Print

နှလုံးကျန်းမာစေသောမြေထဲပင်လယ်ဒေသ ပုံစံစားသောက်နည်းစနစ်

  15-Aug-2017
Preview Image

မြေထဲပင်လယ်ဒေသပုံစံစားသောက်နည်းဆိုသည်မှာကျန်းမာရေးနှင့်ညီညွတ်သောအသီးအရွက်၊သား၊ငါးများကိုသုံးပြီးမြေထဲပင်လယ်ဒေသပုံစံချက်ပြုတ်နည်းများကိုအသုံးပြုထားသောကျန်းမာရေးနှင့်ညီညွတ်သည့်စားသောက်နည်းဖြစ်သည်။ထိုစားသောက်နည်းစနစ်သည်နှလုံးကျန်းမာလိုသောစားသောက်ပုံကိုအလိုရှိသူများအတွက်လည်းသင့်တော်ပါသည်။


ထိုစားသောက်ပုံသည်အခြေခံကျသောကျန်းမာရေးနှင့်ညီညွတ််သည့်စားသောက်ပုံကိုရိုးရာသံလွင်ဆီ၊၀ိုင်နီပေါင်းစပ်ပြီးမြေထဲပင်လယ်ဒေသရိုးရာချက်ပြုတ်နည်းအတိုင်းချက်ပြုတ်ထားသောစားသောက်နည်းတစ်ခုဖြစ်သည်။


ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ပုံတွင်ယေဘုယျအားဖြင့်အသီးအရွက်၊ငါးအမျိုးမျိုး၊အစေ့အဆန်ပါ၀င်ပြီးကျန်းမာရေးကိုထိခိုက်စေသောအဆီများကိုမသုံးရန်ကန့်သတ်ထားသည်။ထိုစားသောက်ပုံသည်လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီးအားလုံးလက်ခံထားကြသော်လည်းပါ၀င်မှုအနည်းအများအပေါ်မူတည်ကာနှလုံးရောဂါဖြစ်နိုင်ချေအနည်းအများကွာခြားနိုင်သည်။


လေ့လာတွေ့ရှိချက်များအရမြေထဲပင်လယ်ဒေသပုံစံစားသောက်နည်းသည်နှလုံးရောဂါဖြစ်ပွားမှုနှုန်းကိုလျော့ကျစေသည်။ထိုစားသောက်မှုပုံစံသည်မကောင်းသောအဆီတစ်မျိုးဖြစ်သည့် LDL cholesterol ကိုလျော့နည်းစေပြိးသွေးကြောထဲတွင်ပိတ်ဆို့ခြင်းမှကာကွယ်ပေးနိုင်ပါသည်။

ကျန်းမာသောအရွယ်ရောက်ပြီးသူ ၁ သန်းခွဲကိုစစ်ဆေးတွေ့ရှိချက်အရဖော်ပြပါမြေထဲပင်လယ်ဒေသပုံစံစားသောက်မှုပုံစံသည်နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေရုံသာမကသေဆုံးနှုန်းကိုလည်းလျော့ကျစေသည်။


ထိုစားသောက်မှုပုံစံသည်ကင်ဆာဖြစ်နှုန်း၊ Parkinson ရောဂါဖြစ်နှုန်းနှင့် သတိမေ့ရောဂါ(Alzheimer's disease)ဖြစ်နှုန်းတို့ကိုလျော့ကျစေသည်။ထိုစားသောက်မှုပုံစံကိုသံလွင်ဆီ၊အစေ့အဆန် တို့နှင့်ရောပြီးစားသောအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နှုန်းကိုလျော့ကျစေနိုင်သည်။

မြေထဲပင်လယ်ဒေသပုံစံစားသောက်နည်းတွင် -


- အဓိကအားဖြင့်အပင်မှရသောအစားအစာများ(အသီးအနှံ၊အရွက်၊အစေ့အဆန်၊ပဲအမျိုးမျိုး)

- ထောပတ်အစားကျန်းမာရေးနှင့်ညီညွတ်သောအဆီများ(သံလွင်ဆီ၊ဟင်းရွက်ဆီ)

- ဆားအစားထိုးဟင်းခတ်အမွှေးအကြိုင်များကိုသုံးခြင်း

- နီသောအသား(အမဲသား၊၀က်သား)တို့ကိုတစ်လလျှင်အကြိမ်အနည်းငယ်သာစားခြင်း

-  ငါးအမျိုးမျိုးနှင့်ကြက်သား ၊ဘဲသား တို့ကိုတစ်ပတ်နှစ်ကြိမ်စားခြင်း

- မိသားစုမိတ်ဆွေများနှင့်အတူစားသုံးခြင်း

- ၀ိုင်နီကိုအသင့်အတင့်သောက်သုံးခြင်း

- လေ့ကျင့်ခန်းများများလုပ်ခြင်း စသည်တို့ပါ၀င်ပါသည်။


မြေထဲပင်လယ်ဒေသပုံစံစားသောက်နည်းတွင်အသီးအနှံ၊အရွက်၊ပါစတာခေါက်ဆွဲနှင့်ထမင်းတို့ပါ၀င်သည်။ဥပမာ-ဂရိဒေသခံများကနီသောအသားနှင့်ဓါတ်တိုးဆန့်ကျင်ပေးသောအသီး၊အရွက်များတစ်ခါလျှင်နည်းနည်းနှင့်တစ်နေ့ကိုးကြိမ်ခန့်စားသုံးလေ့ရှိသည်။

မြေထဲပင်လယ်ဒေသမှအစေ့အဆန်များသည်မကောင်းသောအဆီအနည်းငယ်သာပါ၀င်ပြီးပေါင်မုန့်ကိုအဓိကအစားအစာအဖြစ်စားသုံးကြသည်။သို့သော်လည်းပေါင်မုန့်ကိုသီးသန့်(သို့)သံလွင်ဆီနှင့်စားပြီးထောပတ်၊မာဂျရင်းစသောပြည့်ဝဆီပါသောအစားအစာများနှင့်တွဲကာ

မစားသုံးကြပေ။


အစေ့အဆန်များသည်လည်းမြေထဲပင်လယ်ဒေသပုံစံစားသောက်ပုံဧ။်တစ်စိတ်တစ်ပိုင်းဖြစ်သည်။အစေ့အဆန်များတွင်မပြည့်ဝဆီနှင့်ကယ်လိုရီများအဓိကပါ၀င််သောကြောင့်တစ်နေ့ကိုလက်တစ်ဆုပ်စာထက်ပိုကာအလွန်အကျွံမစားသင့်ပေ။သကြားခတ်ထားသော(သို့)ဆားလှော်ထားသောအစာများကိုရှောင်ရှားရမည်။


မြေထဲပင်လယ်ဒေသပုံစံစားသောက်ပုံတွင်အဆီစားသုံးမှုကိုကန့်သတ်မထားဘဲအဆီအမျိုးအစားကိုကန့်သတ်ထားသည်။မပြည့်ဝဆီဖြစ်သောသံလွင်ဆီကိုအဓိကသုံးခြင်းအားဖြင့်မကောင်းသောအဆီ(LDL Cholesterol level)ကိုလည်းလျော့ချပေးနိုင်သည်။သဘာဝအတိုင်းထုတ်လုပ်ထားသောသံလွင်ဆီတွင်ဓါတ်တိုးဆန့်ကျင်မှုအာနိသင်ရှိသောအပင်ထွက်အရာများလည်းပါ၀င်သည်။


အခြားသောမပြည့်ဝဆီဖြစ်သောဟင်းသီးဟင်းရွက်ဆီနှင့်အစေ့များ

တွင် အိုမီဂါ-၃ ပါ၀င်သည်။ထိုသို့ပါ၀င်မှုကြောင့်သွေးခဲခြင်းကိုကာကွယ်ပေးပြီးနှလုံးရောဂါ၊သွေးတိုးခြင်းတို့ကိုလည်းကာကွယ်ပေးနိုင်သည်။

ငါးအမျိုးမျိုး(မက်ကရယ်ငါး၊ပင်လယ်ငါးသလောက်၊တူနာ၊ဆော်လမွန်၊ရေချိုငါး)တို့တွင်လည်း အိုမီဂါ-၃ ပါ၀င်မှုများကာ

မြေထဲပင်လယ်ဒေသပုံစံစားသောက်ပုံ၏အဓိကစားသုံးသောအရာဖြစ်သည်။


အချို့ သုတေသနပြုချက်များတွင်အရက်အသင့်အတင့်သောက်ခြင်းကလည်းနှလုံးရောဂါဖြစ်နှုန်းကိုလျော့ချပေးကြောင်းဖော်ပြထားသည်။မြေထဲပင်လယ်ဒေသပုံစံစားသောက်ပုံတွင်အမျိုးသမီးနှင့်အသက် ၆၅ နှစ်ကျော်အမျိုးသားများတွင်တစ်ပတ်လျှင် ၅ အောင်စ၊အသက် ၆၅ နှစ်အောက်အမျိုးသားများတွင် ၁၀ အောင်စထက်မပိုသောဝိုင်သောက်ခြင်းကိုအားပေးသည်။သို့သော်ထိုသူသည် အရက်အလွန်အကျွံသောက်သုံးတတ်သူ၊နှလုံးရောဂါ၊အသည်းရောဂါ ရှိသူဖြစ်လျှင် ၀ိုင်(သို့မဟုတ်)အရက်မသောက်သုံးသင့်ပေ။


မြေထဲပင်လယ်ဒေသပုံစံစားသောက်ပုံသည်အရသာရှိရုံသာမကကျန်းမာရေးနှင့်လည်းညီညွတ်သည်။ထိုပုံစံမစားသောက်မီအောက်ပါအချက်များကိုသိထားရန်လိုအပ်သည်။


(၁)အစေ့အဆန်များများစားပါ။ဗာဒံစေ့၊သိဟိုဠ်စေ့၊သစ်ကြားစေ့ လက်တစ်ဆုပ်စာကိုသားရေစာအနေနှင့်စားသုံးနိုင်သည်။မြေပဲထောပတ်၊နှမ်းယို တို့ကိုလဲပေါင်မုန့်နှင့်တွဲစားနိုင်သည်။ထောပတ်အစားသံလွင်ဆီ(သို့)ဟင်းရွက်ဆီတို့ကိုဟင်းချက်ရာတွင်သုံးနိုင်ပါသည်။


(၂)ဟင်းခတ်အမွှေးအကြိုင်သုံးပါ။ဟင်းခတ်အမွှေးအကြိုင်ဟာအစားအသောက်ကိုအရသာရှိစေရုံသာမကကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။ ဒါကြောင့်အစားအသောက်တွေကိုဆားမသုံးဘဲဲဟင်းခတ်အမွှေးအကြိုင်သုံးပါ။


(၃)ငါးများများစားပါ။တစ်ပတ်ကိုတစ်ကြိမ်(သို့)နှစ်ကြိမ်စားပါ။ငါးအရှင်(သို့)လတ်ဆတ်သောမက်ကရယ်ငါး၊ပင်လယ်ငါးသလောက်၊တူနာ၊ဆော်လမွန်၊ရေချိုငါး တွေဟာကောင်းမွန်သောရွေးချယ်မှုတွေဖြစ်ပါတယ်။ငါးကင်ကအရသာကောင်းသော်လည်းသန့်ရှင်းအောင်လုပ်ဖို့လိုပါတယ်။ဟင်းရွက်ဆီနဲ့မကြော်ထားတဲ့ငါးကြော်ဆိုရင်လည်းရှောင်ရှားသင့့််ပါတယ်။


(၄)နီသောအသားတွေကိုလျော့စားပြီး ငါးနှင့်ကြက််သား၊ဘဲသားပိုစားပါ။စားလျှင်လည်းအဆီမပါဘဲအသားချည်းဘဲစားပါ။၀က်အူချောင်း၊ဲကြက်အူချောင်း၊၀က်ပေါင်ခြောက်နှင့်အဆီအလွန်အကျွံပါသောအစာများကိုိုရှောင်ရှားပါ။


(၅)အဆီနည်းသောနို့နှင့်နို့ထွက်အစာများကိုစားပါ။အဆီမထုတ်ထားသောနွားနို့၊ဒိန်ခဲ၊ရေခဲမုန့်များကိုလျော့စားပါ။အဆီထုတ်ထားသောနွားနို့၊ဒိန်ခဲ၊ဒိန်ချဉ်များကိုစားပါ။


(၆)ရောဂါကြီးကြီးမားမားမရှိလျှင်ညနေစာစားပြီးတိုင်း၀ိုင်တစ်ခွက်သောက်သုံးနိုင်ပါသည်။အရက်မသောက်တတ်လျှင်ခရမ်းရောင်စပျစ်ရည်ကိုသောက်သုံးပေးနိုင်ပါတယ်။


Credit: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18