Print

Hypotension သွေးပေါင်ကျခြင်း၏ လက္ခဏာများ

  30-Oct-2016
Preview Image

သွေးပေါင်ကျခြင်းဆိုတာဟာ ပုံမှန်ထက် သွေးဖိအား လျော့နည်းနေခြင်း ဖြစ်ပါတယ်။သွေးပေါင်ကျတယ်လို့ ပြောနိုင်ဖို့ရာအတွက် သတ်မှတ်ချက်က လူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ယေဘုယျအားဖြင့် အပေါ် သွေးဖိအား 90mm/Hg အောက်မှာရှိရင် သွေးပေါင်ကျတယ်လို့ စဉ်းစားနိုင်ပါတယ်။

သာမန်ထက် သွေးပေါင်အနည်းငယ်နိမ့်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သွေးပေါင် အလွန်အမင်း လျော့ကျ နေရင် အားနည်းတာ၊မူးဝေတာနဲ့ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

သွေးတိုးတာနဲ့ မတူတဲ့ အချက်က သွေးတိုးတဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းပြီး ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိပါတယ်။ သွေးပေါင်ကျတဲ့အခါမှာတော့ လက္ခဏာတွေကို လွယ်လွယ်ကူကူ သိရှိ နိုင်ပါတယ်။

သွေးပေါင်ကျနေတဲ့ လူတစ်ယောက်ဟာ ဦးခေါင်းချာချာလည်နေသလို စတင်ခံစားရပြီး မူးဝေနေပါလိမ့်မယ်။

သွေးပေါင်ကျနေရင် ရုတ်တရက်မူးမေ့မလိုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ရုတ်တရက်လျော့နည်းသွားတဲ့အတွက် ဖြစ်တာပါ။

သွေးပေါင်ကျနေတဲ့လူနာတွေဟာ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတွေ ဖြစ်နိုင်

ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းမရှိတာ၊ စိတ်ရှုပ်တာနဲ့ စိုးရိမ်ပူပန် တာတွေ ဖြစ်တတ်

သွေးပေါင်ကျနေစဉ်အတွင်း အသက်ရှူတာမြန်ပြီး တိမ်နေတတ်ပါတယ်။

 

မတ်တတ်ရပ်စဉ် သွေးပေါင်ကျခြင်း၏ လက္ခဏာများ

မတ်တတ်ရပ်စဉ်မှာ သွေးပေါင်ကျခြင်း (Orthostatic Hypotension) ဟာ အဖြစ်

များပါတယ်။ လက္ခဏာတွေကတော့ အချိန်ကြာကြာထိုင်ပြီး ဒါမှမဟုတ် လဲလျောင်း

နေပြီးနောက် မတ်တတ်ရပ်လိုက်တဲ့အခါ စက္ကန့်အနည်းငယ်အတွင်း မတ်တတ်

မရပ်နိုင်တော့ဘဲ မူးမေ့မလို ဖြစ်သွားတတ်တာပါ။

 

  • Orthostatic Hypotension ရဲ့ တခြားလက္ခဏာတွေကတော့ မူးဝေတာ ဒါမှမဟုတ် ရီတီတီဖြစ်တာပါ။ စဖြစ်ဖြစ်ချင်းမှာ ခေါင်းကလည်နေသလို ခံစားရပြီး မူးနောက်နောက်နဲ့ မကြည်မလင်ခံစားနေရတတ်ပါတယ်.

 

  • Orthostatic Hypotension ဟာ အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မတ်တတ်ရပ်လိုက်တဲ့အခါ သွေးကျတာကို ခံစားရသူတွေမှာ အမြင်အာရုံမကြည်လင်ဘဲ မှုန်ဝါးဝါးဖြစ်နေပြီး မျက်စိရှေ့မှာ တစ်ခုခုကာထားသလို ခံစားရနိုင်ပါတယ်။

 

  • သွေးပေါင်ကျတဲ့ လူနာဟာ ပြင်းပြင်းထန်ထန် စိတ်ရှုပ်ထွေးနေနိုင်ပြီး မစဉ်းစားနိုင်

ဘဲ ဖြစ်နေတတ်ပါတယ်။ သွေးတွေကို ဦးနှောက်ဆီကို မှန်မှန်နဲ့ ထိထိရောက်ရောက် မပို့နိုင်တဲ့အတွက် ဦးနှောက်ရဲ့ လုပ်ဆောင်မှု မမှန်ကန်တော့ဘဲ စိတ်ရှုပ်ထွေးစေတာ

 

  • မတ်တတ်ရပ်စဉ် သွေးပေါင်ကျတဲ့အခါ အများဆုံးခံစားရတတ်တဲ့လက္ခဏာတစ်ခုကတော့

အားနည်းသွားသလို ခံစားရတာပါ။ လူနာဟာ မတ်တတ်ရပ် ဖို့တောင် အားမရှိတော့သလို ခံစားရတတ််််ပါတယ်။

 

  • ပြင်းထန်သော သွေးပေါင်ကျခြင်း၏လက္ခဏာများ• ပြင်းပြင်းထန်ထန်း သွေးပေါင်ကျတဲ့ လက္ခဏာတွေက ရှော့ခ်ရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

 

  • သွေးပမာဏာလျော့နည်းခြင်း ဒါမှမဟုတ် နှလုံးမှာ သွေးညှစ်ထုတ်နိုင်စွမ်းလျော့နည်း

သွားခြင်းကြောင့် ရှော့ခ်ရရင် အရေပြားဟာ အေးပြီး ချွေးစေးပြန်နေနိုင်ပါတယ်။

 

  • ရှော့ခ်ရတဲ့အခါ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ

ကို သွေးရောက်ရှိမှု လျော့နည်းသွားပါတယ်။ ဒီအခါ အိပ်ငိုက်ခြင်း၊ ရီတီတီဖြစ်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကို ခံစားရတတ်ပါတယ်။

 

  • ရှော့ခ်ရတဲ့အခါ အရေပြားဟာ ဖျော့တော့ပြီး အပြာရောင်သန်းနေနိုင်ပါတယ်။

 

  • ရှော့ခ်ရခြင်းကြောင့် သွေးပေါင်ကျရင် သွေးခုန်နှုန်းအားနည်းနေပါမယ်။ ဒါမှမဟုတ်

မြန်နေပါမယ်။ နှလုံးက သွေးညှစ်ထုတ်မှု လျော့နည်းသွားခြင်း ကြောင့် ရှော့ခ်ရတဲ့ လူနာတွေမှာတော့ သွေးခုန်နှုန်းက နှေးနေနိုင်ပါတယ်။ တခြားသူတွေမှာတော့

နှလုံးခုန်နှုန်းမြန်ပြီး သွေးခုန်နှုန်း မြန်နေပါမယ်။

 

  • ရှော့ခ်ရတဲ့လူနာဟာ အသက်ရှူမြန်လာပါမယ်။ ခက်ခက်ခဲခဲမောမောပန်းပန်း အသက်ရှူရပါမယ်။

 

Ref : Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18