Print

တက်ခြင်း

  10-Nov-2019
Preview Image

          ဦးနှောက်၏ လုပ်ငန်းများ ချို့ယွင်းမှုကြောင့် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ်ရှိ ကြွက်သားများ ဆွဲငင်တုန်လှုပ်ခြင်းသည် တက်ခြင်းပင်ဖြစ်ပါသည်။


တက်ခြင်း၏ အကြောင်းအရင်းများ

တက်ခြင်းကို ဖြစ်တတ်သော အကြောင်းရင်းများကို သိရှိရန်လိုအပ်ပါသည်။

·         ကလေးများတွင် အဖျားကြီးခြင်း၊

·         အပူရှပ်ခြင်း၊

·         အရက်မူးလွန်ခြင်း၊

·         အဆိပ်သင့်ခြင်း၊

·         ဦးနှောက်ဒဏ်ရာရခြင်း၊

·         ဦးနှောက်အမြှေးရောင်ခြင်း သို့မဟုတ် အကျိတ်ဖြစ်ခြင်း၊

·         လေဖြတ်ခြင်း၊

·         အရည်ခန်းခြောက်ခြင်း၊

·         ဝက်ရူးပြန်ခြင်းနှင့်

·         စိတ်ဝေဒနာခံစားနေရခြင်းကြောင့် ဖြစ်တတ်ပါသည်။


တက်ခြင်းကို ကုသနည်းလမ်းများ

          တက်ခြင်းကို စနစ်တကျပြုစုတတ်ရန် အရေးကြီးသည်။ အဖျားကြီးပြီးတက်နေသော ကလေးများကို အပူချိန်ကျစေရန် ရေပတ်တိုက်ပေးရပါမည်။ တက်နေစဉ် ပါးစပ်အတွင်းမှအစာများ၊ ချွဲများကို ဖယ်ရှားပေးရပါမည်။ အသက်ရှူလမ်းကြောင်းကို ဖွင့်ပေးရပါမည်။ အဝတ်အစားများကို လျှော့ပေးရပါမည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများ ဒဏ်ရာရရှိမှုအခြေအနေကို စစ်ဆေးရပါမည်။ ထပ်မံပြီး ဒဏ်ရာများ မရရှိစေရန်နှင့် လျှာမကိုက်မိစေရန် စောင့်ကြည့်ပြီး ပြုစုရပါမည်။ မိဘဆွေမျိုးများအား စိတ်ပူပန်မှုလျှော့နည်းစေရန် အားပေးစကားပြောရပါမည်။


ရှောင်ရန်၊ ဆောင်ရန်များ

တက်တတ်သောသူကို တစ်ဦးတည်းအချိန်ကြာမြင့်စွာမထားရန် မိသားစုများကို အကြံပြုရပါမည်။ တက်သောသူကို

·         အမြင့်တက်ခြင်း၊

·         လူအုပ်စုထဲသို့သွားခြင်း၊

·         မြစ်ချောင်းအနီးတွင် နေထိုင်ခြင်းနှင့်

·         ထိခိုက်ရှလွယ်သော ပစ္စည်းများကို ကိုင်တွယ်ခြင်းများ မပြုလုပ်စေရန် သတိထားရပါမည်။

          အတက်ပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အရ သောက်ရပါမည်။ ဆေးရုံဆေးခန်းတွင် ကုသရန်လိုအပ်ပါသည်။


Credit: ဒေါက်တာမြင့်သန်းထွန်း

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18