Print

ဓာတ်မတည့်ခြင်း

  23-Apr-2020
Preview Image

          အနောက်နိုင်ငံများတွင် လူ ၃ ယောက်လျှင် ၁ ယောက်သည် အစားအစာနှင့် ပတ်သက်၍ ဓာတ်မတည့်မှုဖြစ်နိုင်သည်။ ဓာတ်မတည့်မှုများသည် ပြင်ပမှ လာသောပိုးသတ်ဆေးများ၊ အစာထဲတွင် ဖြည့်စွက်သည့် ပစ္စည်းများ၊ ဆိုးဆေးများ၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရေမွှေးများ၊ တိရိစ္ဆာန်အမွှေး၊ အပင်တွေမှရတဲ့ ဝတ်မှုန်များ စသဖြင့် အမျိုးမျိုးရှိကြသည်။ ယနေ့အချိန်တွင် အစားအသောက်တွေထဲ၌ ဖြည့်စွက်ထည့်ပေးသောပစ္စည်း (Food Additures) ၃၅၀၀ လောက်ရှိပြီး သာမန်လူတစ်ယောက်တွင် တစ်နှစ်လျှင် ထိုပစ္စည်းတွေကို (၆)ကီလိုလောက်စားနေကြသည်။ ရောဂါလက္ခဏာအနေနှင့်လည်း စိတ်ဖိစီးမှုများလာတဲ့အခါ Food Additures များ အဆိပ်အတောက်ဖြစ်လောက်အောင် စုပုံလာတဲ့အခါမှာ ဓာတ်မတည့်တဲ့ရောဂါလက္ခဏာဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ၌ စားသောက်တဲ့ အစားအစာတွေထဲမှာ ပါလာတဲ့ ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်က တစ်ပိုင်းတစ်စသာ ခြေဖျက်ပြီး တချို့ကို ခန္ဓာကိုယ်က ခုခံတိုက်ခိုက်သည့်အခါတွင် ဓာတ်မတည့်သည့် လက္ခဏာများ ပေါ်ပေါက်လာရသည်။


ရှောင်ကြဉ်သင့်သည့် အစားအစာများ

-       ဥများ၊ နွားမှရသော နို့ထွက်ပစ္စည်းများ၊ ဂျုံစေ့၊ ပြောင်းဖူးနှင့် ပဲပုပ်စေ့တို့သည် ဓာတ်မတည့်မှုအများဆုံး ဖြစ်နိုင်သည်။

-       အစားအစာများတွင် ဖြည့်စွက်ပစ္စည်းများ

-       ကဖင်း၊ မြေပဲစေ့၊ ချောကလက်၊ အမဲသား၊ တဆေးနှင့် ပုစွန်၊ ကဏန်း၊ ခရု၊ မုတ်ကောင်၊ ယောက်သွား စသည့်အခွံမာရှိသည့် ရေသတ္တဝါများ၊

-       ဓာတ်မတည့်မှု ဆိုးဝါးသည့် အခြေအနေများတွင် စမ်းသပ်စစ်ဆေးသင့်ပါသည်။


စမ်းသောက်သင့်သည့် အစားအစာများ

-       မိမိနှင့်မတည့်သော အစားအစာများကို သိထားသင့်သည်။

-       ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥတို့ စားပါ။

-       နှမ်းကြတ်ဆီ၊ နေကြာစေ့ဆီ၊ သံလွင်ဆီများကို သုံးပါ။

-       သင်္ဘောသီးတွင် အစာခြေအင်ဇိုင်းများ ပါရှိသည်။

-       ဒိန်ချဉ်စားပါ။

-       ဂေါ်ဖီထုပ်အရည်တွင် L - gluta - mine ပါ၍ အူလမ်းကြောင်းကောင်းမွန်စေသည်။

-       နွယ်ချိုလက်ဖက်ရည်၊ nestle tea သောက်ပေးပါ။



အသုံးပြုသင့်သော ကုသမှု

-       နေ့စဉ် အစာစားပြီး Acidophilus, Bifidus ပါသော ဆေးတောင့် (၂) တောင့် စားပေးပါ။

-       ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ နှင့် မင်းဂနီးစ်ပါသော အားဆေးစားပါ။

-       စာလီမာရင်း၊ အမိုင်နိုအက်စစ်နှင့် ဗီတာမင်ဘီတို့ကို စားပါ။

-       အရည်အသွေးကောင်းသော ဗီတာမင်နှင့် သတ္ထုဓာတ်တို့ကို စားပါ။

-       အရည်အသွေးကောင်းသော ဗီတာမင်နှင့် သတ္ထုဓာတ်ပါသော အားဆေးကို မှီဝဲရန်။

Credit : Health Tips



Related Articles


Advertisment 18