Print

Dementia (သတိမေ့ခြင်း)

  12-Sep-2018
Preview Image

Dementia ရောဂါသည် မှတ်ဉာဏ် ချို့ယွင်းခြင်း၊ စဉ်းစားတွေးခေါ်ဉာဏ် လျော့နည်းလာခြင်းဖြစ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်သည်အထိ လူမှုဆက်ဆံရေးအား အနှောင့်အယှက် ပေးနိုင်ပါသည်။


လက္ခဏာများ

Dementia ၏ လက္ခဏာများသည် ဖြစ်ပွားစေသော အကြောင်းရင်းကို လိုက်၍ ပြောင်းလဲတတ်သော်လည်း အဖြစ်များသော လက္ခဏာများမှာ


(၁) သိမြင်မှုဆိုင်ရာ ပြောင်းလဲမှုများ

. မှတ်ဉာဏ် ချို့ယွင်းလာခြင်း

. အများသူငါနှင့် စကားပြောဆိုရာ၌ အခက်အခဲ ဖြစ်လာခြင်း

. ရှုပ်ထွေးသော ကိစ္စများအား မလုပ်ကိုင်နိုင်ခြင်း

. အစီအစဉ်ဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းများတွင် အခက်အခဲဖြစ်ခြင်း

. မကြာခဏ လမ်းပျောက်တတ်ခြင်း


(၂) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

. ကိုယ်ရည်ကိုယ်သွေးများ ပြောင်းလဲလာခြင်း

. အကြောင်းပြချက်များ မပေးနိုင်ခြင်း

. မလျော်ညီသော အမူအကျင့်များ ပြုလုပ်မိခြင်း

. စိုးရိမ်ကြောင့်ကြမှု များခြင်းနှင့်

. ကယောင်ကတမ်း ဖြစ်ခြင်း တို့ဖြစ်ပါသည်။


ဖြစ်ပွားရသောအကြောင်းရင်းများ

Dementia ရောဂါသည် ဦးနှောက်တွင် ရှိသော အာရုံကြောဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ ဖြစ်ပွားစေသော အကြောင်းရင်းများမှာ

- Alzheimer’s disease ( အယ်လ်ဇိုင်းမားရောဂါ)

- Vascular dementia 

- Lewy body dementia

- Frontotemporal dementia

- Huntington’s disease

- Traumatic brain injury

- Parkinson’s disease များ ဖြစ်ပါသည်။ 


ဖြစ်နိုင်ချေများသူများ

Dementia ရောဂါသည်

. အသက်အရွယ် ကြီးရင့်သူများ

. မျိုးရိုးတွင် Dementia ရောဂါ ရှိသူများ

. Down syndrome ရှိသူများတွင် ဖြစ်နိုင်ချေများပြီး အခြား Risk factors များဖြစ်သော

. အရက် အလွန်အကျွံ သောက်ခြင်း

. သွေးကြောတွင်းအဆီစု ( Artherosclerosis ) ရောဂါ ရှိသူများ

. သွေးတိုးရောဂါ(သို့) သွေးပေါင်ကျရောဂါ ရှိသူများ

. ကိုလက်စထရော များနေသူများ

. စိတ်ကျရောဂါ ခံစားနေရသူများ

. ဆီးချိုရောဂါရှင်များ

. သွေးဆုံးပြီးနောက် “မ”ဟော်မုန်းဆေး သောက်သူများ

. အဝလွန်သူများ နှင့်

. ဆေးလိပ်သောက်သူများတွင်လည်း အဖြစ်များတတ်ပြီး ထိုအချက်များကို ရှောင်ကြဉ်ခြင်းဖြင့် သတိလက်လွတ်ဖြစ်ခြင်းကို လျော့ကျစေနိုင်သည်။


နောက်ဆက်တွဲပြဿနာများ

Dementia ၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် 

. အစာစားရန် မေ့လျော့လာသောကြောင့် အာဟာရ ချို့တဲ့လာခြင်း

. တစ်ကိုယ်ရည် သန့်ရှင်းရေး နည်းပါးလာခြင်း

. ဆေးသောက်ရာ၌ အခက်အခဲရှိခြင်း

. စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်လာခြင်း

. ကယောင်ကတမ်းများ ဖြစ်လာခြင်း

. အိပ်စက်ခြင်း၌ အခက်အခဲဖြစ်ခြင်းနှင့် 

. အနားတွင် စောင့်ရှောက်ရန် လူလိုအပ်ခြင်း တို့ဖြစ်စေနိုင်ပါသည်။


ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

Dementia ရောဂါသည် အချိန်ကြာမြင့်လာသည်နှင့် အမျှ ပိုဆိုးလာနိုင်သည့်အတွက် ဆရာဝန်ထံသို့ စောစီးစွာ သွားရောက်ပြသသင့်ပေသည်။


စစ်ဆေးမှုများ

ရောဂါကို တိကျစွာ သိရှိနိုင်ရန် ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် CT scan ၊MRI scan ရိုက်ခြင်း၊ သွေးစစ်ခြင်းများနှင့် စိတ်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးရမည် ဖြစ်သည်။


ကုသခြင်း

Dementia ရောဂါ အများစုကို ကုသ၍ မပျောက်ကင်းနိုင်သော်လည်း 

- လက္ခဏာများ သက်သာအောင် ဆေးများပေးခြင်း

- ကျွမ်းကျင် ပညာရှင်များက Occupational therapy ခေါ် နေ့စဉ်လူနေမှု ဘဝ၌ အဆင်ပြေစေရန် အမူအကျင့်များအား လမ်းညွှန်ကုသပေးခြင်းများဖြင့် ကုသနိုင်ပါသည်။


ကာကွယ်ခြင်း

Dementia ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန် တိကျသော နည်းလမ်းများ မရှိသော်လည်း အောက်ပါအချက်များ ဖြစ်သော

- စိတ်ကို တက်ကြွအောင် ထားပေးခြင်း

- ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွအောင် နေခြင်း

- လူမှုဆက်ဆံရေး အဆင်ပြေအောင် နေခြင်း

- ဆေးလိပ်ဖြတ်ခြင်း

- သွေးတိုးရောဂါ ရှိလျှင် စနစ်တကျ ဆေးကုသမှု ခံယူခြင်း

- အတန်းပညာများ မြင့်သထက်မြင့်အောင် သင်ယူခြင်းနှင့်

- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် Dementia ရောဂါကို ကာကွယ်နိုင်ပါသည်။


Ref: Mayo clinic






Related Articles


Advertisment 18