Print

သင့်ခေါင်းပေါ်က ဗောက်တွေကြောင့် စိတ်ညစ်နေပါသလား

  30-Oct-2016
Preview Image

ခေါင်းကယားလိုက်တာခေါင်းမှာ အဖြူဖတ်တွေအများကြီးပဲ ဆိုပြီး စိတ်ညစ်ရတဲ့ ဗောက်ပြသနာဟာ လူတော်တော်များများမှာ ဖြစ်နေတဲ့ အရေပြားပြဿနာတစ်မျိူးပါ။ ဗောက်ဟာမှိုတစ်မျိူးကြောင့် အဓိကဖြစ်ရတာပါ ။ အဲဒီမှိုဟာ ဦးရေပြားပေါ်က အဆီတွေ

ကို စားသုံးပြီး ရှင်သန်ပါတယ်။ Hair products တစ်ချိူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း ဦးရေပြားမှာ ဗောက်ဖြစ်နိုင်ပါသေးတယ် ။ ဒါပေမယ့် မပူပါနဲ့။ ဗောက်ကိုနိုင်တဲ့ ဆေးစွမ်းကောင်းတွေ နည်းလမ်းကောင်းတွေကို ရင်နှင်းမျှဝေပေးမယ်နော်။ဗောက်တွေ

ကြောင့် စိတ်ညစ်မနေပါနဲ့ ။ စိတ်ဖိစီးမှုများရင် ကိုယ်ခံအားကို ထိခိုက်စေလို့ ဗောက်အပါအဝင်တခြားရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ ။ ဒါကြောင့် ခုချက်ချင်းစိတ်ကိုဖြေလျှော့လိုက်ပါ။ ဒါဟာ သင့်ကိုအနှောက်အယှက်ပေးနေတဲ့ ဗောက်တွေကို တိုက်ထုတ်ဖို့ အစပျိူးလိုက်တာပါပဲ ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေဟာ ဦးရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ် ။ ဇင့်ဓာတ် ၊ Omega 3 fatty acids , Vit E နဲ့ Vit B အုပ်စုတွေများများပါ၀င်တဲ့ အစားအစာတွေကို များများစားသုံးပေးပါ။ အချိူနဲ့အဆီ အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ ။ Limit your use of hair styling prouducts Hairspray , Hair Gel တို့လို ဆံပင်ပုံသွင်းပစ္စည်းတွေဟာ အခန့်မသင့်ရင်ဗောက်ပြသနာကို ပိုမိုဆိုးဝါးစေနိုင်ပါတယ် ။ တကယ်လို့ သင်ဟာဆံပင်အတွက် ပစ္စည်းအသစ်တစ်ခုခုကို ပြောင်းသုံးပြီးမှ ဗောက်တွေဖြစ်လာတယ် သို့မဟုတ် ပိုဆိုးလာတယ်ဆိုရင်တော့ အဲဒီပစ္စည်းကိုဆက်မသုံးပါနဲ့တော့ ။ Tea Tree Oil သို့မဟုတ် Chemical ပါ၀င်မှုနဲတဲ့ သို့မဟုတ် သဘာဝဆေးဘက်ဝင်ပစ္စည်းများနဲ့ ဖော်စပ်ထားတဲ့ ထုတ်ကုန်တွေကိုတော့ သုံးစွဲနိုင်ပါတယ် ။ ဦးရေပြားကို တိုက်ရိုက်မထိအောင် တတ်နိုင်သလောက်သတိထားပါ။ သင်ဟာ ဓာတ်မတည့်ခြင်းတွေ ခဏခဏ ဖြစ်တတ်တဲ့သူလား ။ ဒါဆိုရင်တော့သင်ရဲ့ ဗောက်ပြသနာဟာဓာတ်မတည့်ခြင်းကြောင့် ဖြစ်ဖို့များပါတယ် ။ သင်အသုံးပြုတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်အလှပြင်ပစ္စည်းတွေကို ပြန်စစ်ဆေးကြည့်ပါ။ အပျော့စားပစ္စည်းများကို သာအသုံးပြုပါ ။ ခေါင်းကိုလည်း ခဏခဏမလျှော်ပါနဲ့ ။ ဗောက်တွေဟာ အဆီများတဲ့ ဦးရေပြားနဲ့ဆံပင်တွေကြောင့် ပိုဆိုးနိုင်ပါတယ် ။ ဒါကြောင့် ခေါင်းကို မှန်မှန်လျှော်ပေးပါ ။ ဒါပေမယ့် ခဏခဏမလျှော်ပါနဲ့ ။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးပါ ။ ဒါပေမယ့် လုံးဝမကုတ်မိပါစေနဲ့ ။ ခေါင်းလျှော်တိုင်း ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုပါ ။ ဒါပေမယ့် ဗောက်ပျောက်ခေါင်းလျှော်ရည်တွေရဲ့ အသုံးပြုပုံတွေက မတူညီလို့ အသုံးပြုတဲ့လမ်းညွှန်ချက်ကို အရင်ဆုံးဖတ်ကြည့်ပြီး အဲဒီအတိုင်းလိုက်နာတာ အကောင်းဆုံးပါပဲ ။တကယ်လို့ ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးပြီး မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ပြသပါ ။တကယ်လို့ သင်ဟာဗောက်ပျောက်ကင်းဖို့ နည်းလမ်းမျိူးစုံ သုံးကြည့်ပြီးမအောင်မြင်ဘူး ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲပြသပါ ။

- ခေါင်းယားတယ်ဆိုပြီး ခေါင်းကိုအရမ်းမကုတ်ပါနဲ့ ။ ဦးရေပြားတွေကိုဒဏ်ဖြစ်စေနိုင်ပါတယ် ။

- အဖြူရောင်ဗောက်ဖတ်များအကျီင်္ပေါ်ကျလာခဲ့ရင် မမြင်ရအောင် အရောင်ဖျော့ဖျော့အကျီင်္များကို ရွေးချယ်ဝတ်ဆင်ပါ ။

- ခေါင်းလျှော်ပြီးရင် ဆံပင်များကို သေချာခြောက်အောင် သုတ်ပေးပါ ။ စိုထိုင်းတဲ့ ဦးရေပြားမှာ ဗောက်တွေပိုဖြစ်နိုင်ပါတယ်။

- ခေါင်းဘီးများကို မှန်မှန်သန့်ရှင်းပေးပါ ။

- အဆီများတဲ့ဦးရေပြားမှာ ဗောက်ပိုဖြစ်တယ်ဆိုပေမယ့် ဦးရေပြားခြောက်သွေ့လွန်းရင်လည်း ဗောက်ဖြစ်နိုင်တာကြောင့် ဦးရေပြားပိုခြောက်သွေ့စေမယ့်အရာတွေ ဥပမာ chemical ပါ၀င်မှုများတဲ့ products တွေ သုံးစွဲခြင်းကို သတိထားရပါမယ် ။ ဦးရေပြား

အစိုဓာတ်ရှိအောင် ပေါင်းတင်ခြင်း သံလွင်ဆီစတဲ့ ဆံပင်အားဖြည့်စေမယ့်အရာတွေကို လိမ်းပေးရပါမယ် ။

- Vinegar ၃ ဇွန်းနဲ့ ရေ ရ ဇွန်းကို ရောမွှေပါ ။ အိပ်ရာဝင်ခါနီးတွင် ဦးရေပြားပေါ်သို့ သုတ်လိမ်းပေးပါ ။ မနက်အိပ်ရာကထတဲ့အခါ ခေါင်းလျှော်ရည်အပျော့စား ၊ ဆံပင်ပျော့ဆေးတို့ကိုသုံးပြီး ရေနွေးနဲ့ခေါင်းလျှော်ပါ ။

- သံလွင်ဆီကို ဦးရေပြားအနှံ့ လိမ်းပြီးနှိပ်နယ်ပေးပါ ။ မနက်မှ ခေါင်းလျှော်လိုက်ပါ ။

- သံပုရာရည် ၁ ဇွန်းနဲ့ အုန်းဆီ ၅ ဇွန်းကိုသမအောင်ရောမွှေပြီး ဦးရေပြားအနှံ့ လိမ်းပေးပါ ။ မိနစ် ၂၀ ခန့်ထားပြီးမှ ခေါင်းလျှော်ပါ ။နည်းတွေကတော့အများကြီးရှိပါတယ် ။ ရင်နှင်းကတော့ လုပ်ရလွယ်တဲ့နည်းလေးတွေကိုပဲ ရွေးပြီးပြောတြာပါ ။ လုပ်ကြည့်ပါအုံးနော် ။အမြဲကျန်းမာလှပပျော်ရွှင်ကြပါစေ ။

 

Healthcare.com.mm

 

Ref:

Myanmar Health and Beauty

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18