Print

နှလုံးနာကျင်ခြင်း

  06-Jun-2019
Preview Image

          နှလုံးကြွက်သားများ ရုတ်တရက်ပျက်ယွင်းခြင်း Heart Attack သည် ပြင်းထန်စွာ ရင်ဘတ်နာကျင်မှု (အောင့်ခြင်း) ဝေဒနာမှ သေဆုံးသည်အထိ အန္တရာယ်ရှိသော ရောဂါတစ်ခု ဖြစ်သည်။ နှလုံးကြွက်သား၏ ပျက်ယွင်းမှုဧရိယာပမာဏပေါ်မူတည်၍ အခြေအနေပြောင်းလဲနိုင်သည်။ ရောဂါ၏ လက္ခဏာများကို ကြိုတင်သတိပြုမိ၍ အချိန်မီ ဆေးရုံတက်ရောက် ကုသရန် အရေးကြီးသည်။


          Heart Attack မဟုတ်ပါဘဲ နှလုံးကြောင့် နာကျင်မှုဝေဒနာ ဖြစ်နိုင်ပါသည်။ နှလုံးကြွက်သားများ ရုတ်တရက်ပျက်ယွင်းမှု Heart Attack တွင် နှလုံးနှင့် အဓိက သွေးကြောကြီးများ ပိတ်ဆို့မှု (ကျဉ်းသွားမှု) ကြောင့်ဖြစ်သည်။ သို့သော် အလွန်သေးငယ်သော သွေးကြောများ Small vassels (micro-vessels or Capalliary) ၌ ပိတ်ဆို့မှုဖြစ်လျှင် နှလုံးကြောင့် နာကျင်မှုဖြစ်နိုင်ကြောင်းတွေ့ရသည်။

 

         The University of North Carolina at Chapel Hill School of Medicine မှ Dr.Cam Patterson က သွေးကြောငယ်များပိတ်ဆို့မှုကြောင့် နာကျင်ဝေဒနာ ခံစားရသော်လည်း အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိဟု ဆိုပါသည်။ အများအားဖြင့် ဆေးရုံတက်ရောက်ကုသရန် အဆင့်ထိမလိုအပ်ကြပေ။


          သတိပြုရန် အချက်တစ်ချက်မှာ သွေးကြောငယ်များ ပိတ်ဆို့မှုမှ တစ်ဆင့်လည်း နှလုံးရောဂါဖြစ်နိုင်ခြင်းပင် ဖြစ်သည်။

 

နှလုံးကျန်းမာရေးကောင်းမွန်စေလိုလျှင်

(က) ဆေးလိပ်လုံးဝ မသောက်ကြရပါ။

(ခ) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

(ဂ) ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးပါ။ မှန်ကန်စွာစားသုံးပါ။

(ဃ) စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းပါစေ။

          ဖိစီးမှုသည် ခန္ဓာကိုယ်၌ အက်ဒီနယ်လင်ဟော်မုန်း Adrenaline ထွက်စေပြီး နှလုံးကြွက်သားများ ရုတ်တရက်ပျက်ယွင်းမှု Heart Attack ကို ဖြစ်စေနိုင်ပါသည်။ အစားအစာ စားသုံးရာတွင် လုံလောက်မျှတသော အာဟာရရှိရန် လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုသည်လည်း နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးသည်။ စိတ်ချမ်းသာပျော်ရွှင်စွာနေထိုင်ပြီး အပြုသဘောမြင်ခြင်းသည် နှလုံးကြွက်သား ရုတ်တရက်ပျက်ယွင်းမှု Heart attack ကို လျော့နည်းစေနိုင်ပါသည်။

 

Credit: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18