Print

သတိလစ်၊ မူးမေ့လျှင်

  30-Oct-2016
Preview Image

သတိလစ်လှဲကျသောလူကို

- နာမည်ခေါ် နှိုးကြည့်ပါ။

- ခေါ်မရရင် အသက်ရှုလမ်းကြောင်းပွင့် မပွင့်၊ အသက်ရှူမရှူ၊ နှလုံးခုန်မခုန် စတာတွေ စစ်ဆေးပါ။ (A.B.C) စတာတွေအလုပ်မလုပ်တော့ရင်တော့ C P R (Cardia Pulmonay Resuscitation) နှလုံးအသက်ကယ် စလုပ်ပါတော့ အရေးကြီးတဲ့အရာတွေ အလုပ်လုပ်နေသေးတယ်ဆိုရင်တော့ ဆေးရုံအမြန်ပို့ဖို့ပြင်ဆင်ပါ။ လမ်းတလျှောက်မှာလည်း A, B, C စတာတွေကို ၅ မိနစ်တစ်ခါ စစ်ဆေးသွားပါ။ ဖြစ်ခါစမှာ အသက်ရှူလမ်းပွင့်သေးတယ် သွေးခုန်သေးတယ်ဆိုပေမယ့် အချိန်မရွေးရပ်သွားနိုင်ပါတယ်။ ထို့ကြောင့် မကြာမကြာ စစ်ဆေးပေးရပါတယ်။ ထိုသို့ ဆေးရုံကိုသယ်ပို့ရာတွင် လူနာကိုထားရမယ့် ပုံစံလည်း အရေးကြီးပါတယ်။

ဘယ်အချိန်တွေမှာ ဆေးရုံကားခေါ်မလဲ(ဆေးရုံကားခေါ်ပါ) လူနာက သတိလစ်နေတယ် ပြီးတော့

- တစ်မိနစ်အတွင်းမှာ သတိပြန်မလည်လာဘူး အမြင့်ကပြုတ်ကျတယ်။ သွေးထွက်နေတယ်။

- ဆီးချိုးရှိတယ်။

- တက်နေတယ်။

- ၀မ်းမနိုင်၊ ဆီးမနိုင်ဖြစ်နေတယ်။

- အသက်မရှူဘူး။

- ကိုယ်ဝန်ရှိတယ်။

- အသက် ၅၀ ကျော်

(ဆေးရုံကားခေါ်ပါ) လူနာသတိပြန်လည်လာတယ်။ ဒါပေမယ့်

- ရင်ဘတ်အောင့်နေတယ်၊ ဖိထားသလိုဖြစ်နေတယ်။ နှလုံးခုန်အမှန်ဘူး၊

- စကားမပြောနိုင်၊ မမြင်နိုင်၊ လက်ခြေမလှုပ်နိုင်

 

Ref: ရှေးဦးသူနာပြု



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18