို့အုံအနှံ အချိန် ၃-မိန်နစ်ခန့်ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန် ထားပြီးနောက် ရေချိုးနိုင်ပါတယ်။ထိုအရောအနှော ၃-မျိုးရဲ ့အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာတောင့်တင်းသန်မာလာစေပါတယ်။

(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီးဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့အုံအ နှံ့ ၃-မိနစ်ခန့်ကြာအောင်အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။

(၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊ ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍အောက်ကပင့်ကာအပေါ်ဘက်သို့အသာအယာမတင်ခြင်း စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကို တင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ ့အခြားနည်းလမ်းကောင်းများ။

(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့/ဆန့်နိုင်အားကိုလျော့ပါးစေတာကြောင့်ဆေးလိပ်မသောက်ပါနဲ့။

(၂) အယ်လ်ကိုဟောနဲ့ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊အမြှုပ်ထ၍ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများကအရေပြားများကို အရွယ်မတိုင်မီအိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။

(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့မဟုတ်)ဘော်လီ တွေမဝတ်ပါနဲ့၊အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့မဟုတ်)ဘော်လီကို ၀တ်ထားပါ။(ကမ္ဘာပထဝီမြေကြီးရဲ့ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကိုတွဲကျစေတယ်ဆိုတာမယုံမရှိနဲ့နော်)

(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေပါတယ်။ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့ အသားအရေ တင်းရင်းမှုကိုအားပေးသောဗီတာမင်၊သတ္တုဓာတ် နဲ့ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့၊အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့သာရွက်၊ ခရမ်းချဉ်သီး..စသည်တို့ဖြစ်ကြပါတယ်။

Healthcare.com.mm

Ref : မြဝတီ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18