Print

အတက်ဝေဒနာအကြောင်းသိကောင်းစရာ

  27-Feb-2020
Preview Image

          တက်တယ်ဆိုတဲ့အခြေအနေမှာ ခေတ္တခဏတက်ခြင်း၊ အရပ်ထဲမှာ ခေါ်ကြတဲ့ ဝက်ရူးပြန်ရောဂါကြောင့်တက်ခြင်း (Epilepsy) (အမည်အရသာ ဝက်ရူးပြန်ဟုခေါ်သော်လည်း ဝက်နှင့်မပတ်သက်သော အတက်ရောဂါတစ်မျိုးဖြစ်ပါသည်။)

တက်ရခြင်းအကြောင်းရင်းတွေ များစွာရှိပါတယ်။

၁။ သွေးတွင်း ဆိုဒီယမ် (သို့) ဂလူးကို့စ်ဓာတ်ပမာဏ ပုံမှန်မဟုတ်ခြင်း

၂။ ဦးနှောက်ပိုးဝင်ခြင်း (ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း)

၃။ မွေးဖွားစဉ် ကလေးဦးခေါင်းထိခိုက်မိခြင်း

၄။ မူးယစ်ဆေးစွဲခြင်း

၅။ ဓာတ်လိုက်ခြင်း

၆။ သွေးပေါင်ချိန်အလွန်အမင်းမြင့်တက်ခြင်း

၇။ ဖျားခြင်း (ကိုယ်ပူကြီးခြင်း)

၈။ ခေါင်းထိခိုက်မိခြင်း

၉။ ကျောက်ကပ် (သို့) အသည်းပျက်စီးခြင်း

၁၀။ သွေးတွင်းဂလူးကို့စ်ကျဆင်းခြင်း

၁၁။ လေဖြတ်ခြင်း



          ဘယ်လိုအကြောင်းကြောင့်ပဲ တက်တက်ဖြစ်လာတဲ့ လက္ခဏာတွေဟာ တက်နေတဲ့လက္ခဏာသိထားဖို့က ပိုအရေးကြီးပါတယ်။

၁။ ပုံမှန် အသိစိတ်လွတ်သွားခြင်း (သို့) သတိမေ့သွားခြင်း ၊ ထို့နောက် စိတ်အာရုံဝေဝါးခြင်း

၂။ ထိန်းချုပ်မရ ကြွက်သားများ တွန့်တုန်ခြင်း

၃။ ပါးစပ်မှ သွားရည်များ တံတွေး အမြှုပ်များ ထွက်ကျခြင်း

၄။ ရပ်နေရာမှ ပြုတ်ကျပြီးလဲခြင်း

၅။ အံကြိတ်ခြင်း၊ သွားစေ့ထားခြင်း

၆။ လျှာကိုက်မိခြင်း

၇။ ရုတ်တရက် မျက်လုံး ရွေ့လျားမှု မြန်ဆန်ခြင်း

၈။ ပုံမှန်ထွက်လေ့မရှိသော ဆူညံသံများ ပြုခြင်း (ဥပမာ - ကြိမ်းမောင်းသံပြုခြင်း)

၉။ ဆီး၊ ဝမ်းမထိန်းနိုင်ထွက်ကျခြင်း

၁၀။ စိတ်အခြေအနေ ရုတ်တရက် ပြောင်းသွားခြင်းများဟာ တက်နေစဉ် ဖြစ်တတ်တဲ့ လက္ခဏာများ ဖြစ်ပါတယ်။

ဒီလိုတက်လေ့ရှိတဲ့သူတွေမှာ မတက်ခင် ရှေ့ပြေးလက္ခဏာတွေ ပြတတ်ပါတယ်။

၁။ ရုတ်တရက် ကြောက်သလိုလို (သို့) စိတ်ပူပန်သလို ခံစားလာရခြင်း

၂။ ဗိုက်အောင့်သလို ခံစားရခြင်း

၃။ မူးဝေလာခြင်း

၄။ လက်မောင်းနှစ်ဖက်၊ ခြေထောက်နှစ်ချောင်းဆတ်ခနဲ ဆတ်ခနဲ လှုပ်လာခြင်း၊ ပစ္စည်းကိုင်မရ ပြုတ်ကျခြင်း

၅။ ခန္ဓာကိုယ်မှာ အာရုံခံစားမရတော့ခြင်း

၆။ ခေါင်းကိုက်ခြင်း စတဲ့ ရှေ့ပြေးလက္ခဏာများကို သတိပြုမိဖို့ လိုပါတယ်။


တစ်ဦးတစ်ယောက် တက်နေပြီဆိုရင် ဘယ်လိုကူညီသင့်ပါသလဲ။

          တက်နေတဲ့သူနားတစ်ဝိုက်ကို ရှင်းလင်းလိုက်ပါ။ ထိခိုက်မိတာတွေကို ကာကွယ်နိုင်ပါတယ်။

တက်နေတဲ့သူကို ဘေးစောင်းထားပြီး ခေါင်းအောက်မှာ အဝတ်တစ်ခုခုခံထားပေးပါ။ တက်နေတဲ့သူကို အောက်ပါ အခြေအနေတွေ ကြုံရပြီဆိုရင် ဆေးရုံအရေးပေါ်ဌာနကို ဖုန်းဆက်ခေါ်ပါ။ (သို့) ဆေးရုံပို့ပေးပါ။

၁။ တက်နေတာ ၃ မိနစ်နဲ့အထက်ကြာနေပြီဆိုရင်

၂။ တက်နေတာ ပြီးသွားတာတောင် သတိပြန်မရတဲ့အခါ

၃။ တက်လိုက် ပြန်ငြိမ်လိုက် ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုရင်

၄။ တက်နေတဲ့သူဟာ ကိုယ်ဝန်ဆောင်ဖြစ်နေရင်

၅။ တစ်ခါမှ မတက်ဖူးတဲ့သူတက်နေတယ်ဆိုရင်

-       မတ်တပ်ရပ်နေတဲ့သူ တက်သွားရင် လဲမကျအောင် ထိန်းပေးပါ။ ကြမ်းပေါ်အသာလှဲချပေးပြီး ဘေးစောင်းထားပေးပါ။

-       ပါးစပ်ထဲကို ဘာမှ ထိုးမတည့်ရပါ။

-       တက်နေတဲ့သူကို အတင်းချုပ်မထားရပါ။

Credit : ဒေါက်တာ ခင်မိုးမိုးအောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18