Print

ဘေလုံးကွဲခြင်း (Ruptured Spleen)

  13-Jul-2017
Preview Image


ဘေလုံးကွဲထွက်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခုဖြစ်ပါတယ်။ ဘေလုံးဟာ ကိုယ်ခန္ဓာ၏ ဘယ်ဘက်နံရိုးအောက်နားတွင်ရှိပါတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်နှင့် သွေးလှည့်အဖွဲ ့အစည်းတွင် တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ ပြင်းထန်သောအားနှင့် ဝမ်းဗိုက်ကိုထိမိသည့်အခါမှသာ ဘေလုံးကွဲထွက်ခြင်းဖြစ်နိုင်ပါတယ်။ဥပမာ-လက်သီးနှင့်ထိုးခံရခြင်း၊  မတော်တဆမှုတစ်ခုခုကြောင့် ဝမ်းဗိုက်ဒဏ်ရာရခြင်း တို ့ကြောင့်ဖြစ်နိုင်ပါတယ်။ အရေးပေါ်ကုသမှုမခံလျှင် ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်ပြီး အသက်သေဆုံးနိုင်ပါတယ်။  ဒါကြောင့် ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ဝမ်းဗိုက်ကိုထိခိုက်မိလျှင်  မပေါ့ဆသင့်ပါဘူး။


ထိခိုက်မိပြီး အောက်ပါလက္ခဏာများပေါ်လာလျှင် နီးစပ်ရာဆေးရုံကို သွားသင့်ပါတယ်။

-ဝမ်းဗိုက်ဘယ်ဘက်အပေါ်ပိုင်း အထိမခံနိုင်အောင် နာကျင်ခြင်း

-ဘယ်ဘက်ပခုံးပါနာကျင်ခြင်း နှင့်ဘယ်ဘက်နံရိုးအောက်နားတွင် 


အညိုအမဲစွဲဒဏ်ရာများရှိခြင်း၊

-ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်သည့်အတွက် သွေးပေါင်ကျသည့် လက္ခဏာများပေါ်လာခြင်း( ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ ခြေဖျားလက်ဖျားများ

အေးစက်ခြင်း၊ရင်တုန်ခြင်း၊ 


အသက်ရှူမဝခြင်း၊ သတိလစ်ခြင်း )

       ဘေလုံးကွဲထွက်ခြင်းကို ဖြစ်စေနိုင်သောအကြောင်းအရာများတွင်  ဝမ်းဗိုက်ဘယ်ဘက်အပေါ်ပိုင်းထိခိုက်မိခြင်းအပြင် ရောဂါတစ်ခုခုကြောင့် အစကတည်းက ဘေလုံးကြီးနေပါကလည်း ကွဲထွက်နိုင်ပါတယ်။ဥပမာ-ရောဂါပိုးဝင်ခြင်း(mononucleosis,  toxoplasmosis, bacterial infections)၊ နာတာရှည်အသည်းရောဂါများ၊  သွေးကင်ဆာများ၊ဘေလုံးတွင် အရည်အိတ်တည်ခြင်း၊လေးဘက်နာရောဂါ တို ့ကြောင့်ဘေလုံးကြီးနိုင်ပါတယ်။ ကုသမှုအနေနှင့် ကွဲရာသေးပါကဆေးရုံတက်ပြီး ခွဲစိတ်မှုမလုပ်ပဲ သွေးသွင်းခြင်း၊အကြောဆေးသွင်းခြင်း၊ပိုးသတ်ဆေးပေးခြင်း စသည့်တို ့ပြုလုပ်ကာ စောင့်ကြည့်ကုသမည်ဖြစ်သည်။ ခွဲစိတ်ကုသဖို ့လိုမလို၊ အနာကျက်မကျက်ကို  ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး စောင့်ကြည့်မည်ဖြစ်သည်။ ကွဲရာကြီးပါကခွဲစိတ်ရမည်ဖြစ်ပါတယ်။

-Repairing the spleen- ဘေလုံးကွဲသည့်နေရာကိုသည် ပြန်ချုပ်ခြင်း

-Removing the spleen (Splenectomy)- ဘေလုံးတစ်ခုလုံးကို ထုတ်ပစ်ခြင်း

(ဘေလုံးမရှိတော့သည့်အတွက်ရနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးမှာ 

ရောဂါပိုးဝင်ရောက်လွယ်ပြီး ပိုးဆိပ်ပျံ ့နှံ ့နိုင်ပါတယ်။

သွေးတွင်းပိုးဆိပ်ပျံ ့နှံ့ခြင်းသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်များတွင် အဖြစ်များပါတယ်။ ဒါကြောင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေးနှင့် တုပ်ကွေးကာကွယ်ဆေးများကို ကြိုထိုးပေးထားလေ့ရှိပါတယ်။)

-Removing the part of the skin-ဘေလုံးကွဲသွားသည့် နေရာတစ်ပိုင်းလောက်ကိုသာ ဖြတ်တောက်ဖယ်ရှားခြင်း


     အကယ်၍သင့်မှာဘေလုံးကြီးနေပါက ရောဂါပိုးကူးစက်မခံရအောင် 

လူအများကြီးရှိသည့်နေရာကိုသွားခြင်းကို  ရှောင်ပါ။

အပြင်းအထန်အားကစားလုပ်ခြင်း၊အလေးအပင်မခြင်း၊

ဝမ်းဗိုက်ကိုထိခိုက်စေမည့် အခြားအပြုအမူများကိုရှောင်ကြဉ်ပါ။


Credit: Dr.Moon

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18