နှလုံးရောဂါနှင့်ပတ်သက်၍သတိပြုရမည့် လက္ခဏာများ
30-Oct-2016
နှလုံးဆိုသောအရာသည် နေ စဉ်မရပ်မနား လှုပ်ရှား ပေးနေသော ကြောင့် အံ့သြဖွယ် စက်ကလေးနှင့် တူသည်။ ထို ့အတူ ချိန်ကိုက်ဗုံး တစ်လုံးနှင့်လဲတူပါသည်။ အန္တရယ် ကိုကြိုမမြင်နိုင်။ တစ်ခါတစ်ရံ ထထဖောက်နိုင်သည်။ အချိန်လွန်မှ သိလျှင် အသက်ဆုံးရှံုး နိုင်ချေ ပိုများ သည့်အတွက်အောက်ဖော်ပြပါ လက္ခဏာ များ ခံစားရလျှင် နီးစပ်ရာ ကျန်းမာရေး ဌာနသို ့သွား၍လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူသင့်ပါကြောင်း တိုက်တွန်း အကြံပြုပါတယ်။
1- ရင်ဘတ်ထဲတွင်အောင့်၍ မူးဝေ အော့အန်ခြင်း၊ ချွေးစေး များ ထွက်ခြင်း
2- ရင်ထဲတွင် တစ်ခုခုဖြင့်အဖိခံထားရသလို လေးလံ တင်းကျပ်နေခြင်း
3- နောက်ကျော အပေါ်ဘက်ခြမ်း တွင် စုတ်ဖြဲနေသကဲ့သို ့နာခြင်း
4- နေ ့စဉ်အလုပ်များ လုပ်ရာ ၌ ပင်ပန်းလွယ်ခြင်း
5- သာမန်လမ်းလျှောက်ရုံဖြင့် မောပန်းလွယ်ခြင်း
6- ရင်ဘတ်မှစ၍ ဘယ်ဘက်လက်မောင်း တလျှောက် ထုံကြင် ၍ နာခြင်း
7- အစာမကြေ သလိုရင်ခေါင်းထဲ ပြည့်နေခြင်း
8- နှလုံး ခုန်မမှန်ခြင်း ၊ နှလုံးခုန်မြန်ုခြင်း တို ့နှင့်အတူ မူးဝေ သတိလစ်ခြင်း များ ဖြစ်လျှင် နှလုံး နှင့်ပတ်သက်၍ အရေးကြီး သော လက္ခဏာများ ဖြစ်သည့်အတွက် ပေါ့ပေါ့ဆဆ မနေဘဲ ဆေးစစ်မှုခံယူကြပါရန် အသိပေးဝေမျှလိုက်ပါတယ်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

