Print

ယောက်ျားလေးများ နဲ့ အလှအပ

  30-Oct-2016
Preview Image

အလှအပဆိုတာ မိန်းကလေးတွေအတွက်ပဲ အရေးကြီးတာမဟုတ်ဘူးနော်။ အလှအပကို ဦးစားပေးလာတဲ့ ဒီခေတ်ကြီးမှာ ယောကျာ်းလေးတွေလည်း အမြဲဆွဲဆောင်မူအပြည့်နဲ့ ခံညားတဲ့ပုံဖြစ်နေအောင် ဂရုစိုက်ရမှာပါ။ ဘယ်လိုတွေ ဂရုစိုက်ရမယ်ဆိုတာကို သိသလောက်ပြောပြပေးမယ်နော်။

 

- ယောကျာ်းလေးတွေမှာ နူတ်ခမ်းမွေး၊ မှုတ်ဆိတ်မွေးရေးရေးလေးတွေရှိတာကလည်း ဆွဲဆောင်မူတစ်မျိူးပဲလေ။ ဒါပေမယ့် အမွှေးတွေက ပေါက်တာမညီမညာနဲ့ ကျိူးတိုးကျဲတဲဖြစ်နေမယ်ဆိုရင်၊ အရောင်မတူရင်တော့ ပြောင်ရှင်းနေအောင်ရိတ်ထားတာပဲ အကောင်းဆုံးနော်။

- တကယ်လို့ မျက်နှာမှာ အပြစ်အနာအဆာတွေရှိနေရင် Concealer လေးသုံးပေးနိုင်တယ်နော်။ ယောကျာ်းလေးမို့လို့ သုံးရမှာမတွန့်ပါနဲ့။

- ယောကျာ်းလေးတွေလည်း မိန်းကလေးတွေလိုပဲ အသက်ကြီးလာရင် အရေးအကြောင်းတွေ ဖြစ်လာတတ်တာပဲလေ။ အဲဒီတော့ အသားအရေကို ကောင်းကောင်းဂရုစိုက်ပေးရမှာပါပဲ။ အစိုဓာတ်ထိန်းခရမ် Moisturizer တွေကို နေ့တိုင်းလိမ်းပေးသင့်တယ်နော်။

- အိပ်ရေးပျက်ရင် မျက်ကွင်းညိုမျက်တွင်းကျပြီး ကြည့်ရတာလည်း လန်းလန်းဆန်းဆန်းမရှိနိုင်ဘူး။ အသားအရည်ကိုလည်း ထိခိုက်နိုင်တယ်ဆိုတာ ရင်နှင်းခဏခဏပြောနေလို့ သူငယ်ချင်းတို့လည်း သိပြီးလောက်ပြီ။ လန်းဆန်းတက်ကြွနေတဲ့ ပုံစံကလည်း ယောကျာ်းလေးတွေရဲ့ဆွဲဆောင်မူ့တစ်မျိူးပဲဆိုတော့တစ်ရက်ကို ၈ နာရီလောက် အိပ်နိုင်ရင် အကောင်းဆုံးပဲပေါ့။

- ယောကျာ်းလေးတွေက ထီးဆောင်းရမှာ ပျင်းတတ်တယ်နော်။ နေရောင်ခြည်က အသားအရေကိုပျက်စီးစေပြီး ရုပ်ရင့်စေတယ်၊ အရေးအကြောင်းတွေလည်း မြန်မြန်ပေါ်စေတယ်ဆိုတော့ ဇရာကို အံတုချင်တဲ့ သူငယ်ချင်းတို့ အပြင်ထွက်ရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကိုမမေ့နဲ့နော်။

- နူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေရိတ်တဲ့အခါလည်း Shaving Cream ကောင်းကောင်း၊ ရိတ်စက်ကောင်းကောင်းကိုသုံးပေးရင် အသားအရေကိုထိခိုက်မူမရှိနိုင်တော့ဘူးပေါ့။

- ယောကျာ်းလေးတွေက မျက်နှာသစ်ရင် ဆပ်ပြာကိုပဲ သုံးတတ်ကြတာက မကောင်းဘူးနော်။ မျက်နှာသစ်ဆေးကောင်းကောင်းကိုသုံးတဲ့အခါ အသားအရေလည်း ပိုကြည့်ကောင်းလာပြီး ၀က်ခြံတွေလည်း နဲသွားပါလိမ့်မယ်။

- နားတွေ နှာခေါင်းပေါက်တွေထဲက အမွှေးတွေထွက်နေရင်လည်း ကြည့်ရဆိုးတာမို့ ဂရုစိုက်ဖယ်ရှားပေးပါ။

- အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ Eye Cream သုံးတာအကောင်းဆုံးပဲနော်။ ဒါမှ အရေးအကြောင်းတွေစောစောဖြစ်လာတာကို ကာကွယ်နိုင်မှာလေ။ Eye Cream လိမ်းရင် အားအပျော့ဆုံးဖြစ်တဲ့ လက်သူကြွယ်နဲ့ လိမ်းပါ။ အားနဲ့ကြမ်းကြမ်းကြီးဖိလိမ်းရင် အရေးအကြောင်းတွေ ပိုပေါ်နိုင်တယ်လေ။

- အသားအရေကို တင်းရင်းသန့်စင်စေတဲ့ Toner ကို သုံးပေးဖို့လည်း မမေ့နဲ့နော်။

- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး မရိတ်ခင်မှာ ရေနွေးနဲ့ မျက်နှာသစ်ပါတဲ့။ အမွှေးထွက်တဲ့ ပုံစံအတိုင်းရိတ်ပေးပါ။ အရေပြားကိုတင်းနေအောင်ဆွဲပြီး မရိတ်ရဘူးနော်။ ချွတ်ထက်နေတဲ့ အမွှေးလေးတွေက မွှေးညှင်းပေါက်ထဲကို ပြန်ဝင်သွားပြီး အပြင်ကို ရှည်ထွက်မလာပဲ အထဲမှာပဲ ခွေပြီး ၀က်ခြံလိုအဖုတွေ ဖြစ်လာတတ်လို့ပါ။ ရိတ်ပြီးရင်တော့ ရေအေးနဲ့ပဲဆေးပါ။

- ရိတ်တဲ့အခါ ကပ်စီးနည်းပြီး ဓားတုံးတုံးကြီးကိုပဲ ထပ်တလဲလဲမသုံးနဲ့နော်။ အရေပြားကို ဒဏ်ဖြစ်စေတယ်လေ။ အလျှင်စလိုနဲ့ မြန်မြန်ရိတ်မိရင်လည်း ဓားရှနိုင်တာမို့ စိတ်မလောဘဲ ဖြည်းဖြည်းချင်းရိတ်ပါ။

- နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး ရိတ်ပြီးတဲ့အခါ အကုန်လုံးပြောင်ရဲ့လားဆိုတာ မှန်ထဲမှာ သေချာကြည့်ပါအုံး။ မရိတ်မိဘဲ ကျန်ခဲ့တဲ့အမွှေးတွေရှိရင် နှာခေါင်းရူံ့စရာဖြစ်လာနိုင်တယ်လေ။

- ယောကျာ်းလေးတော်တော်များများဟာ အဆီပြန်ပြီး ၀က်ခြံထွက်တတ်ကြတယ်။ အဲဒီအတွက် အသားအရေကိုရော အစားအသောက်တွေကိုရော သေချာဂရုစိုက်ဖို့လိုတယ်။

ဒါကတော့ သူငယ်ချင်းတို့အတွက် မျက်နှာပိုင်းဆိုင်ရာ အသားအရေထိန်းသိမ်းမှုအတွက်ပါ။ တကယ်က အားလုံးသိပြီးသားတွေပါပဲ။ ဒါပေမယ့် ဂရုမပြုမိတဲ့သူတွေကို သတိပေးတာပါ။ သူငယ်ချင်းလေးတွေ အမြဲလှပကျန်းမာပျော်ရွှင်ကြပါစေ....

 

Credit :

ဖိုးသူတော်

Source: အလှအပရေးရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18