Print

ဝဲရောဂါ (Scabies)

  02-Aug-2017
Preview Image


Sorcoptes scabei ဟု သိပ္ပံအမည်ရှိသည့် ပိုးမွှားအမများကြောင့်ဖြစ်သော အရေပြားရောဂါ တစ်မျိုးဖြစ်သည်။ အလွန်ယားယံလေ့ရှိပြီး “ဝဲ” ရောဂါဟုခေါ်သည်။လူတစ်ဦးနှင့်တစ်ဦး အရေပြားချင်း ထိမိခြင်းမှ ကူးစက်နိုင်သည်။ အဖြစ်အများဆုံးနေရာများမှာ လက်ချောင်းကြား၊ ခြေချောင်းကြား၊ လက်ကောက်ဝတ်၊ ပေါင်ခြံနှင့် ချိုင်းကြားတို့၌ဖြစ်သည်။ မသန့်ရှင်းသောလက်ဖြင့် ကုတ်မိပါက ထပ်မံ၍ ပိုးဝင်ခြင်းကြောင့် ဝဲအနာများမှာ ပို၍ဆိုးတတ်သည်။


- ကျိုချက်ထားသော ရေနွေးနွေးဖြင့် ရေချိုးပြီး ဝဲအနာများအား သေချာစွာ ဆေးကြောရမည်။ 

- ပြီးလျှင် Permethrin cream ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိမ်းသင့်သည်။

- Percipitated sulfur 6% in petroleum, lindane, Benzyl benzoate, crotamiton နှင့် Ivermectin တို့ကိုလည်း သုံးနိုင်သည်။ အလွန်ယားယံပါက 10% calamine cream ကို လိမ်းနိုင်သည်။


အမြစ်ပြတ်ပျောက်ကင်းရန်မှာ ဝဲရောဂါရှိသူ၏ အဝတ်အစား၊ အိပ်ရာခင်းနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ရေနွေးဖြင့် သေချာစွာပြုတ်၍ ပိုးများသေအောင် ပြုလုပ်ရမည်။ ထို့အပြင် တစ်အိမ်တည်းနေ အခြားသူများ၏ အဝတ်အစားနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ရေနွေးဖြင့် ပြုတ်ခြင်းဖြင့်လည်း ကူးစက်မှုကို လျော့ချနိုင်သည်။ 


Credit: Soe Wai Yan



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18