Print

သေစေနိုင်လောက်သည့် ဆေးမှားယွင်းသုံးစွဲမှုများ (၂)

  25-May-2017
Preview Image


ဆေးတစ်မျိုးက တစ်မျိုး၏ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပေသည်။ သို့ရာတွင် တကယ့်ပြဿနာက ဆေးနှစ်မျိုးနှင့်အထက် သောက်သုံးမိခြင်းသင်သောက်သော ဆေးတိုင်းတွင် ဘေးထွက်ဆိုးကျိုးများ၊ ရှိနို်င်ပေသည်။ သို့ရာတွင် တကယ့်ပြဿနာက ဆေးနှစ်မျိုးနှင့်အထက် တစ်ပြိုင်တည်း သောက်ရသောအခါများတွင် ပို၍ ဆိုးတတ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးအချင်းချင်း ပေါင်းစပ် အာနိသင်ပြနိုင်သော နည်းလမ်းများစွာရှိသောကြောင့် ဖြစ်သည်။ ဆေးတစ်မျိုး သည် နောက်တစ်မျိုး၏ အာနိသင်အား ယုတ်လျော့အောင် လုပ်တတ်သည်ကိုတော့ အများစုက ကြားဖူးနားဝရှိပေသည်။ သို့သော် ဆေးများမှာ အခြားဆေးတစ်မျိုး၏ အာနိသင်ကို ပိုကောင်အောင်လုပ်ပေးနိုင်သကဲ့သို့ အခြားဆေးတစ်မျိုး၏ ဘေးထွက် ဆိုးကျိုးကို ပိုဆိုးအောင်လည်း လုပ်နိုင်ပေသည်။ ထိုသို့သော ပေါင်းစပ်အာနိသင်များ အနက် သွေးပေါင်တက်ခြင်းနှင့် ခေါင်းမူးခြင်းတို့ကိုဖြစ်စေသော ပေါင်းစပ်အာနိသင်များမှာ ထင်ရှားပေသည်။


အကယ်၍ သင်ကသွေးပေါင်မြင့်တက်လာစေနိုင်သော ဆေးတစ်မျိုးအား သောက်နေသည်ဆိုပါစို့။ သင်က အလားတူဘေးထွက်ဆိုးကျိုးရှိသော နောက်ထပ်ဆေးတစ်မျိုးအား ထပ်သောက်ပါ လျှင် ဆေးနှသ်မျိုး၏ ပေါင်းစပ်အာနိသင်ကြောင့် သင့်သွေးပေါင်မှာ အလွန်အမင်းမြင့်တက် လာနိုင်ပေ သည်။ ခေါင်းမူးစေတတ်သော ဆေးတစ်မျိုးတည်းမှာ သိပ်ကိစ္စမရှိလှသော်လည်း နှစ်မျိုးဆိုပါက မူးစေလဲကျကာ အရိုးကျိုးခြင်းများ၊ ထို့ထက် ပိုဆိုးခြင်းများလည်း ဖြစ်ပေါ်လာစေနိုင်သည်။ သွေးခဲပျော်ဆေး သောက်နေရသူများမှာလည်း အလွန်ပင် သတိထားရပေသည်။ ထိုသူများတွင် ဆေးနည်းသွား၊ များသွားခြင်းသည် အသက်အန္တရာယ်ရှိသည်ထိ ဖြစ်နိုင်သည်။ ထို့ပြင် ဆေးအတော်တော်များများ ကလည်း ပေါင်းစပ်အာနိသင်များရှိခြင်းကြောင့် အလွန်ပင်သတိထားကာ မှ တော်ရုံကျပေသည်။


ဘယ်လိုရှောင်ရှာမလဲ

ဆရာဝန် သို့မဟုတ် ဆေးရောင်းသူအား သင်သောက်ရမည့်ဆေး ၏ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများအား မေးမြန်းပါ။ ဆေးဆိုင်မှဆေးအညွန်းစာရွက်အား နောက်ပိုင်းတွင် ဖတ်ရှုနိုင်ရန်တောင်းယူပါ။ သင်သောက်နေ ရသော ဆေးများ၏အညွှန်း စာရွက်များအား ဖိုင်တစ်ခုတွင် စည်းထားပါ။ သင်သောက်ရမည့် ဆေးအသစ်များ၏ အညွန်းနှင့် အဟောင်းများ၏အညွှန်းအား တိုက်ကာဖတ်ကြည့်ပါ။ ဆေးတစ်ခုထက် ပိုပြီး ဘေးထွက်ဆိုးကျိုးတစ်မျိုးတည်းပါနေသည်ကိုတွေ့လျှင် စိုရိမ်းစရာအခြေအနေရှိမရှိ သင့်ဆရာဝန်အား ပြန်လည်မေးမြန်းပါ။


Credit:

ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18