Print

ရင်ဘတ်အောင့်ခြင်း၏ အကြောင်းရင်းများ

  30-Oct-2016
Preview Image

ရင်ဘတ် အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ် တည့်တည့် နေရာ တခု တည်း၌ အောင့်ခြင်း ကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ်တခု လုံးသာမကရင်ဘတ်နှင့် ဆက်စပ်လျက် ရှိသည့်တခြား အစိတ်အပိုင်းများ အထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊နာကျင် ကိုက်ခဲခြင်း အားလုံးကို ဆိုလို ပါသည်။ ရင်ဘတ် အောင့်ခြင်းသည် အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပြီးဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြား သတ်မှတ် ခြင်း (Diagnosis) ကို လုပ်ပြီး မှသာ မည်သည့် ရောဂါအမျိုး အစား ဖြစ်သည်ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။သို့သော် လည်း ရင်ဘတ် အောင့်သည့် ဝေဒ နာကို မကြာ ခဏ ခံစား နေရသူ တချို့သည် ရောဂါ ကို ဆရာဝန်နှင့်ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ် မိမိနှလုံး ရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြ ပြီး ပတ်ဝန်း ကျင်မှ အကြံ ပေးသည့် မိမိသန်ရာ နည်းများ ဖြင့် ကုသနေကြသည်ကို မကြာခဏ ကြားသိ နေရပါ သည်။ ထို့ကြောင့် ရင်ဘတ် အောင့်သည့် ဝေဒနာကို ခံစား နေသူများ အားလုံး အတွက် ဗဟု သုတ လို့ငှာ Dr. Warwick Carter ရေးသား သည့် Home Doctor ထဲမှ ကောင်းနိုး ရာများကို ကောက်နှုတ်၍ ပြုစု တင်ပြလိုက်ပါသည်။ရင်ဘတ် အောင့်ခြင်း သည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံ အကူအညီကို ချက်ချင်းလိုအပ် နိုင်ပါ သည်။ တခြားအင်္ဂါ အစိတ်အပိုင်း များဖြစ်သည့် အစာပြွန်၊ ရင်အုံ အရိုး၊ နံရိုး၊ နှလုံးသွေးလွှတ် ကြော မကြီး၊ သွေးလွှတ်ကြော ငယ်များ၊ သွေးပြန်ကြော နှင့် နာ့ဗ်ကြော များ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင် ့ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခု ခုတွင် ပြဿနာ ရှိပါ ကလည်း ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင် ပါ သည်။ အကြောင်း ရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေ အနေ များမှာလည်း စူး၍ အောင့်ခြင်း၊ ကိုက်၍ အောင့်ခြင်း၊ ပျော့လွန်း မပြင်း လွန်းအောင့်ခြင်းနှင့် ဖြိကပ်၍ အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ် မကြာ ခဏ အောင့်ခြင်းများ ဖြစ်နိုင် ပါသည်။ အစာ စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အသက် ပြင်းပြင်း ရှူခြင်း တို့ကြောင့် စအောင့် နိုင်ပြီး အောင့်သည့် အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုး ခြင်း၊ အဖျား ၀င်ခြင်း၊ ပါးစပ် ပျက်ခြင်း စသည့် လက္ခဏာ များ တွဲပါလာနိုင်ပါသည်။ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ် ဆေးမှုများ ပြုလုပ်ပြီး ရောဂါ ခွဲခြား သတ်မှတ်ပေးမှသာရောဂါကို အမျိုး အစားကို မှန်ကန်စွာ သိရှိ နိုင်မည် ဖြစ်သည်။

ရောဂါစစ်ဆေးသတ်မှတ် ခြင်း (Diagnosis)

ဆရာဝန် သည် ရောဂါကို အတိ အကျ သိရှိရန် အတွက် အရိုးကို ကောင်းစွာ စစ်ဆေး နိုင်သည့် ဓါတ်မှန် ရိုက်ခြင်း၊ အရိုးနှင် ့တချို့ တစ်ရှူး များကိုပါ မြင်တွေ ့နိုင်သည့် CT scan, နှလုံးအ လုပ်လုပ် ပုံကို ကောင်းစွာ မြင်တွေ ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ် အလုပ်လုပ် နိုင်မှုကို စမ်းသပ် စစ်ဆေး သည့်သည့် Lung Function Test, ခန္ဓာကိုယ် ထဲသို့ ပါးစပ်မှ တဆင့် ကင်မရာ ထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါ၀င် နိုင်သည့် စမ်းသပ် မှှုကို တခု (သို့) တခုထက် ပို၍ှ

ပြုလုပ်ပြီး သတ်မှတ် လေ့ရှိပါ သည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည် ့ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ် ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

 

ရင်ဘတ် အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ

၁။ ဒါဏ်ရာ ရရှိ ခြင်း (Injury)

ရင်ဘတ် ဒါဏ်ရာ ရရှိ သောအခါ ရင်ဘတ်၌ အညို အမဲ စွဲ၍ နံရိုး ကျိုးခြင်း၊ ကြွက်သား (သို့) အရွတ် များ စုတ်ပြဲ ခြင်း စသည့် တခုခု ကြောင့် ရင်ဘတ် နေရာ အနံ့ ပြားကိုအောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။

 

၂။ ဗိုင်းရစ်ကြောင့် ရောဂါကူးစက် ခြင်း ( Viral infection )

ဗိုင်းရစ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသောအားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်းဘက်တွင်ရှိသော ကြွက်သားအဆွယ် အပွား များကို ကိုက်ခဲနာကျင် စေပါသည်။

 

၃။ အဆစ်ရောင်နာ ရောဂါ (Arthritis)

ကျောရိုး ဆစ်၌ အရိုး ကြေပြီး နာ့ဗ်ကြော များအား ဖိညှပ် ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမ ကပဲ နာ့ဗ်ကြော များ ပြန့်န့ံ သည့် ဘေးတဖက် တချက် နှင့် အရှေ့ဘက် အထိ နာကျင် စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါ သည်။

 

၄။ Myocardial Infaction

နှလုံး ရောဂါသည် ကော်လက် စထရောလ် ကြောင့် ဖြစ်ပေါ် လာသည့် အဆီ ဖတ်များမှ နှလုံးကြွက် သားအား သွေး ထောက်ပံ့ ပေးနေ သည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသော အခါ ဖြစ်စေ ပါသည်။ နှလုံးသည် ခန္ဓာကိုယ် တခုလုံးကိုအောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါ ဖြစ်ပါသည်။ ထို အခြေအနေတွင် နှလုံးကြွက်သား ကိုယ်တိုင်မှာပင် အောက်စီဂျင် နှင့် အာဟာရ မရတော့သောကြောင့် ကျံု့လိုက် ကြွလိုက် မလုပ် နိုင်တော့သောအခါ သွေးကိုခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင်တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါအောက်စီဂျင် ပြတ်လပ်ပြီး အသက်ဆုံးရှုံး နိုင်ပါသည်။ နှလုံး ကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက် ၌ ပိုဖြစ် သည်) စသည့် ရင်ဘတ် နှင့် ဆက်စပ် နေသည့် မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ် အလယ် တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်း တို့၌ အဖြစ်များပါသည်။ အောင့်သည့် ပုံစံမှာ စူး၍ အောင့်ခြင်း မျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစား ရသည်။ ထို့အပြင် နှလုံးကြောင် ့ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် ခန္ဓာကိုယ်လှှုပ်ရှားခြင်း၊ အနေအထား ပြောင်းခြင်း၊ အစားစားခြင်း၊ချောင်းဆိုးခြင်းကြောင့် ပိုမိုနာကျင်စေခြင်း မရှိပါ။ နှလုံး ကြောင့်ဖြစ်သည်ဟု ယူဆပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူအညီ အရေးပေါ် လိုအပ် နိုင်ပါ သည်။

၅။ နှလုံး ရောဂါ တစ်မျိုးကြောင့် ရင်ခေါင်း တွင် ဆူးအောင့် ခြင်း (Angina)

ရင်ခေါင်းတွင် ဆူးအောင့်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့်အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ််အလယ်တည့်တည့် တွင်ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်တွင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနား ယူလိုက်ပါက သက်သာသွားလေ့ ရှိသည်။

၆။ အဆုပ်ပွခြင်း ( Pneumonia)

အဆုပ်ပွခြင်းသည် အဆုပ်ကို အဓိက ဖွဲ့စည်း ထားသည့် လေအိတ် အသေးများ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ၀င်ရောက်နေသည့် ရောဂါဖြစ်ပါသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ ပို့ဆောင်ရပြီး နှလုံးမှ တဆင့် အောက်စီဂျင်ကို သွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါလေအိတ် များတွင် ဘတ်တီး ရီးယား ကြောင့် လေအိတ် တခုလုံး (သို့) လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီး နိုင်ပြီး အဆုပ် ပုံမှန် အလုပ် မလုပ်နိုင်ပဲ အဖျား ၀င်ခြင်း၊ ချောင်းဆိုး ခြင်းနှင့် ရင်ဘတ် အောင့်ခြင်း တို့ကို ဖြစ်စေ ပါသည်။ မကုသပါက ဘတ်တီး ရီးယားများ အဆုပ် တခုလုံး ပြည့်သွား နိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာ ကိုယ်အား အောက်စီဂျင် မပေး နိုင်သော ကြောင့် အသက်ဆုံးရှုံး နိုင်

၇။ အဆုတ် မြှေးရောင် ရောဂါ (Pleurisy)

အဆုတ် အမြှေးပါးရောင် လျှင် ရင်ဘတ် အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေ နိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုး ခြင်းနှင့် လှုပ်ရှား ခြင်း တို့ကြောင့် ပိုအောင် ့နိုင်ပါ သည်။

၈။ အစာအိမ်ရောဂါ ကြောင့် ရင်ဘတ်အောင့် ခြင်း (Reflux oesophagitis)

အစာအိပ်တွင် ဟိုင်ဒရို ကလိုရစ် အက်ဆစ် ပါရှိပြီး အစာ အိမ်အား ထူထဲသော အချွဲ များဖြင့် ကာကွယ် ထားပါ သည်။ အကယ်၍ အစာအိမ် ရောဂါ ရှိသူ များတွင် အစာအိမ် ပုံမှန် အလုပ် မလုပ် နိုင်သောကြောင့် ယင်းအား အစာ အိမ်နံ ရံရှိ ချွဲများမှ ကာကွယ်မှုမပေးနိုင် သည့်အခါ အက်ဆစ် များမှ အစာအိမ် နံရံသို့ ရောက်ရှိ လောင်ကျွမ်း နိုင်ပြီး ပူ၍ နာကျင် ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေ နိုင်ပါ သည်။

၉။ Tietze syndrome

ရင်အုံရိုး အနောက် ဘက်ရှိ နံရိုး နှင့် ဆက်ထား သော အရွတ် တခု (သို့) တခု ထက်ပို၍ ရောင်ခြင်း ကို ဖြစ်စေပြီး ပူ၍ နာကျင် ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ ပါ သည်

၁၀။ သွေးခဲပိတ်ခြင်း ( A blood clot)

သွေးခဲ တခုခုသည် သွေးကြော အတွင်း၌ မျောပါ နေလျင် ခန္ဓာ ကိုယ်၏ မည်သည့် အစိတ် အပိုင်း တွင်မဆို ပိတ်ဆို ့နိုင်ပါ သည်။ ထို သွေးခဲ သည် အဆုပ် တွင်းရှိ အဓိကသွေးလွှတ်ကြော တခု ခုအား ပိတ်ဆို့ သောအခါ ( Pulmonary embolus) ကိုဖြစ်စေပြီး ပိတ်ဆို့ ခံရသော အဆုပ် ၏ အစိတ်ပိုင်းကို ပျက်စီး စေခြင်းဖြင့် ရင်ဘတ် အောင့်ခြင်း နှင့် အသက်ရှူ ကြပ်ခြင်း ကို ဖြစ်စေပါ သည်။

 

ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်သည့် တခြား အကြောင်း ရင်းများ

(၁) အဆုပ် အပြပင် ဘက်ရှိ ရင်ဘတ် ထဲတွင် လေခို နေခြင်း (Pneumothorax )၊

(၂) နာ့ဗ်ကြော ၌ ဗိုင်းရပ် ပိုးဝင် ရောက်နေ ခြင်း (Shingles)၊

(၃) အဆုပ် ပျက်စီး ခြင်း (Bronchiectasis)၊

(၄) နှလုံး ကြွက်သား သို့ ပိုး ၀င်ခြင်း (Myocarditis)၊

(၅) မွေးရာပါ နှလုံး ၏ ဖွဲ့စည်းပုံ ပုံမ မှန်ခြင်း၊

(၆) နှလုံး အဆို့ရှင် အလုပ် မလုပ် ခြင်း ၊

(၇) အဆုပ်တွင်း တနေ ရာရာ၌ ကင်ဆာရှိ နေခြင်း၊

(၈) နှလုံး ရောဂါ အတွက် အလွန် အမင်း စိုးရိမ် နေခြင်း (Cardiac neuroses)၊

(၉) ရင်ဘတ် နံရံ ရောင်ခြင်း၊

(၁၀) သည်းခြေ အိတ်တွင် ရောဂါ ၀င်၍ ရောင်ခြင်း စသည်တို ့ကြောင့်လည်း ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်ပါ သည်။

 

မည်သူမဆို မည်သည့်အကြောင်း ကြောင့် ရင်ဘတ် အောင့်သည် ဖြစ်စေ ရင်ဘတ် အောင့်သည့် ဝေဒနာ ကို တစ်ကြိမ် ထက်မက ခံစား ရပါက အန္တရယ်ရှိ နိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန် မီကာကွယ်၊ ကုသ နိုင်ရန် ဆရာဝန်နှင့် မဖြစ် မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ် ရောဂါ (သို့) နှလုံး ရောဂါ ဖြစ်နေ သည်ဟု ယူဆ နေသူများ အနေဖြင့်လည်း ထိုရောဂါ များ အမှန် တကယ် ရှိနေ ပါက ဆရာဝန် ညွှန်ကြား ချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်း စေမည် မဟုတ်သည့် အပြင် ပိုမို ပွားလာ စေရန်မွေးထားသည် နှင့်ပင် တူနေ သဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိ ပေးရင်း မိမိ၏ ကျန်းမာ ရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် ကြပါရန် အကြံပြု တင်ပြ အပ်ပါ သည်။

 

Health Digest

Credit to ဆေးပညာရပ်ဆိုင်ရာဆောင်းပါးများ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18