အကြမ်းဖက်မှုများကို မည်ကဲ့သို့ရင်ဆိုင်ရမည်နည်း။
30-Oct-2016
ကူညီမှုကို အဆင့်မျိုးစုံတွင်ပြုလုပ်နိုင်ပါသည်။
- သူတို့ ခံစားချက်များ ပြောပြလာသည်ကိ နားထောင်ပေး ခြငး်။
- သူတို့လိုအပ်သည့် သတင်းအချက်များပေးခြင်း။
- လိုအပ်သော ၀န်ဆောင်မှုလုပ်ငန်းများ ပေးနေသည့် ဌာနများသို့ လမ်းညွှန် လွဲပြောင်းစေလွှတ်ပေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
အကြမ်းဖက်ခံရသူကို ကူညီရန် အရေးကြီးပါသည်။ ထို့အပြင် အကြမ်းဖက်မှု ပြုလုပ်နေ သူများကိုလည်း ကူညီရပါမည်။ လူတစ်ဦး တစ်ယောက် အကြမ်းဖက်နေလျှင် ထိုသူ့တွင် သူမဖြေရှင်းနိုင်သည့် ပြဿနာရှိနေနိုင်ပါသည်။ သူတို့အနေနှင့် သူတို့ ခံစားချက်များက ုိ မဖော်ပြနိုင်ဖြစ်ရပါသည်။ အထူူးသဖြင့် ပြဿနာဖြေရှင်းနိုင်မှု စွမ်းအားနည်းပါးခြငး်ပင်ဖြစ်သည်။ စိတ်ဖိစီးမှုဒါဏ်ကို မခံနိုင်သူများလည်း ဖြစ်ကြသည်။ပြဿနာငယ်လေးများကိုလည်း သညး်မခံနိုင်သူ။ စိတ်တိုလွယ်သူများ ဖြစ်ကြပါသည်၊သင်သည် တစ်စုံတစ်ယောက် ကြမ်းတမ်း စွာပြုမှုနေသည်ကို သိခဲ့လျှင်
- ထိုသူနှင့် စကားပြောနိုင်ဖို့ အချိန်ယူပါ။
- ထိုသူ အဘယ်ကြောင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူနေသည်ကို နားလည်အောင်
ကြိုးစားပါ။
- ထိုသူသည် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသည်ဟု ယူဆရပါက ဆေးကုသမှုရရှိရန် လမ်းညွှန်ကူညီပါ။
Ref: WEAVE
29.10.2015
မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

