Print

Bad Breath (ခံတွင်းအနံ့ထွက်ခြင်း)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

     ခံတွင်းအနံ့ထွက်ခြင်းသည် ကြီးမားသောရောဂါ မဟုတ်သော်လည်း စိတ်ကသိကအောက် ဖြစ်စေနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ စတိုးဆိုင်များ၊ ဆေးဆိုင်များတွင် ရနိုင်သည့် ပီကေ၊ ခံတွင်းဆေးရည်၊  နှင့် အခြား ခံတွင်းအနံ့ပျောက်စေသည့် ပစ္စည်းများသည် ခံတွင်းအနံ့ကို ခေတ္တခဏသာ ပျောက်ကင်းစေ၍ ခံတွင်းအနံ့ဆိုးထွက်စေသည့် အကြောင်းအရင်းရှိပါက ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါ။ ခံတွင်းအနံ့ထွက်ခြင်းသည် အမူအကျင့်၊ စားသုံးသည့်အစားအစာ နှင့်ကျန်းမာရေးအခြေအနေ ပေါ်တွင်မူတည်ပါသည်။ အများအားဖြင့် ခံတွင်းသန့်ရှင်းရေး သေချာပြုလုပ်သောအခါ ခံတွင်းအနံ့ထွက်ခြင်းကို အထိုက်အလျောက် ပျောက်ကင်းစေသည်။


လက္ခဏာများ

                ခံတွင်းအနံ့ထွက်ခြင်း  ဖြစ်ပွားရသည့် နောက်ခံအခြေအနေပေါ်မူတည်၍ ကွာခြားချက်ရှိသည်။ အချို့စိုးရိမ်တတ်သောသူများသည် ခံတွင်းအနံ့ထွက်သည်ကို အနံ့ဆိုးထွက်သည်ဟုထင်နေခြင်း (သို့) အချို့သူများသည် မိမိခံတွင်းမှ အနံ့ထွက်နေသည်ကိုမသိခြင်း စသည်တို့ဖြစ်တတ်သည်။ ထိုကဲ့သို့ မိမိခံတွင်းအနံ့နံခြင်း ရှိမရှိကို ခွဲခြားရခက်ခဲသဖြင့် မိသားစု (သို့) သူငယ်ချင်း ကိုမေးမြန်းခြင်းဖြင့် မိမိတွင် ခံတွင်းအနံ့နံခြင်းရှိမရှိကို စမ်းစစ်နိုင်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ခံတွင်းအနံ့နံခြင်း ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ-

            အစားအစာကြောင့် ခံတွင်းနံခြင်း - အစားအစာများစားပြီးသောအခါ သွားအတွင်းကျန်ရှိနေသော စားကြွင်းစားကျန်များကြောင့် ဗက်တီးရီးယားများ ပေါက်ဖွားရာမှ ခံတွင်းအနံ့ထွက်သည်။ ထို့ပြင် ခံတွင်းအနံ့ထွက်စေသည့် အစားအစာများဖြစ်သည့် ကြက်သွန်၊ ဂျင်းနှင့် ဟင်းခတ်အမွှေးအကြိုင် စသည်တို့ကို စားသောက်ပြီးသောအခါ ၎င်းတို့ကိုချေဖျက်ပြီး၍ ရရှိလာသည့် အာဟာရများသည် သွေးမှတစ်ဆင့် အဆုတ်ကိုရောက်ရှိရာမှ ရှူထုတ်လိုက်သည့်လေတွင်လည်း အနံ့ပါဝင်နေခြင်း ရှိနိုင်သည်ေ


ဆးလိပ်သောက်သုံးခြင်း -

ခံတွင်းမှ ဆေးလိပ်အနံ့ထွက်ခြင်း များရှိနိုင်သည်။ ထို့ပြင်ဆေးလိပ်သောက်သုံးခြင်းကြောင့် ခံတွင်းအနံ့ထွက်စေသည့် ခံတွင်းရောဂါများ ဖြစ်စေနိုင်သည်။

·         ခံတွင်းသန့်ရှင်းရေး - အာလုပ်ကျင်းခြင်းနှင့် သွားတိုက်ခြင်းကို နေ့စဉ်မပြုလုပ်ပါက ခံတွင်းတွင် စားကြွင်းစားကျန်များကျန်ရှိရာမှ အနံ့ထွက်နိုင်သည်။ ထို့ပြင် သွားကြားနှင့် သွားဖုံးများတွင် ဗက်တီးရီးယားပိုးများပေါက်ဖွားခြင်းကြောင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ ခံတွင်းအနံ့ထွက်ခြင်းများလည်း ရှိနိုင်သည်။ အံကပ်အသုံးပြုသူများတွင် ပိုမိုဖြစ်နိုင်ချေရှိသဖြင့် ခံတွင်းသန့်ရှင်းရေးကို ပိုမိုဂရုစိုက်သင့်ပါသည်။

·         ခံတွင်းခြောက်သွေ့ခြင်း - ခံတွင်းသန့်ရှင်းရေးအတွက် တံတွေးသည် အရေးပါသည်။ တံတွေးသည် အနံ့ထွက်စေသည့်ပစ္စည်းများကို ဖယ်နိုင်သည့်အပြင် အစာမျိုရာတွင်လည်း အဆင်ပြေချောမွေ့အောင် ကူညီပေးနိုင်သည်။

·         ခံတွင်းအနံ့ထွက်စေသည့် ဆေးဝါးများသုံးစွဲနေခြင်း

·         ခံတွင်းပိုးဝင်ခြင်း - ခံတွင်းတွင်အနာပေါက်နေခြင်း၊ သွားပိုးစားခြင်း၊ သွားနှုတ်ထားသည့်နေရာတွင် စားကြွင်းစားကျန်များဝင်နေခြင်း၊ သွားဖုံးရောင်ခြင်း စသည်တို့ကြောင့် ခံတွင်းအနံ့ထွက်နိုင်သည်။

·         နှာခေါင်းနှင့် လည်ချောင်းတွင် ပြဿနာရှိနေခြင်း - အာသီးနှင့် လည်ချောင်းပတ်ဝန်းကျင်တွင် ကျောက်တည်ခြင်း၊ နှာခေါင်း၊ နှာခေါင်းနှင့်ဆက်စပ်သည့်လမ်းကြောင်းတို့ရောင်ခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်။

·         ခံတွင်းအနံ့ထွက်စေသည့် ရောဂါရှိနေခြင်း ( ဥပမာ - ကင်ဆာ၊ အသည်းရောဂါ၊ အစာအိမ်ရှိ အက်စစ်များ အစာရေမျိုပြွန်သို့ ပြန်တက်သည့်ရောဂါ  )


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင့်ခံတွင်းအနံ့ထွက်ပါက သင်၏ ခံတွင်းသန့်ရှင်းရေးအလေ့အထကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ အစာစားပြီးတိုင်း သွားတိုက်ပေးခြင်း၊ တစ်နေ့နှစ်ခါ သွားတိုက်ပေးခြင်း၊ ခံတွင်းသန့်စင်သည့် ငုံဆေးရည်ဖြင့် အာလုပ်ကျင်းခြင်း နှင့် ရေများများသောက်ခြင်းတို့ ပြုလုပ်ပေးရမည်။ ထိုသို့အလေ့အကျင့်များ ပြောင်းလဲသော်လည်း ခံတွင်းအနံ့ဆက်လက်ထွက်နေပါက သွားဆရာဝန်နှင့် သွားရောက် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

စစ်ဆေးမှုများ

စစ်ဆေးမှုများအနေဖြင့် နှာခေါင်းနှင့် ခံတွင်းအနံ့ကို နှိုင်းယှဉ်ခြင်း၊ ခံတွင်းအနံ့နံခြင်းကို အဆင့်သတ်မှတ်ခြင်း၊ လျှာ၏အနောက်ပိုင်းကိုခြစ်၍ လျှာတွင်အနံ့ထွက်သည့် စားကြွင်းစားကျန်၊ ပစ္စည်းရှိမရှိ ဆန်းစစ်ခြင်း စသည်တို့ ပြုလုပ်နိုင်သည်။


ကုသခြင်း

ခံတွင်းကြောင့်ဖြစ်သော အနံ့ထွက်ခြင်းတွင်မူ သွားဆရာဝန်သည် အောက်ပါကုသခြင်းများ ပြုလုပ်နိုင်သည်။

  • ခံတွင်းအနံ့ထွက်ခြင်းသည် ဗက်တီးရီးယားများ ပေါက်ဖွားခြင်းကြောင့် ဖြစ်သည်ဟု ယူဆပါက ပိုးသတ်နိုင်သည့် ဂုဏ်သတ္တိရှိသည့် ခံတွင်းဆေးရည် နှင့် သွားတိုက်ဆေး အသုံးပြုရန် ညွှန်ကြားလိမ့်မည်။
  • ဗက်တီးရီးယားများ ပိုမိုပေါက်ဖွားစေနိုင်သည့် သွားပိုးပေါက်ရှိခြင်း၊ သွားဖုံးရောင်ခြင်း တို့ရှိနေပါက လိုအပ်သည့် ကုသမှုများကို ပြုလုပ်ခြင်းဖြင့် ကုသနိုင်ပါသည်။

ကာကွယ်ခြင်း

ခံတွင်းအနံ့ထွက်ခြင်းကို လျော့ကျစေသည့် နည်းလမ်းများမှာ

  • အစာစားပြီးတိုင်း သွားတိုက်ခြင်း။
  • ကြိုးဖြင့် သွားကြားမှ အစာများကို ဖယ်ထုတ်ခြင်း။
  • လျှာကိုခြစ်ပေးခြင်း။
  • သွားအံကပ်ကို အမြဲသန့်ရှင်းပေးခြင်း။
  • ခံတွင်းမခြောက်အောင် ရေများများသောက်ပေးခြင်း၊ ပီကေဝါးခြင်း၊ ချိုချဉ်စားခြင်း တို့ပြုလုပ်နိုင်သည်။ ခံတွင်းခြောက်စေသည့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
  • အသား၊ငါး၊အဆီ၊ ဟင်းသီးဟင်းရွက်စသည်တို့ကို မျှတအောင်စားသောက်ခြင်း။
  • သွားပွတ်တံကို ၄လ တစ်ခါ လဲလှယ်ပေးခြင်း။
  • ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးခြင်း စသည်တို့ပြုလုပ်သင့်ပါသည်။

 

Ref: Mayo Clinic

Translated By Dr. Pyae Phyo Aung (7887 Healthcare Call Center)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18