Print

သားအိမ်ပြင်ပတွင် နေရာမှားသန္ဓေတည်ခြင်း

  04-Aug-2017
Preview Image


သားအိမ်ပြင်ပတွင် နေရာမှားသန္ဓေတည်ခြင်းဆိုသည်မှာ သန္ဓေအောင်သောသားဥသည် သားအိမ်တွင်းတွင် သန္ဓေမတည်ဘဲ သားအိမ်ပြင်ပတစ်နေရာရာတွင် သန္ဓေတည်ခြင်းဖြစ်သည်။ သားအိမ်ပြင်ပတွင် နေရာမှားသန္ဓေတည်ခြင်းသည် သားဥအိမ်မှာ သားအိမ်သို့သားဥကလေးများကို သယ်ဆောင်ပေးသော ပြွန်တလျောက်တွင် များသောအားဖြင့် ဖြစ်ပေါ်တတ်သည်။ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းသည် ကလေးကလည်း အသက်မရှင်နိုင်သလို ထိုသားဥကလေးကြီးထွားလာသည်နှင့် အလျောက် မိခင်၏ကိုယ်တွင် အင်္ဂါများကို ထိခိုက်စေနိုင်သည်။ မကုသပဲထားပါက သွေးထွက်လွန်ပြီး အသက်သေဆုံးသည်ထိ ဖြစ်စေနိုင်သည်။


 လက္ခဏာများမှာ ရာသီထိန်ခြင်း၊ ရင်သားတင်းရင်းခြင်း၊ မူးဝေခြင်းကဲ့သို့သော ကိုယ်ဝန်ရှိခြင်း လက္ခဏာများအပြင် မိန်းမကိုယ်မှ သွေးနည်းနည်းဆင်းတတ်သည်။ သားဥပြွန်ထဲတွင် သန္ဓေတည်ပါက ပခုံးထိပ်နာခြင်း၊ ဝမ်းသွားချင်သလိုလို ဖြစ်ခြင်းများလည်း ဖြစ်တတ်သည်။ အကယ်၍ သားဥပြွန်ပေါက်သွားပါက ဝမ်းခေါင်းအတွင်း သွေးအလွန်အကျွံထွက်ခြင်းဖြစ်နိုင်သည်။ ပုံမှန်တွင် မသားဥနှင့် သုက်ကောင်တို့သည် သားဥပြွန်ထဲတွင် ပေါင်းစည်းပြီး သားအိမ်ထဲသို့ ဆင်းလာ၍ သန္ဓေတည်ရသည်။ ထိုဆင်းရာလမ်းတလျောက်တွင် မဆင်နိုင်ပဲ ပြွန်ထဲတွင် သန္ဓေတည်ပါက သားအိမ်ပြင်ပနေရာမှား သန္ဓေတည်ခြင်းဖြစ်သည်။ ထိုသားဥပြွန်များ မွေးရာပါပုံသဏ္ဍာန်မမှန်ခြင်း၊ ခွဲစိပ်ခဲ့ရခြင်းကြောင့် ပုံပျက်နေခြင်းတို့သည် သားအိမ်ပြင်ပြနေရာမှား သန္ဓတည်ခြင်း ပိုဖြစ်နိုင်သည်။ 


အဖြစ်များသူများမှာ -

- အရင်တစ်ခါသားအိမ်ပြင်ပသန္ဓေတည်ဖူးသူ 

- သားဥပြွန်ရောင်ရမ်းခြင်း၊

- သားအိမ်၊ သားဥပြွန်၊ သားဥအိမ်များတွင် ပိုးဝင်ခြင်း

- သားအိမ်တွင်းထည့်သော သန္ဓေတားပစ္စည်းသုံးခြင်း

- ဆေးလိပ်သောက်ခြင်းရှိသူများတွင် အဖြစ်များသည်။ 

သားအိမ်ပြင်ပတွင်နေရာမှာ သန္ဓေတည်သည့် လက္ခဏာများဖြစ်လျှင် ဆေးရုံသို့အချိန်မှီ

သွားရမည်။ ဆရာဝန်မှစစ်ဆေးပြီးသားအိမ်ပြင်ပတွင် နေရာမှားသန္ဓေတည်ခြင်း သေချာပါက ခွဲစိတ်မှုမျိုး လုပ်ရနိုင်သည်။ သန္ဓေတည်သည့်နေရာနှင့် အခြေအနေပေါ်မူတည်၍ သားဥပြွန်ကို အပေါက်သေးသေးလေးဖောက်၍ သန္ဓေအောင်သားဥကို ထုတ်ခြင်းမှ သားဥအိမ်နှင့် သားအိမ်ကိုထုတ်ပစ်ရသည်အထိ ဖြစ်နိုင်သည်။


Credit: dr.AKH



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18