Print

စနစ်တကျ မျက်နှာသစ်ဖို့

  30-Oct-2016
Preview Image

မျက်နှာသစ်တာပဲ စနစ်ကျ တာ၊ မကျတာလိုလို့လားလို့ ထင် ကောင်းထင်မိကြပါလိမ့်မယ်။ မျက်နှာသစ်နည်းမမှန်ရင် မျက်နှာ အရေပြားကို ထိခိုက်နိုင်တာမို့ မျက်နှာသစ်တဲ့အခါ လုပ်ဆောင် သင့်တာလေးတွေ မျှဝေပေးလိုက် ပါတယ်။

မျက်နှာသစ်တော့မယ်ဆို တာနဲ့ အရင်ဆုံးလုပ်ရမှာက လက် ဆေးဖို့ပါ။ အဲဒီလိုမလုပ်ဘူးဆိုရင် အညစ်အကြေးတွေနဲ့ ရောဂါပိုး တွေကို မျက်နှာဆီပို့လိုက်သလို ဖြစ်သွားပါတယ်။ မျက်နှာနဲ့ လက်နဲ့မထိတွေ့ခင်မှာလည်း ဆပ်ပြာ တွေပြောင်အောင်ဆေးကြောပစ် ဖို့လိုပြီး ဒါမှသာ ဆပ်ပြာက ဓာတု ဆေးတွေကြောင့် မျက်နှာအရေ ပြားယားယံတာမျိုး မဖြစ်မှာပါ။

မိတ်ကပ်လိမ်းထားမိရင် လည်း မျက်နှာမသစ်ခင် ဂွမ်းဖတ် လေးကို သံလွင်ဆီ၊ အုန်းဆီသုတ် ပြီး မိတ်ကပ်အရင်ဖျက်သင့်ပါ တယ်။ မျက်နှာခဏခဏသစ်ရင် မျက်နှာအရေပြားကို အစိုဓာတ် ထိန်းပေးတဲ့ ဆဲလ်တွေဖယ်ရှားသ လိုဖြစ်စေတာကြောင့် မနက်အိပ် ရာထချိန်နဲ့ ညအိပ်ရာဝင်ခါနီးနှစ် ကြိမ်လောက်ပဲ သစ်ပေးသင့်ပါ တယ်။

မျက်နှာသစ်ဖို့အတွက်ဆို ရင် အော်ဂဲနစ်ဆပ်ပြာဒါမှမဟုတ် အရေပြားနူးညံ့စေတဲ့ မျက်နှာသစ် ဆေးမျိုးရွေးချယ်သင့်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းချင် တယ်ဆိုရင်တော့ လာဗန်ဒါအဆီ လေး တစ်စက်နှစ်စက်လောက် ရေထဲထည့်ပြီး သစ်ပေးနိုင်ပါ တယ်။

ရေချိုး၊ ခေါင်းလျှော်တဲ့အခါ မှာလည်း ခေါင်းကိုသေချာသန့်စင်အောင်လျှော်ပြီးမှ မျက်နှာသစ် တာမျိုး လုပ်သင့်ပါတယ်။ တချို့ ခေါင်းလျှော်ရည်တွေနဲ့ ဆံပင်ပျော့ဆေးတွေမှာ ချွေးပေါက်ပိတ်စေပြီး အရေပြားယားယံ၊ ၀က်ခြံပေါက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါ၀င်နိုင်တာမို့ ခေါင်းသေချာလျှော်ပြီးမှ မျက်နှာသစ်သင့်ပါတယ်။ မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါမှာလည်း အမှတ်တံဆိပ်သာမက ပါ၀င်ပစ္စည်းတွေက ဘာတွေသုံးထားသလဲဆိုတာ စစ်ဖို့က အရေးအကြီးဆုံးပါပဲ။သဘာဝပစ္စည်းတွေနဲ့ပဲ ထုတ်ထားတဲ့ အလှကုန်မျိုးကိုတော့ ဦးစားပေးရွေးချယ်ရမှာပါ။

မျက်နှာပြင်ကို ကြမ်းကြမ်းတမ်းတမ်းကြေးချွတ်ဆေးကြောတာဟာ အရေပြားယားယံမှုဖြစ်စေတာကြောင့် ညင်ညင်သာသာ လေးနှိပ်နယ်ပွတ်သပ်ပြီး မျက်နှာ သစ်သင့်ပါတယ်။

မျက်နှာအရေပြားခြောက် သွေ့နေတုန်းမှာ မျက်နှာသစ်ဆေး တွေနဲ့ ပွတ်တာမျိုးရှောင်ရမှာဖြစ် ပြီး မျက်နှာသုတ်ပဝါဒါမှ မဟုတ် အဝတ်သန့်သန့်လေးနဲ့ မျက်နှာကို စိုစွတ်အောင်လုပ်ပြီးမှသာ သုံး သင့်ပါတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက မျက်နှာသုတ်တဲ့ အဝတ်တွေကို နှစ်ရက်ထက်ပိုပြီး မသုံးသင့်တဲ့အချက်ပါ။ မဟုတ် ရင်တော့ စိုထိုင်းထိုင်းနဲ့ ညစ်ပတ် ပြီး ရောဂါပိုးတွေ ကပ်နေနိုင်ကာ အရေပြားယားယံစေနိုင်လို့ ဖြစ်ပါ တယ်။

 

Ref;

ကျန်းမာရေး, ဗဟုသုတ, အလှအပ

ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18