Print

သတိပြုဖွယ် ခွေးရူးရောဂါ

  03-Jan-2018
Preview Image

ခွေးရူးရောဂါဆိုတာ ရောဂါရှိတဲ့ ခွေးကိုက်ခံရလို့ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ရင် ရာနှုန်းပြည့်သေနိုင်ပါတယ်။ ကာကွယ်လို့လည်း ရပါတယ်။ ဖြစ်တဲ့လူတိုင်းကတော့ ဦးနှောက်အသားရောင်ရမ်းပြီး သေဆုံးရတာ ဖြစ်ပါတယ်။ 


ရောဂါဖြစ်ပွားမှုအတိမ်အနက်

 မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခွေးရူးရောဂါ ဖြစ်နိုင်ခြေရှိသူ ၁.၄ သန်းခန့် နေထိုင်ကြပါတယ်။ တစ်နှစ်ကို ခွေးရူးရောဂါ ဖြစ်ပွားမှု တစ်သိန်းမှာ ၀.၃၅ ရှိပါတယ်။ ကိန်းဂဏန်းအရ ငယ်ပေမဲ့ ဒါဟာ အရှေ့တောင်အာရှမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင်လည်း ခွေးရူးရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးထဲက တိုင်းပြည်တစ်ပြည်လည်း ဖြစ်ပါတယ်။ ဒါက မည်းမည်းမြင်တွေ့ပြီး ကိုက်တတ်တဲ့ ခွေးလေခွေးလွင့်တွေကြောင့် အများဆုံးဖြစ်ပါတယ်။


မြန်မာပြည်တွင် ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ရောဂါဖြစ်ပွားရန် အန္တရာယ်ရှိသူများ

 ဒါက ရှင်းပါတယ်။ ရောဂါပိုးရှိတဲ့ ခွေးကိုက်ခံရလို့ပါ။ ဗိုင်းရပ်စ်ပိုးက ကိုက်ခံရတဲ့ နေရာကနေ ဗဟိုအာရုံကြောစနစ်ဆီ တက်သွားပြီး ဦးနှောက်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ရေကြောက်တာ၊ အလင်းကြောက်တာ၊ တက်တာ၊ ရူးသွပ်တဲ့ လက္ခဏာတွေပြတာ ဖြစ်ပါတယ်။ 

 ကာကွယ်ဆေးမထိုးထားတဲ့သူတွေက ရောဂါရာနှုန်းပြည့် ဖြစ်ပွားနိုင်ခြေရှိပြီး အသက်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ သူတွေက ကလေးတွေ အများဆုံးဖြစ်ပြီး ကိုက်ခံရပြီဆိုလျှင် မပေါ့ဆဘဲ အမြန်ဆုံး ဆေးကုသမှုခံသင့်ပါတယ်။ တခြားဖြစ်နိုင်သူတွေကတော့ တိရစ္ဆာန်ကိုင်တွယ်ပြီး အလုပ်လုပ်ရသူတွေ၊ တိရစ္ဆာန်ကု ဆရာဝန်တွေဖြစ်ပါတယ်။ 


လျစ်လျူရှုထားသော ပြဿနာတစ်ခု

 မှန်ပါတယ်။ မြန်မာပြည်မှာ ဒါက တော်တော်များများက အသေးအဖွဲ့သာသာ ယူဆထားတဲ့ ပြဿနာ ဖြစ်နေတုန်းပါ။ သီရိလင်္ကာလို တိုင်းပြည်မျိုးမှာ ခွေးတွေကို အစုလိုက် ကာကွယ်ဆေးထိုးပေးခြင်း ပြုလုပ်ပေးခဲ့တာနဲ့အညီ ဖြစ်ပွားမှု ကျဆင်းလာခဲ့တာ အလွန်သိသာပါတယ်။ ပြည်သူလူထုကလည်း အာရုံစိုက်ပြီး ပါဝင်ရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။


ကာကွယ်ရန် နည်းလမ်းများ

 ရန်ကုန်မှာဆိုရင် အိမ်တိုင်း ကားမရှိရင်သာနေမယ်။ လမ်းတိုင်းမှာ ခွေးလေခွေးလွင့်တွေ ပေါများလှပါတယ်။ အစုလိုက်ဖွဲ့ကာ ကိုက်ခြင်း၊ ဟောင်ခြင်း စသည်တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသလို ခွေးများမှ အညစ်အကြေးများ သန်းများကလည်း ဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ ခွေးရူးရောဂါ ဖြစ်ပါတယ်။ ခွေးပိုင်ရှင်များအနေနဲ့ မိမိခွေးကို လည်ပတ်ပတ်ရုံ အစာကျွေးရုံနှင့် လုံးဝမပြီးပါ။

 မိမိခွေးကို အများသူငါ ဘေးမဖြစ်စေရန် ထိန်းသိ်မ်းဖို့ တာဝန်ရှိပါတယ်။ ကာကွယ်ဆေးထိုးရပါမယ်။ လမ်းဘေးခွေးများကို မွေးရန်အတွက်လည်း တခြားတိုင်းပြည်တွေမှာလို ကာကွယ်ဆေးထိုးခြင်း သေချာမွေးခြင်း၊ အများသူငါ စိတ်အနှောင့်အယှက်မဖြစ်ရန် တာဝန်ယူခြင်းတွေ လုပ်ရမှာဖြစ်တယ်။ ဒီ့အပြင် အစိိုးရက လူမှုပတ်ဝန်းကျင်တွင် မလိုလားလောက်အောင် များပြားနေသော ခွေးများကို လျှော့ချရန် သန္ဓေတားမြစ်ခြင်းများတွင် ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


ကာကွယ်ထိန်းသိမ်းမှု မရှိလျှင် ဖြစ်လာနိုင်သောနောက်ဆက်တွဲများ

 ခွေးရူးရောဂါကာကွယ်ဆေးများရဲ့ စရိတ်သည်လည်း အထိုက်အလျောက် စျေးကြီးပါတယ်။ တိုင်းပြည်တစ်ပြည် ထူထောင်ချိန်တွင် သည်စရိတ်စကများစွာ ကုန်ကျနေပါက အဆင်မပြေနိုင်ပါ။ သို့ကြောင့် ခွေးရူးရောဂါ ရှင်းလင်းစေရန် လူထုတွင် တာဝန်များစွာရှိသည်မှာ အလွန်ရှင်းပါတယ်။ ကြပ်မတ်ကုသဆောင်တွင် တစ်ရက်တာ ကုန်ကျမှု စရိတ်တင် အလွန်မြင့်ပါတယ်။ အသက်မရှူနိုင်သောကြောင့် အသက်ရှူစက်များဖြင့် အသက်ရှူစေခြင်း၊ အာဟာရစရိတ်များ အခြားကုသမှုစရိတ်များ ဖြစ်ပါတယ်။ ထိုကုန်ကျမှုများကို လျှော့ချရန် ပြည်သူလူထု ပါဝင်မှုများကို လွန်စွာ မျှော်လင့်ထားပါကြောင်းနှင့် နိဂုံးချုပ်ပါရစေ။


Dr.Oliver

Credit: ဒေါက်တာဘုန်းမြတ်ကျော်

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18