Print

သိထားသင့်တဲ့ လွယ်ကူတဲ့ အလှအပ နည်းလမ်းလေးများ

  30-Oct-2016
Preview Image

၁။ လက်သည်းဆိုးဆေး အမြန် ခြောက်စေလိုလျှင် လက်သည်းနီ ဆိုးပြီးတဲ့အခါ အနီးအနားမှာ လက်သည်းနီ ခြောက်စေတဲ့ ပစ္စည်း ကိရိယာတွေ ရှိမနေဘူးဆိုရင် လက်တွေကို ရေခဲရေ ဖြည့်ထားတဲ့ ဇလုံထဲသာ နှစ်ထားလိုက်ပါ။ ဒီနည်းက လက်သည်းဆိုးဆေးအမြန် ခြောက်စေတဲ့ အလွယ်ဆုံး နည်းလမ်း ဖြစ်ပါတယ်။

၂။ လက်သည်းဆိုးဆေးမှ အလက်မှုန်များ မပြောင်လျှင် တချို့လက်သည်း ဆိုးဆေးတွေမှာ အလက်မှုန်လေးပါတာက ဆိုးထားရင် လှသလောက် ပြန်ဖျက်တဲ့ အခါမှာ အရမ်းခက်ပါတယ်။ အဲဒီအခါကျရင် ၀ါဂွမ်းစနဲ့ မဖျက်ဘဲ သက္ကလပ် အထည်စနဲ့ ဖျက်ကြည့်ပါ။ လက်သည်းမှာ ဘာအမှုန်မှ မကျန်နေတော့ပါဘူး။

၃။ ၀င်းလက် စိုပြည်တဲ့ မျက်နှာ ဖြစ်နေချင်လျှင် ပျော်ရွှင်စရာ အချိန်လေးတွေကို ဖြတ်သန်းဖို့ဆို ရင်ပေါင်ဒါတွေ ဖုံနေအောင်လိမ်းထားမယ့် အစား အောက်ခံ မိတ်ကပ်လိမ်းပြီးရင် ပါးနှစ်ဖက်မှာ မျက်နှာလိမ်းဆီ အနည်းငယ် လိမ်းလိုက်ပါ။ သဘာဝ ကျကျ တောက်ပတဲ့ အသားအရေကို ရရှိနေပါလိမ့်မယ်။

၄။ အလှပြင်ခဲတံတွေကို အလေအလွင့် မဖြစ်စေချင်လျှင် သင့်ရဲ့မျက်လုံး၊ မျက်ခုံး၊ နှုတ်ခမ်းဆွဲ ခဲတံတွေက ခဲသားတွေက အလွန် နူးညံ့နေတယ်ဆိုရင် သူတို့ကို မချွန်ခင် တစ်နာရီခန့်ကြာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ ခဲသားမာသွားတော့ ခဲတံချွန်တဲ့အခါ အလေအလွင့် မရှိတော့ဘူးပေါ့။

၅။ မိတ်ကပ် ပြောင်စင်စေလိုလျှင် မျက်လုံးမှာ ခြယ်သထားတဲ့ လိုင်နာ၊ မျက်တောင်ကော့ဆေး၊ အိုင်းရှဲဒိုး စတာတွေကို ဖျက်တဲ့အခါ ပြောင်စင်စေချင်ရင် ၀ါဂွမ်းစမှာ အုန်းဆီတို့ပြီး ဖျက်လိုက်ရုံပါပဲ။

၆။ နှုတ်ခမ်းနီရောင် ကြာရှည် ခံစေလိုလျှင် နှုတ်ခမ်းနီ ဆိုးတဲ့အခါ အရောင်ကြာကြာ ခံစေချင်ရင် အိုင်းရှဲဒိုး ထပ်လိမ်းလိုက်ပါ။ ဒါပေမဲ့ နှုတ်ခမ်းနီ အရောင်နဲ့ အိုင်းရှဲဒိုး အရောင် တွဲဖက်မိဖို့ကိုလည်း သတိထားဦးနော်။

၇။ မျက်လုံးဖောင်း အစ်တာကို ပျောက်လိုလျှင် အိပ်ရာထခါစမှာ မျက်လုံးဖောင်းအစ် နေပါသလား။ ရေအေးနဲ့သာ မျက်နှာသစ်လိုက်ပါ။

၈။ အသားအရေ စိုပြည်လိုလျှင် သခွားသီး၊ ဥနီ၊ ပန်းသီး၊ ရှောက်သီးစတဲ့ အသီးဖျော်ရည်တွေကို သောက်ခြင်းဖြင့် ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်မှာပါ။

 

Credit

ရွှေညာမြေအင်တာနက်စာမျက်နှာ

မိုမို

Wednesday, September 23, 2015 |

ကျန်းမာရေး | ဗဟုသုတ | အလှအပ

Source: The Messenger



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18