Print

အစာအဆိပ်သင့်ခြင်း

  20-Apr-2017
Preview Image

အစာအဆိပ်သင့်ခြင်းသည် စားလိုက်သောအစာမှတစ်ဆင့် အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းသို ့ရောဂါပိုးဝင်ရောက်သွားခြင်းကြောင့် ဖြစ်လာသည်။


ဘက်တီးရီးယား၊ဗိုင်းရပ်စ်ပိုး၊ကပ်ပါးပိုး၊ မှိုများ စသည့် အစာအဆိပ်သင့်ခြင်းကို ဖြစ်စေသော ရောဂါပိုးများသည် အကောင်လိုက် သို ့မဟုုတ် ၄င်းတို ့ကိုယ်မှအဆိပ်အတောက်ဖြစ်စေသော ဓာတ်များသည် စားလိုက်သောအစာနှင့်အတူ အစာအိမ်နှင့်အူလမ်းကြောင်းမှတစ်ဆင့် ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်သွားရာမှ အစာအဆိပ်သင့်ခြင်းဖြစ်လာသည်။


အစားအစာများကို ရေဖြင့်သေချာစွာမဆေးမိခြင်း၊ ကျက်အောင်မချက်ခြင်း၊ဟင်းသီးဟင်းရွက်များကို ရေသေချာစွာမဆေးဘဲအစိမ်းစားမိခြင်းတို ့ကြောင့်ဖြစ်သည်။အဓိကမှာ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် သန်ရှင်းမှုမရှိသောကြောင် ဖြစ်ပါတယ်။


ရောဂါလက္ခဏာများပြသည့်အချိန်သည် ဝင်သွားသောရောဂါပိုးကိုမူတည်ပြီး တစ်ယောက်နှင့်တစ်ယောက်မတူနို်င်ပါ။အချို ့ပိုးများသည် အစားဝင်ပြီး နာရီပိုင်းအတွင်းတွင်လက္ခဏာပြတတ်သည်။ အချို ့မှာ ရက်များစွာ ၊ရက်သတ္တပတ်ပေါင်းများစွာကြာမှ ပြတတ်သည်။

အဖြစ်များသည့် လက္ခဏာများမှာ ပျို ့အန်ခြင်း၊ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ အဖျားတက်ခြင်းတို ့ဖြစ်နိုင်ပါတယ်။

သို ့သော်အောက်ပါလက္ခဏာများပြလာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းသို ့ ချက်ချင်းသွားရမှာဖြစ်ပါတယ်။


- အန်သည့်အကြိမ်အရေအတွက်စိပ်လာခြင်း(အစားဝင်ပြီးတိုင်း၊ရေသောက်လိုက်တိုင်းအန်နေခြင်း)

- ၃ရက်ထက်ပို၍ဝမ်းပျက်နေခြင်း

- ဗိိုက်အောင့်ဗိုက်နာဖြစ်ခြင်းသည်ပို၍ဆိုးလာခြင်း

- ကိုယ်အပူချိန် ၁၀၁ဒီဂရီဖာရင်ဟိုက်(၃၈.၆ဒီဂရီဆဲလ်စီးယပ်)အထက်တက်ခြင်း

- ရေဓာတ်ခမ်းခြောက်ခြင်း၏လက္ခဏာများပေါ်လာခြင်း(ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ဆီးနည်းသွားခြင်း၊ နှုံးချိခြင်း၊မူးဝေခြင်း)

- အမြင်ဝါးခြင်း၊ကြွက်သားများအားလျော့ခြင်း၊လက်မောင်းများထုံကျင်နေခြင်းများ


အဖြစ်အများဆုံးနှင့်အကြောက်ရဆုံးသောနောက်ဆက်တွဲဆိုးကျိုးမှာ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပါတယ်။အချိန်မီ ရေဓာတ်နှင့်အခြားသတ္တုဓာတ်များကိုပြန်လည်မဖြည့်တင်းနိုင်ပါက အသက်ဆုံးရှုံးသည့်အထိဖြစ်နိုင်ပါတယ်။


Listeria monocytogenes ဟုခေါ်သောဘက်တီးရီးယားပိုးကြောင့် ကိုယ်ဝန်ဆောင်သည်များတွင် လနုစဉ်တွင် ကိုယ်ဝန်ပျက်ကျခြင်းကိုဖြစ်စေသည်။လရင့်လျှင် ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးခြင်း၊မွေးဖွားလာသည့်ကလေးတွင်လည်း ဦးနှောက်အာရုံကြောနှင့် ကိုယ်ခန္ဓာကြီးထွားဖွံ ့ဖြိုးမှုကို နှောင့်နှေးစေပါတယ်။


E.coli ပိုးဝင်သွားပါက ကျောက်ကပ်ရှိသွေးကြောနံရံများပျက်စီးပြီး ကျောက်ကပ်ပျက်စီးသည့်အထိဖြစ်နိုင်ပါတယ်။


နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးငယ်များ၊အသက်အရွယ်ကြီးသူများ ၊ကိုယ်ခံအားကျနေသူများ၊နာတာရှည်ရောဂါရှိနေသူများတွင် ပို၍ဆိုးစေပါတယ်။


အစာအဆိပ်သင့်ခြင်းသည် ဖြစ်သည့်ရောဂါလက္ခဏာများကိုသိရှိပြီး အချိန်မှီဆေးရုံတက်ကုသပါက စိုးရိမ်စရာမရှိသည့် ရောဂါဖြစ်သည်။ကုသခြင်းမှာ ဆုံးရှုံးသွားသောရေဓာတ်နှင့်သတ္တုဓာတ်များအတွက် အကြောဆေးသွင်းကုသခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများဖြင့်ကုသခြင်း တို ့ဖြစ်သည်။


Dr.Moon (7887 Healthcare Call Center)

Ref:Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18