Print

အပူလောင်ခြင်း

  08-Jun-2017
Preview Image

အပူလောင်၍ အရေကြည်ဖုထခြင်း( အသေးစား အပူလောင်ခြင်း)


အားပေးခြင်း

• အပူလောင်၍ အရည်ကြည်ဖုထခြင်းသည် သာမန်အခြေအနေဖြစ်ပြီး အိမ်တွင်းကုသမှုပေးရုံဖြင့် သက်သာနိုင်ပါသည်။


ကုသနိုင်သော အိမ်တွင်းနည်းလမ်းများ

• အနာအား သန့်စင်ပေးခြင်း

• အရည်ကြည်ဖုရှိသောနေရာ သို့မဟုတ် အပူလောင်ထားသောနေရာကို ရေ နှင့် ပိုးသတ်ဆေးပါသော ဆေးရည်တိုဖြင့် အနည်းဆုံး တစ်နေ့ တစ်ခါ သန့်ရှင်းပေးပါ။


ပေါက်ပြဲနေသော အရည်ကြည်ဖု

• ပေါက်ပြဲနေသော အရေကြည်ဖုမှ အနာဖေးများအား ဖယ်ရှားပေးပါ။

• ဖယ်ရှားသောနည်းများ- အရေကြည်ဖုမှ အနာဖေးများအား ရေစွတ်ထားသော ဂွမ်းသို့မဟုတ် ရေစွတ်ထားသော အဝတ်သန့်သန့်ဖြင့် ပွတ်၍ ဖယ်ရှားပေးပါ။

• ထိုသို့ဖယ်ရှား၍ မရပါက ဇာဂနာဖြင့် ဖယ်ရှားပေးပါ။


အရည်ကြည်ဖုအတွက်လိမ်းဆေးလိမ်းနည်း

• အရည်ကြည်ဖုအတွက် ပိုးသတ်ဆေး လိမ်းဆေးကို ပတ်တီးစ သို့မဟုတ် ဂွမ်းစပေါ်တွင် လိမ်းပါ။

• ပြီးလျှင် ပတ်တီးစသို့မဟုတ် ဂွမ်းစ ကို အပူလောင်သောနေရာ သို့မဟုတ် အရည်ကြည်ဖုရှိသော နေရာတွင် အုပ်ပေးပါ။

• ပတ်တီးစ ကို နေ့စဉ်လဲပေးပါ။ ပတ်တီးစအသစ်မလဲမှီ အနာပေါ်ရှိ မကောင်းသော အနာဖေးများကွာအောင် ရေနွေးစွတ်ထားသော ဂွမ်းစ ဖြင့် ၂ချက်ခန့် ပွတ်ပေးပါ။

• မှတ်ချက်။ ။ အပူလောင်ထားသောနေရာအား ညင်သာစွာ ကိုင်တွယ်ပေးပါ။


မပေါက်ပြဲသော အရည်ကြည်ဖု

• မပေါက်ပြဲသော အရည်ကြည်ဖု အား မဖောက်ဘဲ ရရက်အထိ ထားပါ။

• ရရက်ကျော်ပါက အရည်ကြည်ဖုပေါ်ရှိ အရေပြားအား ညင်သာစွာ ခွာပါ။ အလွယ်ကူဆုံး ခွာနို်င်သောနည်းမှာ ရေစွတ်ထားသော ဂွမ်းစသို့မဟုတ် အဝတ်ဖြင့် ညင်သာစွာ ပွတ်၍ ခွာခြင်းဖြစ်ပါသည်။


ဖြစ်နိုင်ချေများ

• အပူလောင်ထားသောနေရာ သို့မဟုတ် အရည်ကြည်ဖု ဖြစ်နေသောနေရာသည် ပထမ ၂ရက် ၃ရက်တွင် ပို၍နာတတ်ပါသည်။

• အပူလောင်ခြင်း ပထမအဆင့် - သိပ်မပြင်းထန်သော အပူလောင်ခြင်းမျိုးတွင် အပူလောင်ခံထားရသော အရေပြားပေါ်မှ အနာဖေးသည် တစ်ပတ်ခန့် အကြာတွင် ကွာသွားလေ့ရှိသည်။ အပူလောင်ပြီး နှစ်ပတ်ခန့်အကြာတွင် နဂို အရေပြားအခြေအနေသို့ပြန်လည်ရောက်ရှိပြီး ကောင်းသွားတတ်သည်။

• အပူလောင်ခြင်း ဒုတိယအဆင့် - အနည်းငယ်ပြင်းထန်သော အပူလောင်ခြင်းမျိုးတွင် အရည်ကြည်ဖုသည် ပထမ ရရက်ခန့်အတွင်း ပေါက်သွားလေ့ရှိသည်။ အနည်းငယ်ပြင်းထန်သော အပူလောင်ခြင်းသည် အနာကျက်ရန်အတွက် ၂ပတ် ၃ပတ်ခန့် ကြာလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အပူလောင်ခံထားရသော နေရာမှ အရေပြားသည် အနာကျက်ပြီးနောက် မူလ အရေပြားထက် အရောင် အနည်းငယ် ဖြူခြင်း သို့မဟုတ် ညိုခြင်း ဖြစ်လေ့ရှိသည်။ 

• အမာရွတ်ထင်ခြင်း- သိပ်မပြင်းထန်သော အပူလောင်ခြင်း နှင့် အနည်းငယ်ပြင်းထန်သော အပူလောင်ခြင်းများတွင် အမာရွတ်ကျန်လေ့မရှိပါ။


အနာသက်သာစေသော ဆေးများ

• အနာသက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေး acetaminophen, ibuprofen, or naproxen များတိုက်နိုင်ပါသည်။ 

ဖုန်းပြန်လည် ခေါ်ဆိုသင့်သော အကြောင်းအရင်းများ

• အကိုက်အခဲ ပျောက်ဆေး သောက်ပြီးသော်လည်း ၂ နာရီ အတွင်းတွင် နာကျင်မှုမသက်သာပါက ပြန်လည်ခေါ်ဆိုပါ။

• အပူလောင်ထားသော ဒဏ်ရာတွင် ပြည်တည်ခြင်း၊ နာလာခြင်း၊ နီရဲလာခြင်းများရှိပါက ပြန်လည်ခေါ်ဆိုပါ။


နှုတ်ခမ်း သို့မဟုတ် လျာအပူလောင်ခြင်း

အားပေးခြင်း

• ပူသော ဟင်းရည်များ သောက်မိခြင်းကြောင့်ဖြစ်သော လျာအပူလောင်ခြင်း သည် ပုံမှန်အားဖြင့် ၂ရက်ခန့်တွင် ပြန်လည်သက်သာသွားလေ့ရှိပါသည်။

• လျာအပူလောင်ခြင်းသည် သာမန်အရေပြား အပူလောင်ခြင်းထက် ပို၍ အနာကျက်မြန်ပါသည်။


အိမ်တွင်းကုထုံးများ

• ရေခဲအုံပေးခြင်း

• အပူလောင်ပြီးပြီးခြင်း အပူလောင်သော နေရာတွင် ရေခဲဖြင့် ၁ဝမိနစ်ခန့် အုံပေးပါ။

• ရေခဲရေဖြင့် ၄နာရီခြားတစ်ခါခန့် အာလုတ်ကျင်းပေးပါ။


ဖြစ်နိုင်ခြေများ

• လျာအပူလောင်ခြင်းသည် ၂ရက်ခန့်အတွင်း သက်သာသွားလေ့ရှိသည်။ အပူပြင်းပြင်းနှင့် လောင်ပါက အရည်ကြည်ဖုဖြစ်လာနိုင်ပြီး ၃ ရက် ၄ ရက်ခန့်တွင် ပြန်လည်သက်သာသွားလေ့ရှိသည်။ လျာတွင်လည်း အဖြူကွက်လေးများကျန်ခဲ့လေ့ရှိသည်။


ဖုန်းပြန်လည် ခေါ်ဆိုသင့်သော အကြောင်းအရင်းများ

• အစာမျိုရ ခက်ခဲခြင်း

• အသက်ရှုရ ခက်ခဲခြင်း

• နာကျင်မှုမသက်သာခြင်း

မေးခိုင်ကာကွယ်ဆေးထိုးခြင်း

• သင် မေးခိုင်ရောဂါပိုးကာကွယ်ဆေး နောက်ဆုံး ထိုးထားသည်မှာ ၁ဝနှစ်ကျော်ပြီဖြစ်ပါက ကာကွယ်ဆေး ထပ်ထိုးသင့်ပါသည်။


Credit : Aye Myat Myintmo



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18