Print

လက်သည်းတွေကပြောပြတဲ့ကျန်းမာရေး

  29-Oct-2016
Preview Image

သင့်ရဲ့ကိုယ်ခနာ ကျန်းမာရေးအခြေအနေဟာ သင့်လက်သည်း ခြေသည်းတွေမှာ ထင်ဟပ်ပေါ် လွင်နေတယ် ဆိုတာကို သတိထားမိပါသလား။ လက်သည်းတစ်နေရာမှာ

ဖြူဖျော့လာတာ၊ ဟိုနေရာမှာ နီရဲလာတာ၊ ဒါမှမဟုတ် အစင်းရာတွေအချိုင့်တွေ ဖြစ်လာ

တာ၊ ရောင်ရမ်းတဲ့ အဖုတွေပေါ်လာတာဟာ ရောဂါတစ်ခုခုရဲ့လက္ခဏာ ဖြစ်နေနိုင်

တယ်။ အသည်း၊ အဆုတ်၊ နှလုံးရောဂါတွေဟာ လက်သည်းခြေသည်း တွေမှာ

ပြောင်းလဲမှုဖြစ်ပေါ်လာတတ်တယ်။ ဒါကြောင့် သင့်ကျန်းမာရေးအကြောင်း လက်သည်း

ခြေသည်းတွေက ဘာပြောနေသလဲဆိုတာ ကြည့်ရအောင်။

 

အရောင်ဖျော့လာတဲ့ လက်သည်း၊ ခြေသည်းများ

---------------------------------------------------

 

အသက်ကြီးလို့ အိုမင်းလာတဲ့အရွယ်မှာ လက်သည်းခြေသည်းတွေ အရောင်ဖျော့

လာတတ်တယ်။ ဒါ့အပြင် ရောဂါတွေမှာလည်း လက်သည်းခြေသည်းတွေ အရောင်ဖျော့

လာတတ်တယ်။ ဥပမာ သွေးအားနည်း ခြင်း၊ နှလုံးအားနည်းခြင်း၊ ဆီးချို၊ အသည်းရောဂါ

နဲ့ အဟာရချို့တဲ့ခြင်း စတာတွေပါ။

 

ဖြူလာတဲ့လက်သည်းများ

--------------------------

 

လက်သည်းလို့ရေးပေမယ့် ခြေသည်းတွေလည်းပါတယ်။ အသည်းရောင်တာလို အသည်းပြဿနာ တွေမှာ လက်သည်းတွေ ဖြူနေပြီး ဘေးနှုတ်ခမ်းမှာ မည်းနေတယ်။ လက်သည်းတွေပါ ၀ါနေတာတွေ့ရမယ်။ အသည်းရောင်လို့ အသားဝါနေတာဖြစ်ပါတယ်။

 

၀ါနေတဲ့ လက်သည်းခြေသည်းတွေ

--------------------------------------

 

လက်သည်းတွေ ၀ါလာတာဟာ ရောဂါတော်တော်များများမှာ ဖြစ်တတ်တယ်။ အဖြစ်များတာတစ်ခုက ခြေသည်းးလက်သညးပွေးပေါ့။ လက်သည်းမှာမှိုစွဲကပ်တဲ့ရောဂါ

ပါ။ ပိုဆိုးလာတဲ့အခါ လက်သည်းအခြေ ကျုံ့ဝင်ကာ လက်သည်းထူလာပြီး အဖတ်တွေ

ကွာတတ်တယ်။ အခြားရောဂါဖြစ်တဲ့ လည်ပင်းသိုင်းရွိုက် အကျိတ်ရောဂါနဲ့ ဆိုရီရေးစစ်ခေါ် အရေပြားရောဂါမှာလည်း လက်သည်းဝါတတ်တယ်။

 

လက်သည်းခြေသည်းများ ပြာလာတဲ့အခါ

--------------------------------------------

 

လက်သည်းတွေ ပြာနှမ်းလာတာဟာ သင့်ကိုယ်ခနာ အောက်ဆီဂျင်လုံလောက်စွာ မရရှိဘူးဆိုတာကို ပြနေတာပါ။ အဆုတ်မှာ ပိုးဝင်တဲ့အခါ၊ နမိုးနီးယားရောဂါစတာတွေ

ဟာ ဥပမာတွေပေါ့။

 

လက်သည်းတွေ ကြမ်းတမ်းလာတဲ့အခါ

------------------------------------------

 

လက်သည်းခြေသည်း မျက်နှာပြင်မှာ အစင်းတွေ၊ အပေါက်တွေ၊အချိုင့်တွေပေါ်

လာတတ်တယ်။ လက်သည်း ကြမ်းတမ်းလာတယ်။ ဒါဟာ အဆစ်အမြစ်ရောင်ရမ်းနာနဲ့ ဆိုရီရေးစစ်ရောဂါတွေရဲ့ အစပျိုး လက္ခဏာဖြစ်တတ်တယ်။ဆိုရီရေးစစ်ဆိုတာအသား

တတ်မြန်တဲ့ နာတာရှည်အရေပြားရောဂါ တစ်မျိုးဖြစ်ပြီး ဝေဒနာရှင်ရဲ့ ၁၀ မှ ၂၅ ရာခိုင်နှုန်းမှာ လက်သည်း လက္ခဏာတွေတွေ့ရတယ်။

 

လက်သည်းအက်ခြင်း၊ ကြွပ်ဆတ်ကျိုးခြင်း

-------------------------------------------

 

ခြောက်သွေ့ပြီး ကြွပ်ဆပ်လာတဲ့အခါ လက်သည်း၊ ခြေသည်းတွေဟာ အလွယ်တကူပဲ ကျိုးတတ်၊ အကါတတ်ခြင်း။ ဒီအခြေအနေဟာ လည်ပင်းသိုင်းရွိုက် အကျိတ်ရောဂါနဲ့ ဆက်စပ်နေတယ်။ ကျိုးပဲ့အက်ပြီး လက်သည်းမှာဝါနေတယ်ဆိုရင် မှိုစွဲကပ်တဲ့ လက်သည်းခြေသည်းပွေး ဖြစ်နိုင်ပါတယ်။

 

လက်သည်းပန်းကုံးရောင်နေတာ

-----------------------------------

 

လက်သည်းဘေးတစ်ဝိုက် အရေပြားနီရဲပြီး ဖောင်းနေရင် လက်သည်း

ပန်းကုံးရောင်တယ်လို့ခေါ်တယ်။ သွေးလေးဖက်နာခေါ် အဆစ်အမျက်ရောင်တဲ့ တွယ်ဆက်တစ်သျှူးရောဂါတွေရဲ့ သတိပြုစရာလက္ခဏာ ဖြစ်ပါတယ်။

 

လက်သည်းအောက်မှာ အမည်းစင်းတွေ

-------------------------------------------

 

လက်သည်းခြေသည်း အောက်ခြေမှာ အညိုအမည်းစင်းတွေ တွေ့လာပြီဆိုရင်တော့

သတိထားပေတော့။ အမြန်ဆုံးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရပါမယ်။လက်သည်းအောက်မှာ

ပေါ်လာတဲ့ မှဲ့ကင်ဆာဖြစ်နိုင်ခြေ ရှိလို့ပါ။ အသေအပျောက်များတဲ့ ကင်ဆာအမျိုးအစား

ဖြစ်တာကြောင့်မိုပါ။

 

ကိုက်ထားတဲ့လက်သည်းတွေ

--------------------------------

 

လက်သည်းကိုက်တာဟာ စွဲနေတဲ့အကျင့်တစ်ခုပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ စိုးရိမ်စိတ်လွန်ကဲ တဲ့ စိတ်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တတ်တယ်။ ဒါဆိုရင်ကုသမှုခံယူ

ဖို့လိုတယ်။ ကိစ္စတစ်ခုခုကို ထပ်ခါတလဲလဲဲလုပ်တတ်တဲ့ တုံပြန်အစွဲကြီးရောဂါမှလည်း လက်သည်းကိုက်တတ်တယ်။ ဒါကြောင့် မိမိဘာသာ လက်သည်းကိုက်တာ ရပ်လို့မရရင် ဆရာဝန်နဲ့ ဆွေးနွေးပြသဖို့လိုတယ်။

 

အထက်ပါပြောခဲ့သလိုပဲလက်သည်းခြေသည်း ပြောင်းလဲမှုတွေဟာ

ရောဂါအများကြီးမှာ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုအများစုဟာ အန္တရာယ်မရှိဘူး။ ဥပမာ အသည်းရောင် လက်သည်းဖြူ တတ်တယ် ဆိုပေမယ့် လက်သည်းဖြူတိုင်း အသည်းရောင်ရောဂါကတော့ မဟုတ်ဘူး။ ဒါကြောင့် သင့်လက်သည်း ခြေသည်းပြောင်း

လဲမှု ရှိလာခဲ့လို့ ကွဲပြားစေချင်ရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးပါ လို့ အကြံပြုပါရစေ။

 

Ref:

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကုဆရာဝန်)

Health For All magazine No.100, Pg.51-52, May.2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18