Print

သေစေနိုင်လောက်သည့် ဆေးမှားယွင်းသုံးစွဲမှုများ

  18-May-2017
Preview Image

ဆေးအာနိသင်တူညီသော ဆေးနှစ်မျိုးတစ်ပြိုင်တည်းသောက်မိပါက ဆေးများခြင်း

 ဆေးအမျိုးမျိုးအား ရောဂါအမျိုးမျိုးအတွက် ပေးထားသော်လည်း ထိုဆေးများ၏ အာနိသင်မှာ အတူတူပင်ဖြစ်နေနိုင်ပေသည်။ ထိုသို့ဖြစ်ခြင်းကို Health Ledger syndrome ဟု အမည်တပ်ကြ သည်။ ဥပမာ နာကျင်ခြင်း၊ စိုးရိမ်သောက ဝေဒနာနှင့် အိပ်မပျော်ခြင်းတို့အတွက် ဆေးသုံးမျိုးပေးထား ပါက ထိုသုံးမျိုးစလုံးသည် အိပ်ချင်သော အာနိသင်ကို ဖြစ်စေနိုင်ပြီး ပေါင်းစပ်ပါက အဆိပ်သင့်ဖြစ်ခြင်း ကို ဖြစ်စေနိုင်ပေသည်။ 


ဤကဲ့သို့သော ဆေးများလွန်ခြင်း အာနိသင်သည် ဗဟိုအာရုံကြောစနစ်အား ကျဆင်းစေသော ဆေးများတွင် အများဆုံးတွေ့ရတတ်သည်။ ဥပမာအားဖြင့် ဘိန်းအနွယ် အကိုက်အခဲပျောက်ဆေး Codeine, benzodiazepines နှင့် barbiturate တို့ကဲ့သို့သော အိပ်ဆေးများ၊ စိုးရိမ်သောက ဝေဒနာအတွက် ဆေးသစ်များ၊ သို့သော် ဆေးများလွန်းခြင်း သည် အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဘာမီတွန်ကဲ့သို့ နှာစေးပျောက်ဆေး များ၊ ချောင်းဆိုး၊ နှာစေးပျောက်ဆေးများ စသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်။ ယခုကဲ့သို့ ဆေးအာနိသင်တူညီသော ဆေးများ တစ်ပြိုင်တည်း သောက်ခြင်းကြောင့် အဆိပ်သင့်ခြင်းသည် လူရွယ်များတွင် ဆေးမှားယွင်းသုံးစွဲမှုကြောင့် သေဆုံးရခြင်းများ၏ အဓကတရားခံဖြစ်ပေသည်။


ဘယ်လိုရှောင်ရှားမလဲ

 ဆေးများ၏ အညွှန်းများ၊ အခွံများတွင် ပါဝင်သော သတိပေးစာတမ်းများအား သေချာစွာ ဖတ်ရှုလေ့လာပါ။ အဓိကစာလုံးများမှာ အိပ်ချင်ခြင်း၊ မူးဝေခြင်း၊ ထိုင်းမှိုင်းခြင်းစသည် တို့ဖြစ်သည်။ အကယ်၍ သင်သောက်ရမည့် ဆေး၏ သတိပေးစာတွင် ကားမောင်းနေစဉ် မသောက်ရဟု ရေးသားထားပါက ထိုဆေးများ သင့်အား အိပ်ငိုက်စေနိုင်သည်ဟု ဆိုလိုကြောင်း သိထားရမည်။ ထိုဆေးအား၊ အရက်၊ ဘီယာကဲ့သို့ ဗဟိုအာရုံကြော စနစ်အား ကျဆင်းစေသော အရာများနှင့် တွဲဖက်မသုံးမိစေရန်လည်း သတိထားရပေမည်။


ဆေးပမာဏ မှားသောက်မိခြင်း

 ဆေးများအား ပေးရာတွင် ပမာဏအား အတိုကောက်စာလုံး များဖြင့် ရေသားဖော်ပြလေ့ရှိကာ ၎င်းက ဆေးပမာဏမှားသောက်မိစေရန် ဖိတ်ခေါ်နေသည်။ ဥပမာ ဒဿမလေး တစ်လုံးသည် ၁.၀ မီလီဂရမ်မှ ၁၀ မီလီဂရမ်ဖြစ် သွားစေကာ ဆေးပမာဏ ဆယ်ဆထိကွာဟသွားစေနိုင်သည်။ ဆယ်ဆကွာသွားသော ပမာဏသည် လူကိုပင်သေစေနိုင်သည်။ အဆိုးရွားဆုံး ဆေးပမာဏမှားယွင်းမှု များမှာ မီလီဂရမ်နှင့် မိုက်ခရိုဂရမ်မှားယွင်းဖြစ်ဖြစ်ပြီး အဆတစ်ထောင်များပြားသွားစေ သည်။ ဆေးပမာဏမှားယွင်းခြင်းကဲ့သို့ ဆေးသောက်ရမည့်အကြိမ်ရေ ပိုသောက်မိခြင်းမျိုးလည်း ရှိတတ်ပေသည်။ တစ်နေ့တစ်ကြိမ်သောက်ရမိဆေးကို လေးကြိမ်သောက်မိခြင်းမျိုး ဖြစ်သည်။


ဘယ်လိုရှောင်ရှားမလဲ

 သင့်ဆရာဝန်က ဆေးအညွှန်းအရေးပေး လိုက်စဉ်ကတည်းက လက်ရေးပီသစွာရေးပေးလိုက်သလား ကြည့်ပါ။ သင်တောင်ဖတ်မရလျှင် ဆေးရောင်းသူ၊ သူနာပြုများလည်း မှားဖတ်နိုင်ပေသည်။ သင်ကဆေးအညွှန်းဖြင့် ဆေးဆိုင်မှာ ဆေးဝယ်သူဖြစ် ပါက ဆေးညွှန်းထဲတွင် ရေးထားသည့် ပမာဏနှင့် သုံးစွဲနေကျ ပမာဏတူ မတူကိုမေးမြန်းကြည့်ပါ။ ဆေးပမာဏမှန်၊ မမှန်ကို သေချာစစ်ဆေးခိုင်းပါ။ သင့်ကိုဆေးမှားပေးနေပြီ သို့မဟုတ် ဆေးပမာဏမှားပေးနေပြီဟု သံသယဝင်ပါက ထုတ်ဖော်ပြောဆိုရန် မကြောက်ပါနဲ့။


Credit : ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18