Print

မျက်ရစ်ပြင်တာမလုပ်ခင် ဘာတွေသိရမလဲ

  30-Oct-2016
Preview Image

• မခွဲခင် ၆ပတ်အလိုကတည်းက ဆေးလိပ်ကြိုရှောင်ရတယ်။ ဒီအတိုငိး ခွဲပြီး ၁လ ထိရှောင်ပေးသင့်တယ်။

• မခွဲခင် ၂ပတ်ကစပြီး သွေးယိုစေတဲ့ ဆေးအချို့ဖြတ်ရတယ်။ခွဲပြီး ၂ရက်ထိ ဖြတ်ပေးသင့်တယ်။ginsengအားဆေးနဲ့garlic က သွေးယိုစေနိုင်လို့ ကြိုဖြတ်သင့်တယ်။Aspirin နဲ့ clopidogrel ကြိုဖြတ်ပါ။နှလုံး၊သွေးကြောရောဂါ၊သွေးယိုရောဂါအခံရှိရင် သတိထား

ရမယ်။

• မခွဲခင်နှစ်ရက်အလိုကစပြီး Arnica C12 pilletကို တခါသောက်၅လုံး တနေ့သုံးကြိမ် လျှာအောက် ငုံခိုင်းမယ်။ ခွဲပြီးတဲ့နောက် ၅ရက်ဆက် ပေးထားတယ်။

• မခွဲခင် ၆နာရီအတွင်း ရေ၊အစားအစာ အလွန်အကျွံမစားရဘူး။ကော်ဖီလက်ဖက်ရည် အရက်ရှောင်ထားရမယ်။ဆေးလိပ်လုံးဝမသောက်ရဘူး။ အသုံးအဆောင်၊ လက်ဝတ် လက်စား အကုန်ချွတ်ပါ။

 

•lower eyelid ပြုပြင်နည်း

transconjunctival blepharoplasty

subciliary blepharoplasty

သတိပြုစရာ

ခွဲစိတ်နာက ပြည်ထွက်နိုင်တယ်။၂ပတ်အတွင်း လေ့ကျင့်ခန်း အပြင်းစား မလုပ်ရဘူး။ ၁၀ပေါင်အထက် အလေးမမရဘူး။ (အဖျားကြီး(၁၀၁အထက်)၊ ပိုနာလာတာ၊အမြင်ချို့တဲ့၊ဝေဝါးတာရှိရင်ဆရာဝန် ပြန်ပြပါ။)

ခွဲစိတ်ပြီးစဘာလုပ်မလဲ

ခွဲပြီးစမှာ အဖတ်ထက် အရည်ကိုသာသောက်သင့်တယ်။ မျက်ခွံကို ရေခဲဝတ်တင်ပေးပါ။ခေါင်းအုံးကိုး၃၀ဒီဂရီ မြှင့်အိပ်ပါ။၂ရက်လောက်ကတော့ ဘေးကို မစောင်းပဲတည့်တည့်အိပ်ရမယ်။ မျက်နှာသစ်ရင် towerနဲ့ ဖွဖွသုပ်ပေးပါ။ စွပ်ပြုတ်သစ်သီးဖျော်ရည်

သောက်ပါ။

မျက်စဉ်းပေးခြင်း

ခွဲပြီးရင် မျက်ခွံရောင်တာ၊မျက်လုံးရဲတာ၊မျက်ရည်ယို၊ခြောက်သွေ့ဖြစ်နိုင်တယ်။ မျက်ရည်ခြောက်ရင် မျက်ရည်အစားထိုးcool eye dropသုံးပါ။ခွဲစိတ်အနာအတွက် polysporin ophthalmicသုံးတယ်။

ခွဲပြီး ၁လနေမှ မျက်ကပ်မှန်စတပ်ပါ၊ မျက်ခွံရောင်ရင် ဘာမှမတပ်သင့်သေးဘူး။ အရောင်ကျပြီးပုံမှန်ဖြစ်မှ မျက်ကပ်မှန်တပ်ပါ။

ဘယ်ရက်တွေပြန်ပြမလဲ

ခွဲပြီး ၅ရက်နေရင် ပြန်ပြပါ။နောက် ၃ပတ်တခါ၊၃လတခါနဲ့ ၁နှစ်ကြာရင် ပြန်ပြရမယ်။

Healthcare.com.mm

Ref:

ဒေါက်တာ အေးမင်းထူး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18