Print

First Aid for Drowning ရေနစ်ခြင်း ရှေးဦးသူနာပြ

  30-Dec-1899
Preview Image

ရေနစ်ခြင်းဟာ အရေးပေါ်ဖြစ်တယ်။ အသက် ၁-၄ နှစ်ကြားအများဆုံးနဲ့ အသက် ၁၄ နှစ်အောက်မှာ ဒုတိယအများဆုံး သေစေတဲ့မတော်မဆဖြစ်မှုဖြစ်တယ်။ ပထမဆုံး လုပ်ရမှကြ ရေနစ်သူကို ရေထဲကနေဆွဲထုတ်ယူပါ။ ကယ်ဆယ်ရေးဟာ နောက်မကျသေးဖူးလို့သိထားပါ။ အသက်ရှူသေးရင် သူ့ကိုကျောခင်းသိပ်ထားပေးပါ။ အသက်ရှူတာကိုဆက်ရှူစေအာင် သတိထားပြီး အကူအညီရယူပါ။ လိုလာရင် CPR လုပ်ပါ။ပြန်လည်မလာလည်း အကူအညီမလာမချင်း ဆက်လုပ်နေပါ။

 

၁။ အသက်ရှူလမ်းကြောင်းစစ်ဆေးပြုပြင်ပေးပါ

---------------------------------------------------

ပါးစပ်နဲ့ နှာခေါင်းမှာ ဘာတခုမှ ဆို့နေပိတ်နေတာမရှိပါစေနဲ့။ ခေါင်းကို တဖက်ဖက်မှာ နည်းနည်းလေးစောင်းပေးထားပါ။ မေးကိုရှေ့ဖက်ဆီဆွဲယူပေးထားပါ။ရှေ့ဆိုတာသူ့မျက်နှာမူရာကို ပြောတာ။ အသက်ရှူနေ မနေစစ်ဆေးပါ။ ရင်ပတ်ဖေါင်း-ပိန်ဖြစ်နေသလား၊ နှာခေါင်းမှာ လေအဝင်-အထွက်ရှိသလား၊ နားထောင်ပါ၊ ကြည့်ပါ။

 

၂။ အသက်မရှူဖူးဆိုရင်

--------------------------

အသက် ၁ နှစ်အောက်ကလေး = ကလေးပါးစပ် + နှာခေါင်းမှာ မိမိပါးစပ်ကိုငုံပြီးလေမှုတ်သွင်းပါ။ ၁ စက္ကန့်ကြာ၂ ခါမှုတ်ပြီး ကလေးကိုကြည့်ပါ။ကလေး ၁ နှစ်အထက် = ကလေးနှာခေါင်းကို မိမိလက်နဲ့ပိတ်ထားပြီး ပါးစပ်-ပါးစပ်နဲ့ ၁-၂ စက္ကန့်ကြာ ၂ ခါမှုတ်ပြီး ကလေးကိုကြည့်ပါ။

 

၃။ ကလေးရင်ပတ် နိမ့်ချည်-မြင့်ချည်ဖြစ်လာရင်

---------------------------------------------------

လက်ကောက်ဝတ်သွေးခုန်တာစမ်းပါ။ လက်မအထက်နေရာ။ ကလေး ရင်ပတ် နိမ့်ချည်-မြင့်ချည်မဖြစ်ရင် ကလေးခေါင်းကို ပိုစောင်းပေး၊ မေးကိုဆွဲဆန့်ပြီးလေမှုတ်သွင်းတာထပ်လုပ်ပါ။

 

၄။ လက်ကောက်ဝတ်သွေးခုန်တာစမ်းခြင်း

----------------------------------------------

ကလေးငယ်လွန်းရင် လက်မောင်းအတွင်းဖက် (ရင်ပတ်ဖက်) နေရာက စမ်းပါ။ မိမိလျက်ချောင်း ၂ ချောင်းသုံးပါ။ အသက် ၁ ခါရှူရင် သွေးခုန်တာ ၃ ခါလောက်နှုန်းရှိမယ်။

 

၅။ လက်ကောက်ဝတ်သွေးခုန်တာစမ်းရရင်

----------------------------------------------

ကလေးငယ်ဆိုရင် မိမိစိတ်ထဲမှာ သူ့နို့နှစ်ဖက်ကိုမျဉ်းဆွဲပြီး အောက်လက်၂ လုံးနေရာမှာ လက်မဝက်အထိ အောက်ကျသွားအောင် ၅ ခါဖိပါ။ တခါမှာ ၃ စက္ကန့်ကြာမယ်။ ၅ ခါပြီးရင် လေ ၁ ခါမှုတ်ပါ။ ကလေးနည်းနည်းကြီးရင် ရင်ညွန့်ရိုးမှာ ၁ လက်မအထိ အောက်ကျသွားအောင်ထိပါ။ လက်ကောက်ဝတ်သွေးခုန်တာ စမ်းရတဲ့အထိနဲ့ အကူအညီ လာတဲ့အထိသည်အတိုင်း(လေသွင်းနည်း + ရင်ပတ်ဖိနည်း) သာလုပ်ပါ။ဆေးပညာရှင်တွေကတော့ အခုရေးတဲ့နည်းကိုသာညွှန်းပါတယ်။ ရုပ်ရှင်တွေထဲမှာ တချို့ကနည်းစနစ်ကျတယ်။ တချို့မှားတယ်။ ဟောလိဝုဒ်ကားတွေမှာ မင်းသား မင်းသမီးရေနစ်ရင် လည်ပင်းသွေးကြောချည်းသာ စမ်းကြတယ်။ အဲလိုလုပ်ရတာ လက်တွေ့မှာ မလွယ်ပါ။ လက်ကောက်ဝတ်နဲ့ လက်မောင်း အတွင်းကစမ်းတာကသာ လွယ်တယ်။ ဘေးဝပ်ချ် ဆီးရီးစ်ထဲမှာတော့ နည်းမှန်တယ်။

 

Ref:

ဒေါက်တာတင့်ဆွေ

၄-၈-၂ဝ၁၅

First Aid for Drowning ရေနစ်ခြင်း ရှေးဦးသူနာပြု

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18