Heart Attack ရခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ???
30-Oct-2016
Heart Attack ဖြစ်တဲ့ လူနာအတော်များများဟာ တစ်ယောက်တည်း ရှိနေချိန်မျိုးမှာ Heart Attack ရတာ များပါတယ်... Heart Attack ရကာနီး လူတစ်ယောက်ဟာ နှလုံးခုန်မမှန်မှုကြောင့် အားလျော့မူးဝေပြီး သတိလက်လွတ် ဖြစ်မသွားခင် ၁၀ စက္ကန့် လောက်သာ မိမိကိုယ်ကို ကယ်တင်ဖို့ အချိန်ရပါတယ်...
Heart Attack ကိုခံစားရတဲ့ လူနာအနေနဲ့ နှလုံးခုန် မူမမှန်မှုမျိုး၊ မူးလဲချင်သလို ခံစားရတာမျိုး ရှိတဲ့အခါ အဆက်မပြတ်နဲ့ ပြင်းပြင်းထန်ထန် ချောင်းဆိုးပေးရပါမယ်... ချောင်းမဆိုးခင်မှာ အသက်ကိုဝအောင်ရှူပြီး ချောင်းကို ဆက်တိုက်ကြာကြာ (သလိပ်ကပ်တဲ့အခါ သလိပ်ရအောင် ဆိုးသလိုမျိုး) ဆိုးရမှာ ဖြစ်ပြီး "အဟွတ်!!!!!!!!!!" ဆိုပြီး ချောင်းတစ်ချက်တည်းကို ရှည်ရှည်ဆွဲပြီး ဆိုးရမှာ ဖြစ်ပါတယ်...ဒီလို အသက်ရှူခြင်းနဲ့ ချောင်းဆိုးခြင်းကို ၂ စက္ကန့်ခြား တစ်ခါနှုန်းနဲ့ ကြားထဲမှာ လစ်ဟာချိန်မရှိစေဘဲ အကူအညီရောက်လာတဲ့ အချိန်အထိ (သို့) နှလုံးခုန် မူမှန်သွားတဲ့ အချိန်ထိ ပြုလုပ်ရမှာပါ... ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းတွေကို ပြောရရင် အသက်ပြင်းပြင်းရှူခြင်းက Oxygen ကို အဆုတ်တွေဆီ လုံလောက်စွာ ပို့ဆောင်ပေးနိုင်ပါတယ်... ချောင်းပြင်းပြင်းထန်ထန် ဆိုးခြင်းကတော့ နှလုံးရဲ့ညှစ်အားကို ကောင်းစေပြီး သွေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကူညီပေးသလို နှလုံးရဲ့ခုန်နှုန်း ပြန်လည်မှန်ကန်လာစေဖို့လည်း အထောက်အပံ့ပေးပါတယ်... ဒီလိုနည်းနဲ့ Heart Attack ခံစားရတဲ့ လူနာဟာ ဆေးရုံကိုရောက်တဲ့အထိ မိမိကိုယ်ကို သတိလက်လွတ်မဖြစ်သွားအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်...
ဒီစာလေးကို ဖတ်မိမှတ်မိလို့ပဲဖြစ်ဖြစ်၊ ဖတ်မိသူက မျှဝေပြောပြလို့ပဲဖြစ်ဖြစ် ဒီစာလေးကြောင့် အသက်တစ်ချောင်းပဲ ကယ်နိုင်တယ်ဆိုရင်တောင် အလွန်တန်တယ်လို့ ယူဆတဲ့အတွက် ရေးသားမျှဝေ ပေးလိုက်ပါတယ်... သင်လည်း သင့်ပတ်ဝန်းကျင်၊ သင့်မိသားစု၊ သင့်သူငယ်ချင်းတွေ အတွက် ဒီကျန်းမာရေး ဗဟုသုတလေးကို ကူညီမျှဝေပေးပါလို့ တိုက်တွန်းရင်း...
ကြယ်မင်းတာယာ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

