Print

နေပြင်းပြင်းမှာ သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ...

  30-Oct-2016
Preview Image

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုုပ်နိုင်ကြပါတယ်။

(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

(၂) သံပုရာသီးကို ခွဲလိုုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန် ့ သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။

၄င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။

(သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။ သွေးတိုးရောဂါဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။

 

Ref: စောနွဲ ့နေဆိုင် (ပူတာအို)

Source: မြန်မာ့ရိုးရာဆေးမြီးတိုများ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18