Print

လက်အလှအတွက် သိကောင်းစရာ အဖြာဖြာ

  30-Oct-2016
Preview Image

လက်ချောင်းလေးတွေ လှုပ်ရှားဖို့ အတွက် ကြွက်သားပေါင်း ၃၄ ခုက အလုပ် လုပ်ပေးရ ပါတယ်။ အဓိက အဆစ်ပေါင်း ၂၉ ခုနဲ့ တခြား အရိုးအဆစ် အသေးစားတို့ပေါင်းစပ် ဖွဲ့စည်းထားတဲ့ လက်ချောင်းလေး တွေဟာ မိန်းမတွေရဲ့ အလှအပ တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကျန်းမာရေး အတွက်ရော၊ အလှအပ အတွက်ပါ အရာတင် စေတဲ့ အစိတ်အပိုင်းမို့ ဒီတစ်ပတ်မှာ လက်ချောင်းကနေ လက်မောင်း အထိဆန့်ပြီး လက်ကမ်းဖော်ပြ လိုက်ရပါတယ်။ လက်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဗဟုသုတလးတွေ တချို့ ရှိပါတယ်။ လက်ဖဝါးမှာရှိတဲ့ အရေပြားဟာ တခြား အရေပြား တွေထက် ထူးခြားပါတယ်။ အမွေး အမှင် လုံးဝမရှိပါဘူး။ လက်ဗွေရာရှိ ပါတယ်။ အကြမ်းခံနိုင်ပေမယ့်ထိ တွေ့ခံစားလွယ်ပါတယ်။ လက် ချောင်းရဲ့ နောက်ဘက်ခြမ်းက အရေးအကြောင်းတွေဟာ အမှန်တော့ ပါးချိုင့်တွေဖြစ်ပါတယ်။ လက်ဆစ် တွေပေါ်မှာရှိတဲ့ အရေးအကြောင်းဟာ လက်ဆစ်တွေ လှုပ် ရှားရင်ပိုပြီး များပြားလာလေ့ရှိပါ တယ်။

လက်အနံ့ မွှေးစေဖို့

ကြက်သွန်ဖြူ၊ အသားငါးစတဲ့ အကြောင်းအမျိုးမျိုးကြောင့် လက်ဟာ အနံ့ထွက်လေ့ ရှိပါတယ်။ အဲဒီ အခါမျိုးမှာ သွား တိုက်ဆေးယူပြီး လက်ကိုပွတ်ပေးပါ။ သွားတိုက်ဆေး ဟာ အနံ့ကိုနိုင်ပါတယ်။

လက်ချောမွေ့စေဖို့

သံပရာသီးတစ်လုံးကို ထက် ဝက် ဝက်ပြီး လက်ကိုပွတ်ပြီး နှိပ်ပေးပါ။ လက်သည်းတွေကို ကြံ့ ခိုင်စေရုံမျှမက အသား အရေကိုပါ နူးညံချောမွေ့စေပါတယ်။

လက်မောင်း အဆီကင်းစေဖို့

တွဲလွဲကျနေတဲ့ အဆီတွဲတွေကို ကိုယ်ကိုယ်တိုင် လက်ပြတ်ဝတ်ပြီး တကူးတကကြော်ငြာမိတဲ့ အဖြစ်မျိုးတွေက ကင်းဝေးရအောင် လက်ပြတ်အကျႌတွေဝတ်ရင် လက်မောင်းသားလေး လှပကြော့ရှင်းအချိုးအဆစ် ပြေပြစ်စေဖို့ နည်းကောင်းလေးပေး လိုပါတယ်။ လက်ပြတ်ဝတ်ဖို့ အရင်ဆုံး လက်မောင်းဟာ အသားအရေလှပဖို့ လိုအပ်သလို ကျစ်လစ်သွယ် လျဖို့လည်း လိုအပ်ပါတယ်။ နောက် ပြီး သန့်ရှင်းဖို့လည်း လိုအပ်ပါသေး တယ်။ အဆီရှိနေတဲ့ လက် မောင်းတွေအတွက် လေ့ကျင့်သင့်တဲ့ အားက စားနည်းတွေကတော့ ကြက်တောင် ရိုက်ကစားနည်း၊ ရေကူးခြင်းတို့ကို လိုက်စားပေးသင့်ပါတယ်။နောက်ပြီး လက်မောင်းကို အားစိုက်ပြီး လှုပ် ရှားရတဲ့အလုပ်တွေကို လုပ်ပေးရင် လည်း လက်မောင်း သားဟာ ကျစ်လစ်လာပါတယ်။ ဥပမာ-ငရုပ်ဆုံထောင်းတာတို့ ဖြစ်ပါတယ်။လက် မောင်းကိုလွဲပြီး လေ့ကျင့်တဲ့ လေ့ကျင့်ခန်းဟာလည်း လက်မောင်း သားကို ကျစ်လစ်စေပါတယ်။ တစ်ခါ လုပ်ရင် ရှစ်ကြိမ်ကနေ စပြီး တဖြည်း ဖြည်း အကြိမ်ရေ တိုးသွားပေးပါ။လက်မောင်းမှာရှိတဲ့ အမွေးအမှင်များ၊ ချိုင်းမွေး များကိုလည်း ရိတ်ထားပေးဖို့ လိုအပ် ပါတယ်။ အများစုဟာ လက်ပြတ်ဝတ်ပေမယ့် ချိုင်းမွေးကိုတော့ သေချာပြောင်အောင် ရိတ်လေ့မရှိပါဘူး။ အရမ်းအကြည့်ရဆိုးပါတယ်။ လက်မောင်းသားအပြင် တံ တောင်ဆစ်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ လက်ပြတ်၊ လက်တိုဝတ်တဲ့ အခါမှာ တံတောင်ဆစ်ဟာ ပေါ်လွင်နေတဲ့ အစိတ်အပိုင်းဖြစ်ပြီး မည်းနေပါက အမြင်မတင့်ပါဘူး။တံ တောင်ဆစ်မည်းနေရင် အပေါ်ပိုင်း ရုပ်ရည် ဘယ်လောက်ချောချော ပုရိသတွေအတွက် ဖီလင်အပီအပြင် လျှော့ကျ သွားတတ်ပါတယ်။ တံတောင်ဆစ်နေရာဟာ အလွယ်တကူ မည်းတတ်တဲ့နေရာဖြစ်လို့ Moisturizer လေး ပုံမှန်လိမ်းပေး သင့်ပါတယ်။

လက်အသားအရေထိန်းသိမ်းနည်း

လက်ဖမိုးပေါ်က အရေပြား ဟာ မျက်နှာပြင်ပေါ်က အရေပြား ထက်ပိုပြီး ပါးလျပါတယ်။ နောက်ပြီး အဆီကို လက် ဂျင်နဲ့ဆွဲဆန့်နိုင် စေတဲ့ ဖိုင်ဘာအမျှင်တွေဟာ ပိုပြီး နည်းပါတယ်။ အရေပြားပါးပါး လျလျဟာ နေရောင်ခြည်နဲ့ ထိတွေ့ ပါများလာတာနဲ့အမျှ အရေး အကြောင်းတွေ ဖြစ်တာ တခြား အစိတ်အပိုင်းတွေမှာ ဖြစ်တာထက် ပိုပြီးမြန်မြန် ဆန်ဆန် ပေါ်လာပါတယ်။ ဒါကြောင့် လက်အသားအရေကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ လက်အတွက် Moisturizer ကို တစ်နေ့ အနည်းဆုံး လေးကြိမ် လိမ်းပေးသင့်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာလိမ်း တဲ့ ခရင်(မ်)နဲ့လက်ကို အိပ်ရာမဝင် ခင်မှာလိမ်းပေးသင့်ပါတယ်။ ခြောက်သွေ့တဲ့ လက်ပိုင်ရှင်များ အတွက် ဆပ်ပြာနဲ့ ရေဆေးပြီးတိုင်း လက်ကိုရေစွတ်ပြီး ဆားနဲ့လက် ပေါ်လောင်း ပြီး ရေထဲမှာ လက်ကို ပွတ်ပေးပါ။ ပြီးမှ Moisturizer လေးလိမ်းပေးပါ။ လက်ကို သံလွင်ဆီပူပူလေးနဲ့ လိမ်းပြီးပွတ်ပေးပါ။ ငါးမိနစ် လောက် အခြောက်ခံထားပြီး ရေနွေး၊ ဆပ်ပြာနဲ့ ဆေးလိုက်ပါ။ ပိုပြီး ထိရောက်စေချင်တယ်ဆိုရင် တော့ တစ်ညသိပ်ပြီး မနက်ကျ တော့ ဆေးပေးပါ။ ဒါပေမဲ့ လက်ကို လက်အိတ်လေးတော့ ဝတ်ပြီးအိပ် သင့်ပါတယ်။ လက်ကို ပိုပြီး ဒီထက် ဂရုစိုက် ထိန်းသိမ်းချင်သေး တယ်ဆိုရင် နွားနို့ တစ်ဖန်ခွက်ရယ်၊ သံပရာရည် အနည်းငယ်ရယ်ရောပြီး သမအောင် မွှေပါ။ ပြီးတော့ လက်ကို လိမ်းပေး ပါ။ ဆယ်မိနစ် အခြောက်ခံထားပါ။ဒါပေမဲ့ ဒီနည်းကို အသုံးပြုတဲ့ အခါ မှာ လက်မှာ ထိခိုက်ရှရာရှိရင် အသုံး မပြုပါနဲ့။

လက်သန့်ရှင်းမှုသတိပြု

တံတောင်ဆစ်နဲ့ လက်ဖျားကြား မှာ ဘက်တီးရီးယားပေါင်း ၂-၁၀ သန်း ခိုအောင်းနေထိုင်နိုင်ပါတယ်။ အိမ်သာ ကနေ ထွက်လာတဲ့ အချိန် မှာ ပိုးတွေဟာ ၂ ဆတိတိပိုများ လာပြီး သုံးနာရီတိတိ လက်မှာ ရှင် သန်နေနိုင် ပါတယ်။ ဒီပိုးတွေ ဟာ နာရီ၊ လက်ကောက်

တွေမှာလည်း ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် လက်ကို ပိုးမွှားတွေ မကပ်ညိစေ ရအောင် အညစ်အကြေးကိုင်ပြီး တာနဲ့ ဆေးကြောပေးသင့်ပါတယ်။ အမှိုက်ရှင်းပြီးတဲ့အခါမျိုးမှာ လည်း လက်ကို ဆေးကြော ပေးသင့် ပါတယ်။

 

Credit:

လူဗိ်ုလ်ဟူသည်

Ref:8 Days

မေမွန်ကျော်

Saturday, January 14, 2012

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18