Print

နှာခေါင်းသွေးယို တိတ်အောင် ဘယ်လိုလုပ်မလဲ

  30-Oct-2016
Preview Image

လူတစ်ချို့ဟာ အကြောင်းတစ်ခုခုကြောင့် မကြာခဏ သွေးယိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ ဘာမှမဖြစ်သလိုနေတတ်ကြပေေ မယ့် တစ်ချို့ကတော့ စိုးရိမ်လွန်ကဲကြပါတယ်။ပုံမှန်ဆိုရင်တော့ နှာခေါင်းသွေးယိုမှု့တွေဟာ မတော်တဆထိခိုက်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျရင်တော့ ဓာတ်မတည့်မှု့၊အပူအအေးမမျှတမှု၊နှာ မွန်ခြင်း၊တုပ်ကွေးရောဂါတို့ကြောင့်လည်းဖြစ်တတ်ပါတယ်။ဒါတွေကြောင့်ဖြစ်တဲ့ နှာခေါင်းသွေးယိုခြင်းဟာ သာမန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အလွန်အမင်း စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ဒါပေမယ့် ရောင်ရမ်းနာနဲ့ သွေးကင်ဆာလိုရောဂါတွေကြောင့် နှာခေါင်းသွေးယိုရင်တော့ စိုးရိမ်သင့်ပါတယ်။ဒါတွေကြောင့် သွေးယိုရင်စဉ် အတွင်း

- အသက်ရှုလို့မဝဘူးလို့ သင်ခံစားရခြင်း

- နှလုံးခုံသံမမှန်ဘူးလို့ ခံစားရခြင်း

- မကြာခဏသွေးအများအပြားကျဆင်းနေခြင်း

- သတိလွတ်ကင်းပြီး မူးဝေခြင်း

- အလွန်အမင်းခေါင်းကိုက်ခြင်းကို ခံစားရခြင်း

စတဲ့ရောဂါ လက္ခဏာများပြတတ်ပါတယ်။

 

နှာခေါင်းသွေးယိုခြင်းကို လျှင်မြန်စွာ ရပ်တန့်စေဖို့အတွက် အောက်ပါအ

ချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။

- ကြမ်းပြင်မှာထိုင်ပြီး ခေါင်းကိုဖြည်းညှင်းစွာငုံပြီး ဖြည်းညှင်းစွာ အသက်ရှုလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ နှာခေါင်းအတွင်း သွေးခဲ တာကို ဖယ်ရှားပေးပါတယ်။ ထို့နောက် နှာခေါင်းရဲ့ အတွင်းဘက်အရိုးနုကို လက်ညိုးလက်မတို့ကို သုံးပြီး ၁၀ မိနစ်ခန့် ပုံမှန်လေး ညှစ်ထားပေးပါ။

- ခိုင်ခန့်ပါးလွှားတဲ့ ပိတ်စ(သို့)လက်ကိုင်ပဝါ တစ်ထည်ကိုယူပါ။ သွားဖုံးနဲ့အထက်နှုတ်ခမ်းကြားက နှာခေါင်းရဲ့အောက်ဆုံးနေရာ အစပ်ကို ၁၀မိနစ်ခန့် ပဝါနဲ့ဖိထားပေးပါ။

- ရေခဲတုံး ၁ တုံးကိုယူပြီး သွေးထွက်တဲ့နှာခေါင်းအဝကို အချိန်အနည်းငယ်စီ ထပ်ခါထပ်ခါ ကပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာ သွေးကြော တွေကို တင်းကျပ်စေပြီး၊ သွေးထွက်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။ဒီလိုမလုပ်ချင်ရင်တော့ ဒီလုပ်ဆောင်မှုနဲ့တူညီတဲ့ အကျိုးသက် ရောက်မှု ရှိတဲ့ Nasal Spray ကိုသုံးနိုင်ပါတယ်။

- လေအေးပေးစက်ကို အလွန်အမင်းအသုံးမပြုပါနဲ့။ ဒါဟာနှာခေါင်းအတွင်းအစိတ်အပိုင်းတွေကို ခြောက်သွေ့စေပါတယ်။

- Vitamin C ရှိတဲ့ ဆေးနဲ့အစားအစာတွေကို စားပေးနိုင်ပါတယ်။ Vitamin C ဟာသွေးကြောတွေကိုသန်မာစေပြီး နှာခေါင်းအမြှေးပါးတွေကို ကာကွယ်ပေးပါတယ်။

- အရည်များများသောက်ပေးပါ။

- မနက်အိပ်ယာထတဲ့အချိန်(သို့) ညအိပ်ယာဝင်တဲ့အချိန်မှာ နှာခေါင်းကို

ဆားရည်လေးနဲ့ ဆေးကြောပေးနိုင်ပါတယ်။ဆားဟာသွေး ထွက်ခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ခြင်းဟာသင့်ရဲ့နှာခေါင်းကို သန့်စင်စိုစွတ်နေစေမှာဖြစ်ပါတယ်။

Ref:



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18