Print

မူးမေ့ခြင်း သတိလစ်ခြင်းမဖြစ်အောင်

  30-Oct-2016
Preview Image

- သွေးတွင်း၊ အချိဓာတ်အရမ်းနည်း သွားတာမျိုးမဖြစ်အောင်၊ အစာမစားဘဲနေတာ၊ အစာကိုကြေညက်အောင်မစားတာ (မြန်မြန်စားတာ) ရှောင်ပါ။

- ခဏခဏ မူးမေ့သတိလစ်တတ်သူဆိုရင် တစ်နေရာတည်းမှာ မလှုပ်ရှားဘဲ အကြာကြီးရပ်နေတာမျိုးရှောင်ကြဉ်ပါ။

- ပူတဲ့ရာသီမှာ ရေများများသောက်ပါ။

- ကိုယ့်ကိုယ်ကို မူးမေ့တော့မယ်ထင်ရင် မျက်လုံးတွေပြာလာတာမျိုးဖြစ်ရင် လှဲချလိုက်ပါ။ သို့မဟုတ် ဒူးနှလုံးကြားခေါင်းထားပြီးထိုင်လိုက်ပါ။ သတိလစ်နေသောသူကိုတစ်ယောက်တည်းမထားခဲ့ရပါ။ သတိလစ်နေသူကို သောက်စရာ၊ စားစရာမကျွေးပါနှင့် (နင်တတ်ပါသည်) ပက်လက်ထားရင် ခေါင်းအောက်မှာ ခေါင်းအုံးမထားပါနှင့်။ မျက်နှာကိုရေနဲ့ ပက်နှိုးတာ၊ ပါးကိုပုတ်နှိုးတာမလုပ်ပါနဲ့။ မူးမေ့မလိုဖြစ်ခါနီးပြီထင်တယ်ဆိုရင် လူနာကိုလှဲအိပ်ခိုင်းပြီး ခြေထောက်ကို မြှင့်ထားပါ။ မူးမေ့မလိုဖြစ်တာက သကြားဓာတ်နည်းတာနဲ့ တူတယ်ထင်ရင် အချိုတစ်ခုခု တိုက်ပါ၊ ကျွေးပါ။

Ref: ရှေးဦးသူနာပြု

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18