Print

ဝိတ်ပိုတက်စေမယ့် နည်းလမ်းအမှားများ

  30-Oct-2016
Preview Image

၀ိတ်ကျစေဖို့ ကိုယ်အရင်တုန်းက သိထားနေတဲ့ နည်းလမ်းတွေထဲမှာ အမှားတွေ ပါနေနိုင်ပါတယ်။ နည်းလမ်းအမှားတွေ ၀ိတ်ကျဖို့ ကြိုးစားနေမယ်ဆိုရင် ၀ိတ်မကျတဲ့အပြင် ၀ိတ်တောင် ပိုတက်နိုင်ပါသေးတယ်။ အဲ့ဒီမှားနေတဲ့ ၀ိတ်ကျနည်းတွေကတော့

၁။၈နာရီနောက်ပိုင်း ဘာမှမစားရင် ၀ိတ်ကျတယ်ဆိုတာမျိုး။

လူတွေက တစ်နေ့လုံး စားချင်တာစားပြီး ညဘက် ၈နာရီကျော်တာနဲ့ ဘာမှမစားတော့ပဲ တိကနဲဖြတ်ပစ်လိုက်ရင် ၀ိတ်ကျတော့မယ်လို့ ထင်နေကြတာ မှားပါတယ်။ တကယ်တော့ တစ်နေ့လုံး တတိတိစားနေတဲ့ အစားအစာ ကယ်လိုရီ ပမာဏတွေက သင့်ရဲ့ ကိုယ်အလေးချိန်ကို တက်စေတာပါ။ ဒါ့ကြောင့် နောက်ကျမှ စားတာ မစားတာနဲ့ မဆိုင်ပါဘူး။ တစ်နေ့လုံး ကိုယ်ဘယ်လောက်တောင် စားထားသလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။

၂။ပေါ့ပေါ့ပါးပါး စားနိုင်တဲ့ အစားအစာမျိုး၊ အသင့်စားသုံးနိုင်တဲ့ အစားအစာတွေက ပိုသင့်တော်တယ်ဆိုတာမျိုး။

ပေါ့ပေါ့ပါးပါး စားနိင်တဲ့ အားလူကြော်၊ ရေခဲမုန့် စတာတွေမှာ ကယ်လိုရီနည်းတယ်ဆိုပေမယ့် သကြားဓာတ်တွေ၊ ဆိုဒီယံတွေ ပါနေတယ်ဆိုတာတော့ ငြင်းလို့မရဘူးလေ။

၃။သတ်သတ်လွတ်စားရင် ၀ိတ်ကျစေတယ်ဆိုတာမျိုး။

အသား၊ ငါးတွေ မစားပဲ သတ်သတ်လွတ်စားရင် ၀ိတ်ကျစေတယ် ဆိုတာမျိုးက ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်က သတ်သတ်လွတ်ပဲ ဆိုပြီး အာလူးအချောင်းကြော်၊ ပါစတာ၊ ချောကလက်တွေ စားနေလို့ကတော့ ဘာမှမထူးတော့ဘူးသာ မှတ်လိုက်ပါ။

၄။လေ့ကျင့်ခန်းလုပ်နေရင် စားချင်သလောက်သားစား ဆိုတာမျိုး။

ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းက ကိုယ်ထင်သလောက် ကယ်လိုရီ လောင်ကျွမ်းဖို့ မလွယ်ကူဘူးဆိုတာ သိထားရမှာပါ။

၅။အစားအသောက် မစားခြင်းဟာ လူကို ပိန်စေတယ် ဆိုတာမျိုး။

နေ့လည်စာ မစားပဲနေတာ၊ ညစာလုံးဝမစားတာမျိုးကတွေက သင့်ရဲ့ အစာခြေဖျက်မှုစွမ်းအားကို လျော့ကျသွားစေတာပါ။ အစားအသောက် မစားပဲ နေတာဟာ ကျန်းမာရေးနဲ့တော့ မညီညွတ်တာ အမှန်ပါပဲ။

၆။ဆလတ်စားရင် ၀ိတ်ကျစေတယ် ဆိုတာမျိုး။

ဆလတ်စားရင် ၀တ်ကျစေတယ်ဆိုပေမယ့် အဲ့ဒီမှာ ပါ၀င်မယ့် အသား၊ ကြက်အူချောင်း စတာတွေနဲ့ ပြန်တွက်ရင်တော့ ဘာမှမထူးတော့ပါပဲ။

၇။ကိုယ်စားနေကျ အရာအားလုံးကို စွန့်လွှတ်ပြီး တစ်မျိုးတည်းပဲစားရတော့မယ် ဆိုတာမျိုး။

တစ်မျိုးတည်းကို အလွန်အကျူးစားတာထက်စာရင် အားလုံးကို နည်းနည်းချင်းစီ၊ တစ်ဖဲ့ချင်းစီလောက်စားပြီး အာသာပြေသွားအောင် လုပ်နိုင်ပါတယ်။

Healthcare.com.mm

Ref:fitsugar

Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18