Print

၀က်ခြံပုန်းများအား အိမ်တွင်းကုသနည်းများ            

  29-Oct-2016
Preview Image

၀က်ခြံပုန်းတွေကို အိမ်မှာအလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အန္တရာယ်လည်းကင်းပြီး ပြုလုပ်ရလည်း လွယ်ကူစေမယ့် နည်းလမ်းတွေ ဖြစ်တာကြောင့်

ဖော်ပြပေးပါတယ်။ သင့်အတွက် လွယ်ကူမယ့်နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြည့်ပါ။

 

ပျားရည်နှင့်နွားနို့

------------------

 

ပျားရည်မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအာနိသင်တွေ ပါ၀င်ပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး နို့က ရေဓာတ်ကို ရရှိစေတာကြောင့်

နှစ်မျိုးပေါင်းလိုက်ရင် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။

 

လိုအပ်တာက

--------------

 

ပျားရာ်တစ်ဇွန်း၊ နို့တစ်ဇွန်းနဲ့ ဂွမ်းဖတ်လေးအနည်းငယ် လိုအပ်ပါတယ်။

 

ပြုလုပ်နည်း

-------------

 

ပျားရည်နဲ့ နို့ကိုရောပြီး ၁၀ စက္ကန့်အပူပေးပါ။ သငါခံနိုင်တဲ့ အပူချိန်လောက်ထိ ခဏအအေးခံထားပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဂွမ်းစကို အရည်ထဲစိမ်လိုက်ပြီး

ပြန်ဆယ်ယူလိုက်ကာ ၀က်ခြံတွေပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ မိနစ်၂၀ လောက်ထားပြီးမှ

ဖယ်ရှားကာ မျက်နှာသစ်လိုက်ပါ။

 

ကြက်ဥအကာ

---------------

 

အရေပြားအတွက် အာဟာရတွေပါ၀င်တဲ့ ကြက်ဥဟာ အရေပြားခြောက်သွေ့တာနဲ့ ၀က်ခြံပုန်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

 

ပြုလုပ်နည်း

------------

 

ကြက်ဥကို ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပြီး အနှစ်ကို သီးသန့်ဖယ်ထားလိုက်ပါ။ အကာကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး၊ အပေါ်ကနေ တစ်သျှူးကို ကပ်လိုက်ပါ။ တစ်သျှူးစပေါ်မှာ ကျန်သေးတဲ့ အကာတွေကို ထပ်သုတ်လိမ်းပါ။ လက်ချောင်းတွေနဲ့ မျက်နှာပေါ်မှာ သေချာကပ်အောင် ပွတ်သပ်ပေးပါ။ မျက်နှာပေါ်က တစ်သျှူးစ

ခြောက်သွားချိန်မှ ခွာလိုက်ပြီး ရေဆေးလိုက်ပါ။

 

သံပရာသီး

-----------

 

အရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး၊ အသားအရေလှပဖို့ လိုအပ်တဲ့ ဗီတာမင်စီလည်း ပါ၀င် တာကြောင့် သံပရာသီးဟာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။

 

လိုအပ်တာက

---------------

 

သံပရာသီးတစ်လုံး၊ ဂွမ်းဖတ်နှင့် ပုလင်းအသေးတစ်လုံး လိုပါတယ်။ ပြုလုပ်နည်း

သံပရာသီးတစ်လုံးကို အရည်ညှစ်ပြီး ၀က်ခြံပုန်းတွေပေါ်မှာ မိနစ် ၂၀ အတွင်းလေး၊ ငါးကြိမ်လောက် ပွတ်လိမ်းပေးပါ။ ပုလင်းထဲကို ကြက်သီးနွေးရည်ထည့်ပြီး မျက်နှာပေါ်မှာ လိမ်းကာ နှိပ်နယ်သလို ပြုလုပ်ပေး ပါ။ သံပရာရည် သောက်တာကလည်း တူညီတဲ့ အကျိုးကို ရရှိစေပါတယ်။

 

ချွေးထုတ်ခြင်း

---------------

 

မျက်နှာအဆိပ်ထုတ်တယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။

လိုအပ်တာက အိုးတစ်လုံး၊ ရေနဲ့ ပဝါပါးပါးတစ်ထည် လိုအပ်ပါတယ်။

 

ပြုလုပ်နည်း

------------

 

ဆူပွတ်နေသော ရေကို အိုးထဲထည့်တည်ထာပြီး၊ မီးငြိမ်လိုက်ပါ။ အငွေ့

ထွက်နေတဲ့ အိုးပေါ်က ပဝါပါး ကို အုပ်လိုက်ပြီး ပဝါပေါ်က ထွက်လာတဲ့ အငွေ့ကို မျက်နှာက ပေါင်းခံပါ။ ပေါင်းခံ မလုပ်ခင် မျက်နှာအရင် သစ်ထားလိုက်ပါ။

 

သကြားသုံးပါ

--------------

 

မျက်နှာပေါ်မှာ သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြား ခြောက်သွေ့မှု

ကင်းစင်ကာ အရေပြား အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပါတယ်။

 

လိုအပ်တာက

--------------

 

သကြားတစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်း လိုအပ်ပါတယ်။

 

ပြုလုပ်နည်း

------------

 

သင့်လက်ချောင်းထိပ်ကို သံလွင်ဆီအနည်းငယ်တို့လိုက်ပြီး နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီကို သကြား တစ်ဇွန်းနဲ့ ရောလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ဖွဖွလိမ်းပေးပါ။ ၀က်ခြံပုန်းနေရာတွေကို ပွတ်သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပြီး

ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။

 

Ref:

လမင်းလေး

Arogyam Magazine

No.272,Pg.109-110, March

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18