အပူရှိန်ကြောင့် သတိလစ်ပြီး မူးလဲရင် ဘယ်လိုပြုစုနိုင်သလဲ
12-Oct-2018
အပူရှိန်ကြောင့် ပင်ပန်းနွမ်းလျပြီး သတိလစ်မေ့မြောတတ်ပါတယ်။ ရာသီဥတုအပူရှိန်ကြောင့် ခန္ဓာတွင်းမှာရှိတဲ့ ရေနဲ့ဆားဓာတ် ကုန်ခန်းသွားသောကြောင့် သွေးအားနည်းပြီး ဦးနှောက်နှင့် အာရုံကြောများ တစ်ခဏတာ ရပ်တန့်သွားတဲ့အခါမှာ ခြေထောက်တွေ အားမရှိသလို ဖြစ်လာပြီး မူးလဲတာ၊ မေ့မြောတာမျိုးတွေ ဖြစ်တတ်ပါတယ်။
သတိလစ်မေ့မြောတဲ့အခါ
ဘယ်လိုလုပ်ရမလဲ
အကြောင်းရင်းအများစုကတော့ အသက်ရှူပိတ်မိခြင်း၊ ဦးနှောက်တစ်ခုခု ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ထိတ်လန့်ခြင်း၊ သွေးအားနည်းပြီး မူးလဲခြင်း၊ ဝက်ရူးပြန်ခြင်း၊ အပြင်းဖျားပြီး ကိုယ်အပူချိန်မြင့်မားမှုကြောင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများအပြင် ရာသီဥတုအပူရှိန်ကြောင့် ချွေးထွက်လွန်ပြီး သတိလစ်မေ့မြောတတ်ပါတယ်။
အမြန်ဆုံးပြုစုကုသဖို့ဆိုရင် သတိလစ်နေသူကို အေးတဲ့နေရာ အဝဝရှူလို့ရမယ့်နေရာမှာထားပါ။ အခန်းပြူတင်းပေါက်တွေကိုဖွင့်ပြီး အဝတ်တွေဖယ်လိုက်ပါ။ ပန်ကာ၊ အဲယားကွန်း၊ ယပ်တောင်တိုု့နဲ့ လူနာကို သက်သာစေဖို့ ယပ်ခတ်ပေးခြင်းမျိုး လုုပ်ပေးပါ။ အေးသွားအောင် ရေပတ်လေး တိုက်ပေးထားပါ။ ရေအေး၊ ဓာတ်ဆားရည်နဲ့ အချိုရည်တို့ တိုက်ပေးပါ။ မူးမေ့တာမဟုတ်ဘဲ သတိလစ်မေ့မြောတာမျိုးဆိုရင် ဆေးရုံကို အမြန်ဆုံး ပို့ပါ။
Source
: Verywell
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

