Print

ပီလောပီနံအစာအဆိပ်သင့်ခြင်း

  13-Apr-2017
Preview Image

ပီလောပီနံအစာအဆိပ်သင့်ခြင်းသည် အသက်အန္တရာယ်ရှိသော အရေးပေါ်ရောဂါတစ်ခုဖြစ်ပါတယ်။အဆိပ်သင့်ရခြင်းအကြောင်းမှာ 

ပီလောပီနံ၏အမြစ်ကြောင့်ဖြစ်သည်။ပီလောပီနံ၏အမြစ်တွင် အဆိပ်သင့်စေသော cyanide ဆိုသည့်ဓာတ်တစ်မျိုးပါဝင်ပေသည်။


ထိုဓာတ်ကြောင့်အဆိပ်သင့်ရခြင်းဖြစ်ပေသည်။လက္ခဏာများအနေနဲ့ နှုတ်ခမ်းများပြာလာခြင်း၊အသက်ရှူကြပ်ခြင်း၊ပျို့အန်ခြင်း၊

သတိလစ်ခြင်းနှင့်သေဆုံးခြင်းတို့အထိ ဖြစ်တတ်ပါတယ်။ ပီလောပီနံအစာအဆိပ်သင့်သော လက္ခဏာများဖြစ်ပေါ်လာပါက---


ဆေးရုံသို့အမြန်ဆုံးသွားရောက်ရပါမယ်။ကုသပိုင်းအနေနဲ့ အောက်ဆီဂျင်ပေးခြင်း၊နှာခေါင်းပိုက်မှတစ်ဆင့်အစာအိမ်ဆေးကြောခြင်း၊

ဆေးသွင်းကုသခြင်း၊ဖြေဆေးပေး၍ကုသခြင်းစသည်ဖြင့် အချိန်မီကုသရန်လိုအပ်ပါတယ်။ရောဂါအခြေအနေသည် စားလိုက်သောပမာဏနှင့်အပင်၏အဆိပ်ပါဝင်မှုအနည်းအများပေါ်မူတည်ပါသည်။


Credit : www.rightdiagnosis.com

Writer : Dr Toe



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18