Print

ပျိုမေများ လှပတဲ့ခြေထောက် လှအောင် ဘယ်လိုဖန်တီးရယူကြမလဲ

  29-Oct-2016
Preview Image

အမျိုးသမီးများရဲ ့အလှအပတွေထဲမှာ ajခထောက်တစ်စုံရဲ့ လှပမှုလည်း

လိုနေပါသေးတယ်။ နီထွေးလှပနေတဲ့ ခြေထောက်တစ်စုံက ပိုးသားလေးလို

လှပနေမယ်ဆိုရင်တော့ ဘယ်လိုဖိနပ်မျိုးတွေပဲဝတ်ဝတ် ခြေဗလာနှင့်ပဲဖြစ်ဖြစ် ပုရိသတိုင်းကို ဆွဲဆောင်မှုရှိနေမှာပါပဲ။

 

လှပတဲ့ခြေထောက်တစ်စုံဖြစ်အောင်ပြု ပြင်နိုင်သောနည်းလမ်းများ

----------------------------------------------------------------------

အသားမာများကို ပုံမှန်ဖယ်ရှား

--------------------------------

 

ခြေထောက်အသားမာတွေတက်တယ်လို့ဆိုကြပါတယ်။ ဒါတွေကအရေပြားရဲ့

ဆဲလ်သေတွေ ဖြည်းဖြည်းများလာပြီး အချိန်ကြာကြာ ပွတ်တိုက်သန့်စင်မှုတွေ

မလုပ်တာကြောင့် အရေပြားတွေဟာ မာကျောလာရတာပါ။ ကြေးတွန်းမှုမရှိရင်ပဲဖြစ်ဖြစ်၊

ခြေဖနောင့်နှင့်ဖဝါးတွေကို ပုံမှန်ပွတ်တိုက်မှု မရှိရင်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရေချိုးချိန်မှာအချိန်ပေးပြီး ပွတ်တိုက်ပေးသင့်သလို ပွတ်တိုက်ချိန်မှာလည်း အစိုဓာတ်ကိုထိန်းတဲ့ ခရင်မ်တွေကို ချက်ချင်းလိမ်းပေးသင့်ပါသည်။

 

လက်သည်း၊ ခြေသည်းတွေက ကျမ်းမာအဟာရဖြစ်စေဖို့

------------------------------------------------------------

 

. လက်သည်း၊ခြေသည်းတွေကိုအထူးဂရုစိုက်ပြီသက်သောင့်သက်သာရှိစေတဲ့ ဖိနပ်မျိုးတွေစီးတာတောင် လက်သည်း၊ခြေသည်းတွေ ပျက်စီးနေမည်ဆိုရင်တော့

သင့်ရဲ့အစားအစာ စားသုံးမှုမှာ ပြသနာရှိနေတာ အမှန်ပါပဲ။ ဒီတော့ လိုအပ်နေတဲ့ ဗီတာမင်စီ၊ အီး၊ ဘီ၁၂၊ ဇင့်ဓာတ်တွေနှင့်အတူ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အသား၊ ငါး၊ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသင့်ပါတယ်။ အာလူးနဲ့

မုန်လာဥနီကိုလည်း ပါဝင်အောင် စားသင့်ပါတယ်။

 

ခြေဆစ်ရိုး

-----------

 

ခြေမနေရာကနေပြီး ခြေဆစ်ရိုးတွေဟာ တဖြည်းဖြည်းကြီးလာပြီး

ကားထွက်လာကာ ခြေချောင်းလေးတွေ ပုံစံပျက်တတ်ပါသည်။ ခြေမဘေးကခြေဆစ်ရိုးဖု

တဖြည်းဖြည်း ကြီးမလာစေဖို့ ဖိနပ်ဝတ်ဆင်ရာမှာ သင့်ခြေ ချောင်းတွေထက်

ကျယ်တာမျိုးကို ရွေးစီးသင့်ပါတယ်။ ခြေချောင်းထိပ်တွေ မကျယ်စေပါနှင့်။ နောက်

ဒေါက်မြင့်ဖိနပ်တွေကို မစီးသင့်ပါဘူး။ အခြေအနေရ လိုအပ်လာရင် ဆရာဝန်နှင့်

တိုင်ပင်သင့်ပါတယ်။

 

ခြေသည်းပုံမှန်ညှပ်ရန်

------------------------

 

ခြေစွယ်ငုပ်ကြတဲ့ အမျိုးသမီးတွေများအတွက်ပါ။ ဒါက ခြေသည်းရှည်

ထားတတ်ကြတဲ့ သူတွေဆိုရင် ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မိုခြေသည်းရှည်

ထားခြင်းထက် ပုံမှန်လှီးဖြတ်ပေးရင်တော့ ခြေစွယ်ငုပ်တာ သက်သာစေနိုင်ပါသည်။

ဒီလိုလှီးဖြတ်ရာမှလည်း ခြေသည်းထောင့်စွန်း နေရာတွေမှာ မကျန်ညှပ်သင့်ပါတယ်။

ဒါမှ နည်းနည်းပြန်ရှည်လာရင် ထောင့်စွန်းတွေက အသားထဲသွားစိုက်နေမှာပေါ့။

ခြေသည်းရှည်ထားသူဆိုရင် ကြေးမဝင်အောင် ဂရုစိုက်သင့်သလိုထောင့်စွန်းတွေ

လည်းညှပ်ပေးသင့်ပါတယ်။ နှစ်ပတ်ကြိမ် ခြေသည်းညှပ်သင့်သလို ချွန်မြနေတဲ့

ခြေသည်းမဖြစ်စေဖို့ သတိထားသင့်ပါတယ်။

 

ခြေသည်းဝါ၊ လက်သည်းဝါနေခြင်းကိုပြုပြင်

-----------------------------------------------

 

အရောင်ရောင်ရင့်ရင့်လက်သည်းဆိုးဆေးတွေကိုအချိန်ချိန်ကြာကြာအသုံးပြုခြင်း

ကြောင့် လက်သည်းခွံ၊ခြေသည်းခွံတွေဟာ ဝါနေတတ်ပါတယ်။ ဒါဆိုရင် ပြုပြင်ထိမ်းသိမ်း

ဖို့ အရမ်းလိုအပ်နေပါပြီ။လက်သည်းဖျက်ဆေးကို ဂွမ်းဖတ်မှာဆွတ်လိုက်ပြီး

ဆေးကြောသင့်ပါတယ်။ ပြီးရင် တံစဉ်းနဲ့ ပွတ်တိုက်ပေးပါ။ ခြေသည်းလက်သည်းတွေဟာ

ခြောက်သွေ့တတ်တာမို့ ရနံဂျယ်လီကို ခြေသည်း၊လက်နဲ့ ခြေချောင်း၊လက်ချောင်းလေး

တွေပေါ်မှာ လိမ်းပေးပါ။ လက်သည်းဆိုးဆေးကြောင့်ဝါတာဆိုရင်ခုနကနည်းလမ်း

တွေနှင့် ကာကွယ်နှိင်ပေမယ့် ပိုးဝင်သွားရင်တော့ နားလည်တတ်ကျွမ်းတဲ့

ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသဖို့လိုပါသည်။

 

ခြေထောက်တွေ အရေပြားစိုပြေဖို

------------------------------------

ရေဓာတ်ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို ခြေထောက်ကို ပွတ်တိုက်ပေးပါ။

ဘာလို့လည်းဆိုတော့ ခြေထောက်အရေပြားက တခြားအရေပြားတွေထက် ပိုမိုခြောက်သွေ့တတ်လို့ပါပဲ။ အခုလို ရေဓာတ်ကို ပုံမှန်ဖြည့်တင်းပေးရင်တော့

ခြေသည်းခွံပျက်စီးမှုကို ကာကွယ်ပေးပြီးသား ဖြစ်စေမှာပါ။

 

ခြောက်သွေ့မှုရှိစေချင်

------------------------

 

ခြေထောက်နှင့် ခြေချောင်းလေးတွေကြားမှာ ရေစိုနေတာမျိုးမရှိရင်

ကောင်းပါတယ်။ အမြဲတမ်းခြောက် သွေ့နေရပါမယ်။ ရေစိုနေသေးတဲ့ ခြေအိတ်တွေ၊ ဖိနပ်တွေကို မစီးမိပါစေနဲ့။ နောက်ပြီး ခြေစွပ်တွေကိုလည်း နေ့စဉ်လျှောဖွတ်ပြီးမှ သုံးသင့်ပါတယ်။ ခြေချောင်းတွေကြားထဲမှာ ရေရှိနေရင်၊ သဲရှိနေရင်တော့ ရေဝဲ၊ သဲဝဲတွေစားပြီး ခြေထောက်ကို ထိခိုက်စေမှာပါ။

 

ဖနောင့်အလှ

--------------

 

မိန်းခလေးတွေရဲ့ အလှကလည်းခြေသည်းအပြင် ဖနောင့်လည်းအပါအဝင်ပါ။ သန့်ရှင်းပြီး ချောမွေ့နီရဲနေတဲ့ ဖနောင့်က ဆွဲဆောင်မှုတွေ ရှိစေပါတယ်။ ဖနောင့်ကို

အသားမာတတ်တာမျိုးတွေ၊ ကွဲအက်တာမျိုးတွေမရှိပါစေနဲ့။ ဖိနပ်ကျပ်ကျပ်တွေ

တွေကြောင့်ထိခိုက်မိတာမျိုး မဖြစ်စေဖို့လိုပါတယ်။ ခြေထောက်ရဲ ့ ဖိအားကြောင့်

ခြေဖနောင့် နာကျင်ထိခိုက်မှု ရှိနေမယ်ဆိုရင်တော့ သင့်ခြေထောက်တွေဟာ လှပမှုမရှိသလို ယုံကြည့်မှုလည်း ရှိစေမှာမဟုတ်ပါဘူး။

 

အိမ်တွင်းမှာ ခြေထောက်လေးတွေသန့်စင်မယ်

--------------------------------------------------

 

(၁) ဇလုံအသေးလေးထဲကို ရေနွေး(ကြက်သီးနွေး) ကို အနည်းငယ်ထည့်မယ်။

ခြေထောက်လေးတွေ မြုတ်လောက်သည့် အထိပေါ့။

 

(၂) ဆပ်ပြာရည် နှစ်စက်သုံးစက်ခန့်ထည့်ပြီး အမြှုပ်တွေထတဲ့အထိ မွှေပါ။

 

(၃) အဲဒီနောက်မှာတော့ မိမိ၏ ခြေထောက်တစ်စုံကို ဇလုံထဲ အသာအယာထည့်ပြီး ၁ဝမိနစ်ခန့်ထားပေး ရပါသည်။

 

(၄) ပြီးရင်တော့ လက်ကိုင်ပဝါ အသေးစားလေးကို ရေစိမ်ပြီး ရေကုန်အောင်

ညှစ်ပေးလိုက်ပါ။ အဲဒါလက်ကိုင် ပဝါလေးနှင့်ခြေဖမိုး၊ ခြေချောင်းကြားထဲကို

သုပ်ပေးလိုက်ပါ။ အားလုံးသုပ်ပေးပြီးရင်တော့ အစိုဓာတ်ပါတဲ့ ခရင်မ်တစ်မျိုးကို

လိမ်းပေးသင့်ပါတယ်။

 

Ref:

ဘုန်နေလ - ဒဂုံတက္ကသိုလ်

Health For All Magazine

No.103 , p.44, August 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18