Print

အပူလေသင်တုန်း (Heat Stroke) မိရင် အရေးပေါ် ကယ်ဆယ်နည်း

  30-Oct-2016
Preview Image

အပူကြောင့် ကြွက်တက်တာ အားကုန်ခန်းနွမ်းလျတာတွေမှတဆင့် ပိုဆိုးတဲ့လက္ခဏာ (104°F) အထက် ဂနာမငြိမ်ဖြစ်ခြင်း၊ ခေါင်းမူးဝေ စိတ်ရှုပ်ထွေးခြင်း၊ အရေပြားခြောင်ကပ် ပူလောင်နီရဲ ခြင်း၊ အသက်ရှု မြန်ခြင်း၊ သွေးခုန်နှုန်းမြင့်ခြင်း၊ သတိလစ်မေ့မျောခြင်း တို ့ဖြစ်တတ်ပါတယ်။ လူနာကိုအေးတဲ့နေရာ ထား ၍ ခြေထောက်ကို ၁ ပေအမြင့်တွင်မြှောက်ထားပါ။ အေးတဲ့အဝတ်နဲ ့တစ်ကိုယ်လုံးရေပတ်တိုက်ပြီးလေရအောင်ထားပေးပါ။ ဓာတ်ဆား ရည်ကို ၁၅ မိနစ်လျှင် ဖန်ခွက်တစ်ခွက်ဝင်အောင်တိုက်ပေးပါ။ ကြွက်တက်ခြင်းပြေလျော့အောင်ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ဆေး အရက်ကဖင်း ပါဝင်သော အရည်များ မတိုက်ရ။ အော့အန်ပါက ပါးစပ်မှမတိုက်ပါနှင့်။လူနာတောက်လျှောက်သတိလစ်လျှင် အပူချိန် ၁၀၂ °F အောက်မကျလျှင် ရှေးဦးပြုစုနည်းများဖြင့် မထူးခြားလျှင် အရေးပေါ်ဆေးရုံသို ့ချက်ချင်းပို ့ပါ။ ပူပိုက်သောရာသီမှာ အဝတ်ပွပွအရောင်ဖျော့ဖျော့ဝတ်ပါ။ အရိပ်ထဲနေပါ။ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်မလုပ်သင့်။ အရည်များများသောက်ပါ။ နေပူထဲရပ်ထားသော ကားထဲရုတ်တရပ်မဝင်ရ။ တံခါးဖွင့်လေအေးပေးစက်ဖွင့်ပြီးမှ ဝင်ပါ။ အဝလွန်သူ အသက်ကြီးသူ နာတာရှည်ရောဂါအတွင်ဆေး သောက်နေရသူ များ အပူများသော နေရာများကို အထူး သတိပြုရှောင်ပါ။ခုလိုပူပြင်းတဲ့ရာသီအတွက် သိထားသင့်တာမို ့ ဖတ် ပြီး မိမိ ဝန်းကျင်ရှိ လူသားအများကို ပြန်လည်ဝေမျှပေးစေချင်ပါသည်။

Dr.Min Khant Mon

(သိလိုရာမေး online ဆေးခန်း) မှ ကောက်နုတ်တင်ပြပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18