Print

ဓာတ်လိုုက် ပြီးနှလုံုး ရပ်တဲ့အခါ

  30-Oct-2016
Preview Image

အခုုတလော မြန်မာပြည်မှာ ဓာတ်လိုုက်ပြီး သေဆုံုးကြရတဲ့ အကြောင်းတွေတော်တော်လေး ကြားရပါတယ်။ဓာတ်လိုုက်လိုု့ သေဆုံုးတဲ့အခါမှာ Ventricular fibrillation ဆိုုတဲ့ မူမမှန်တဲ့ နှလုံုးခုုန်မှုကြောင့် နှလုံုးတဆတ်ဆတ်တုုန်ပြီး မညှစ်နိုုင်လိုု့ သေဆုံုးကြရတာ များပါတယ်။ နှလုံုးက မညှစ်နိုုင်တော့တဲ့အခါမှာ ဦးဏှောက်ကိုု သွေးမရောက်နိုုင်တော့ပဲ သတိလစ်ပြီး သေဆုံုးကြတာ ဖြစ်ပါတယ်။

၁။ ပထမ အရေးအကြီးဆုံုးအချက်ကတော့ ဓာတ်လိုုက်ပြီဆိုုရင်် လျှပ်စစ်မီးခလုုပ်ကိုုပိတ်ဖိုု့ အရေးအကြီးဆုံုးပါပဲ။ အိမ်မှာဖြစ်ရင်တော့ မိန်းခလုုပ်ကိုု ပိတ်ရပါမယ်။ သူများကိုုကယ်ဆယ်သူအနေနဲ့ မိမိကိုုယ်ကိုုယ်အန္တရာယ်ကင်းအောင် သေချာ ကြည့်ကိုု ကြည့်ရပါမယ်။လမ်းမပေါ်က ဓာတ်ကြိုးဆိုုရင်တော့ ဗိုု့အားပုုိများပြီး အန္တရာာယ်က ပိုုကြီးပါတယ်။ သက်ဆိုုင်ရာကိုု အရေးပေါ်ဖုုန်းဆက်ပြီး ရပ်ကွက်အပိုုင်းအလိုုက် မီးဖြတ်တာတွေကိုု တာဝန်ရှိသူတွေအနေနဲ့ လုုပ်နိုုင်ပါတယ်။

၂။ လူနာကိုု ဘေးကင်းတဲ့နေရာကိုု အမြန်ပိုု့ပါ။ လက်ဗလာနဲ့မဟုုတ်ပဲ ရာဘာဘိနပ်နဲ့ ရာဘာလက်အိပ်အရှည်တွေကတော့ ကယ်ဆယ်သူကိုု အန္တရာယ်နည်းစေနိုုင်ပါတယ်။ရေမစိုုတဲ့ ပလပ်စတစ်စားပွဲခင်း ရှိရင်လည်း လူနာကိုုပတ်ပြီး ကယ်နိုုင်ပါတယ်။ တိုုက်ရိုုက်တော့ မထိပါစေနဲ့။

၃။ အရေးပေါ်အသက်ကယ်ယာဉ်ကိုု အမြန် ခေါ်ရပါမယ်။ နှလုံုးရပ်တဲ့သူအတွက် Defibrillator နှလုံုးနှိုးစက်ကိုု အရေးပေါ် လိုုပါတယ်။

၄။ တတ်နိုုင်သမျှ ဘေးကလူတွေရဲ ့အကူအညီကိုု ယူသင့်ပါတယ်။ လူနာကိုု ဘေးကင်းရာ သယ်ပြီးသွားဖိုု့၊ အရေးပေါ်ကားခေါ်ဖိုု့၊ လျှပ်စစ်ဌာနကိုု ဆက်သွယ်ဖိုု့စသဖြင့် လုုပ်စရာရှိတာတွေကိုု လုုပ်ဖိုု့ကတော့ လူအများလိုုပါတယ်။ ဒီနေရာမှာ မိုုဘိုုင်းလ်ဖုုန်းတွေက အသုံုးကျပါတယ်။ တကယ်အလုုပ်လုုပ်တဲ့ အရေးပေါ်ဖုုန်းနံပါတ်တွေကိုု အလွယ်တကူရဖိုု့လည်း အရေးကြီးပါတယ်။ လျှပ်စစ်ဌာနအနေနဲ့လည်း အရေးပေါ် ၂၄ နာရီ ဆက်သွယ်လိုု့ရတဲ့ ဖုုန်းနံပါတ်တွေကိုု လူအများသိအောင် လုုပ်ထားသင့်ပါတယ်။

၅။ လူနာကိုု လက်ဗလာနဲ့ မဟုုတ်ပဲ အန္တရာယ်ကင်းအောက် လုုပ်ပြီးရင်တော့ အရေးပေါ် အသက်ကယ်မှုကိုု လုုပ်ရပါမယ်။

၆။ လူနာအသက်ရှုသလား၊ သွေးကြော စမ်းလိုု့ရသလား၊ သတိရနေသလား ကြည့်ရပါမယ်။လိုုအပ်ရင် ရှေးဦး သူနာပြုနည်းနဲ့ လူနာကိုု စောင့်ရှောက်ရပါမယ်။

၇။ လူနာက သတိလစ်ပြီး အသက်မရှု၊ သွေးလည်း မလျှောက်တော့ဘူးဆိုုရင်တော့ အရေးပေါ် နှလုံုးနဲ့အသက်ရှုအရေးပေါ်ကုုသမှုကိုု စလုုပ်ရပါမယ်။ နှလုံုးကိုု အကြိမ် ၃၀ ဖိပြီးတိုုင်း အသက်ရှူ ၂ ခါ မှုတ်ပေးရပါမယ်။

၈။ ခြေထောက်ကိုု အပေါ်မြှောက်ထားပေးခြင်းနဲ့ သွေးပေါင်ကျခြင်းကိုု သက်သာစေနိုုင်ပါတယ်။ ထိုုင်ခုုံတလုံုးကိုု လှန်ပြီးတော့ ခြေထောက်ကိုု တင်ထားနိုုင်ပါတယ်။

၉။ လူနာမှာ ဓာတ်လိုုက်လိုု့ မီးလောင်၊ ဒဏ်ရာရထားရင် သန့်ရှင်းရေးလုုပ်ပြီး အဝတ်သန့်သန့်နဲ့ အုုပ်ထားပေးပါ။၁၀)လူနာ ကောင်းကောင်းသတိရလာတဲ့အထိ လူနာကိုု အစားအစာ မကျွေးသင့်ပါဘူး။လူနာ သတိရလာပြီးရင်တော့ ကောင်းတဲ့ အချက်ပါပဲ။ သတိကောင်းကောင်းရလာရင်တောင်ဆေးရုံုကိုု ပိုု့သင့်ပါတယ်။တချို့နိုုင်ငံတွေမှာတော့ ဓာတ်လိုုက်ရင် အလိုုအလျှောက် မီးပိတ်စေတဲ့ Circuit Breaker တွေကိုု အိမ်တွေ၊ အဆောက်အဦးတွေမှာ မထည့်မနေရ ဥပဒေနဲ့ ထည့်ထားရပါတယ်။ အစိုုးရတိုုင်းဟာ ပြည်သူလူထုုအတွက် အသက်အန္တရာယ်ကိုု ကာကွယ်ပေးရပါတယ်။ တိုုးတက်တဲ့နိုုင်ငံတွေမှာတော့ ဥပဒေနဲ့အညီလုုပ်ကြတော့ လူတွေရဲ ့ အသက်ကိုု ကာကွယ်နိုုင်ပါတယ်။ မလုုပ်ရင်လည်း တရားစွဲခံရပါတယ်။ သက်ဆိုုင်ရာ တာဝန်ရှိသူတွေလည်း အရေးယူခံရတာတွေ၊ ၀န်ကြီးတွေ နှုတ်ထွက်ပေးရတာတွေအထိကိုု ရှိပါတယ်။ လူအများ ဓာတ်လိုုက်ခြင်းအန္တရာယ်ကနေ ကင်းဝေးကြ

 

Credit: မြန်မာနှလုံုးဖောင်ဒေးရှင်

Myawady Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18