Print

၀က်ခြံတွေကပြောတဲ့ ကျန်းမာရေးအခြေအနေ

  29-Oct-2016
Preview Image

၀က်ခြံဆိုတာမျိုးဟာ လူတိုင်း မပေါက်ဖူးသူ မရှိတဲ့အရာဖြစ်ပြီး အရေးမကြီးဘူးလို့ ထင်ရပေမယ့် တစ်ခါတစ်ရံမှာတော့ခန္ဓာကိုယ်အတွင်းပိုင်း ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျက်နှာပေါ်မှာ ၀က်ခြံပေါက်တဲ့နေရာတွေကို မြေပုံတစ်ခု ဆွဲကြည့်မယ်ဆိုရင် ကျန်းမာရေးအခြေအနေတွေကို သိနိုင်တာမို့ မျှဝေပေးလိုက်ပါတယ်။ နဖူးမှာပေါက်ခြင်း ------------------- ၀က်ခြံနဖူးမှာပေါက်ပြီဆိုရင် အစာမကြေလို့(ဒါမှမဟုတ်) ရေဓာတ်မလုံလောက်လို့ ဆိုတာပြသတာပါ။ ဒီတော့က ရေများများသောက်ပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက် တွေကို ဖယ်ရှားသင့်နေပါပြီ။ မျက်ခုံးနှစ်ခုကြား(တီဇုန်)မှာပေါက်ခြင်း ------------------------------------------ နှာခေါင်းက အသည်းနဲ့ချိတ်ဆက်နေတာမို့ ဒီလိုနေရာမှာ ၀က်ခြံပေါက်ရင်တော့ အသည်းရောဂါ တစ်ခုခုရှိနေတတ်လို့ အရက်သောက်တတ်သူတွေ သတိထားရတော့ မှာပါ။ မျက်လုံးတစ်ဝိုက်ပေါက်ခြင်း ------------------------------ မျက်လုံးတစ်ဝိုက် အရေပြားဟာ ကျောက်ကပ်နဲ့ချိတ်ဆက်နေတာမို့ မျက်ကွင်းတွေညိုလာပြီး ၀က်ခြံတွေပါ ထွက်လာရင်တော့ ရေဓာတ်ကုန်ခန်းလို့ (ဒါမှမဟုတ်) ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်လို့ပဲလို့ မှတ်ယူရမှာပါ။ ပါးအပေါ်ဘက်မှာပေါက်ခြင်း ------------------------------- ပါးအပေါ်ဘက်ပိုင်းဟာ အဆုတ်နဲ့ ချိတ်ဆက်နေတာကြောင့် လေထုညစ်ညမ်းမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ဟန်းဆက်တွေနဲ့ မျက်နှာကို တစ်ချိန်လုံးထိနေတာကြောင့်သော်လည်းကောင်း၊ ခေါင်းအုံးတွေကို သန့်ရှင်းရေးမလုပ်ဘဲ သုံးစွဲနေတာကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။ ပါးအောက်မှာပေါက်ခြင်း ---------------------------- ဒါဆိုရင်တော့ သွားနဲ့ခံတွင်းသန့်ရှင်းမှု အားနည်းလို့ ဖြစ်နိုင်တာကြောင့် သွားပုံမှန်တိုက်ပြီး ခံတွင်းသန့်ရှင်းအောင် လုပ်သင့်ပါပြီ။ နှာခေါင်းမှာပေါက်ခြင်း ------------------------- နှာခေါင်းကတော့ နှလုံးနဲ့ ချိတ်ဆက်နေတာပါ။ သွေးဖိအားပုံမှန်ဖြစ်ပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် အားဖြည့်အချိုရည်သောက်တာနဲ့ အငန်စားတာတွေလျှော့ပြီး ဟင်းသီးဟင်းရွက် နဲ့ သစ်သီးများများစားပေးဖို့ လိုပါတယ်။ နားမှာပေါက်ခြင်း ------------------- နားတွေကလည်း ကျောက်ကပ်နဲ့ ချိတ်ဆက်နေပြီး ရေဓာတ်ကုန်ခန်းတဲ့ လက္ခဏာပြတာပါ။ ဆားလျှော့စားပြီး ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ မေးစေ့မှာပေါက်ခြင်း ----------------------- မေးစေ့ဟာ အူသေးနဲ့ ချိတ်ဆက်နေပြီး အစာစားသောက်ပုံ ပြောင်းလိုက်မယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။ ဆီ နဲနို့ ့ထွက်ပစ္စည်း စားတာတွေ လျှော့စားဖို့ လိုအပ်သလို အစာအိမ်၊ အူလမ်းကြောင်း ရှင်းလင်းနေစေပြီး အရေပြားကျန်းမာရေးပြဿနာတွေ ကင်းဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေသာ များများစားပါ။ Ref: wellnessbin Issue No.846 Friday, September 4, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18