Print

အဆိပ်သောက်ထားသူကို အချိန်မီ ဘယ်လိုကယ်ရမလဲ

  30-Oct-2016
Preview Image

အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ်လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။ အဆိပ်သင့်၊ အဆိပ်မိပါက အများအားဖြင့် ပျို့အန်ပြီးရင်ခေါင်း၊ ဝမ်းခေါင်း ထဲက ပူလောင်ခြင်းကို ခံစားရ တတ်ပါတယ်။ အဲဒီနောက်မှာသတိလစ်သွားပြီး အသက်ပါ သေဆုံး တတ်ပါတယ်။ အဆိပ်သင့်တဲ့ သူကိုတွေ့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ကြိုတင်ဆက် သွယ်ပါ။ (သက်ဆိုင်ရာ မြို့နယ်ဆေးရုံ ဖုန်းနံပါတ်ကို ကြိုတင်သိထား၊ စုထားသင့် ပါတယ်) ဆေးရုံကို အကြောင်းကြားပြီး လူနာတင် ယာဉ်ခေါ်ပါ။ လူနာတင်ယာဉ် ခေါ်နေတဲ့စပ်ကြားမှာ လုပ်ဆောင်သင့် တာကတော့ ဘယ်လို အဆိပ်သောက် လိုက်တယ်။ဘယ်လောက်များများ သောက်လိုက်တယ် ဆိုတာကို သိဖို့ပါပဲ။ အနီးအနားမှာရှိတဲ့ ပုလင်းလွတ်၊ ဘူးခွံ အပါ အဝင် အဆိပ်သောက်သူ အသုံးပြုထားတဲ့ ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ပြီး ဆေးရုံရောက်ရင် ဆရာဝန်က ပြန်ပြရပါမယ်။ အဆိပ်ရည် စွန်းပေနေတဲ့ အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နဲ့ နှုတ်ခမ်း တစ်ဝိုက်မှာစွန်းပေနေတဲ့ အဆိပ်အစအန အကြွင်းအကျန်များကို သုတ်ပစ်ပါ။ လဲလှယ်တဲ့ အခါမှာ အဆိပ်မထိ သေးတဲ့နေရာ သို့မဟုတ် အရေပြားပေါ်မှာ အဆိပ်တွေ မစွန်းပေဖို့ဂရုစိုက်ပါ။အန်အောင် ပြုလုပ်ခြင်းကြောင့် လည်ချောင်း တစ်လျှောက်က ပြန်တက်လာတဲ့ အစာများက တစ်ဆင့် လည်ချောင်းကို ထပ်မံ လောင်စေ စားစေတဲ့ အတွက် အန်အောင်မလုပ်သင့်ပါ။ လောင်စေ စားစေတတ်သည့် ဓာတုပစ္စည်းတွေ နှုတ်ခမ်းကို လောင်ပါက ပါးစပ်၊ အာခံတွင်းနဲ့ လည်ချောင်း အတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး သို့မဟုတ်ရေအေးအေး အနည်းငယ် တိုက်သင့်ပါတယ်။ ကာယကံရှင်ကိုလည်း နှစ်သိမ့်ဖျောင်းဖျပေးပါ။ အရက်(မက်သနော) ဆိပ်သင့်သူဆိုရင်တော့ အအေး မမိ စေရန် စောင်ခြံုပေးပါ။ အဆိပ်သောက်သူ သတိလစ်သွားပါက တစောင်းထားပါ။ လက်ကောက်ဝတ်သွေးခုန်နှုန်း အသက်ရှူ ပုံကို စောင့်ကြည့်ပေးပါ။ အသက်ရှူ လမ်းကြောင်း လွယ်ကူစေရန် ဆောင်ရွက်ပေးပါ။ လိုအပ်လျှင် ရှေးဦး သူနာပြုစုနည်းနဲ့ ကယ်ရမှာပါ။ အထက်ပါ အချက်တွေကို သေချာစွာ မှတ်သားထားမှသာ အဆိပ်သောက် သူကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

Credit - Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18