Print

ရုတ်တရက် အသည်းပျက်စီးခြင်း (acute liver failure)

  30-Mar-2017
Preview Image

အကျဉ်းရှင်းလင်းချက်

 ယခင်အသည်းရောဂါလုံးဝ မရှိဘူးသေးသော သူတွင် အသည်း၏ လုပ်ဆောင်ချက်များ ရုတ်တရက် ကျဆင်းသွားခြင်းကို ရုတ်တရက်အသည်းပျက်စီးခြင်းဟု ခေါ်ပါသည်။ ထိုသို့ ရုတ်တရက်အသည်းပျက်စီးခြင်းမှတစ်ဆင့် သွေးထွက်လွန်ခြင်း နှင့် ဦးနှောက်ထဲဖိအားများခြင်းများ နောက်ဆက်တွဲဖြစ်လာနိုင်သည်။ ၎င်းသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် ဆေးရုံတက်၍ ကုသမှုခံယူရန် အရေးကြီးပါသည်။ ဖြစ်ပွားရသော အကြောင်းရင်းပေါ်မူတည်၍ ကုသမှုအမျိုးမျိုးပြောင်းသွားနိုင်ပါသည်။ အချို့အခြေအနေတွင် အသည်းအစားထိုးကုသခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။


လက္ခဏာများ

- အသားအရေနှင့် မျက်လုံးများ ဝါလာခြင်း

- ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ခြင်း

- ဗိုက်ဖောင်းလာခြင်း

- ပျို့အန်ခြင်း

- နုံးချိနေခြင်း

- သတိမေ့လျော့ခြင်း

- အမြဲအိပ်ငိုက်နေခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

 

 (၁) acetaminophen အလွန်အကျွံသုံးစွဲခြင်း - အဖြစ်အများဆုံးအကြောင်းရင်းဖြစ်သည်။ ဆရာဝန်မှ ညွှန်ကြားသောပမာဏထက် ပို၍ နေ့စဉ်သုံးစွဲမည်ဆိုလျှင် ရက်အနည်းငယ်အတွင်း အသည်း ပျက်စီးသွားမည်ဖြစ်သည်။ 

acetaminophen အလွန်အကျွံသုံးစွဲသည်ဟု သံသယရှိပါက ဆေးရုံသို့ ချက်ချင်းပို့ပါ။ 


(၂) သောက်သုံးနေသော ဆေးဝါးများ - ဥပမာ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးများ၊ အတက်ကျဆေးများသည် အသည်းလုပ်ဆောင်မှုကို ရုတ်တရက် ဖျက်ဆီပစ်နိုင်သည်။


(၃) အစားထိုး သစ်ဥသစ်ဖုများ - ဆေးဝါးများအစား အစားထိုးစားသုံးသည့် သစ်ဥသစ်ဖု အချို့သည်လည်း အသည်းပျက်စီးမှုနှင့် ဆက်စပ်နေသည်။ 


(၄) အသည်းရောင်အသားဝါပိုးနှင့် အခြားဗိုင်းရပ်စ်များ - အသည်းရောင်အသားဝါ အေ၊ ဘီ နှင့် အီး အမျိုးအစားများသည် အသည်းကို ရုတ်တရက်ပျက်စီးစေနိုင်သည်။


 (၅) အဆိပ်အတောက်များ - မှို အချို့၏ အဆိပ်များ ဥပမာ Amanita phalloides ဟုခေါ်သည့်မှိုသည် စားမိလျှင် အသည်းကို ချက်ချင်းပျက်စီးစေနိုင်သည်။


 (၆) ခနာ ္တကိုယ်စံလွှဲတုံ့ပြန်ရောဂါများ - ခန္တာကိုယ်စံလွှဲတုံပြန် အသည်းရောင်ရောဂါသည် မိမိ၏ ကိုယ်ခံအားစနစ်မှ အသည်းဆဲလ်များကို တိုက်ခိုက်ပြီး အသည်းကို ရောင်ရမ်းခြင်းနှင့် အနာများဖြစ်စေနိုင်ပါသည်။


(၇) အသည်း၏သွေးကြောထဲမှ ရောဂါ အချို့သည် အသည်း၏ သွေးကြောများကို ပိတ်စေပြီး အသည်းပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။


(၈) ရှားပါးရောဂါများဖြစ်သည့် ကိုယ်ခန္တာတွင် ကော့ပါးဟူသည့် ဓါတ်တစ်မျိုးပုံသည့် ရောဂါ၊ ကိုယ်ဝန်ဆောင်အသည်းအဆီဖုံးသည့် ရောဂါမျိုးတွင် အသည်းရုတ်တရက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါသည်။


(၉) ကင်ဆာရောဂါများ - အသည်းတွင် စဖြစ်သည့် ကင်ဆာရောဂါ သို့မဟုတ် အသည်းသို့ ပျံ့နှံ့သွားသည့် ကင်ဆာရောဂါများသည် အသည်း၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သည်။ 


(၁၀) အချို့ ရုတ်တရက် အသည်းပျက်စီးသည့် အခြေအနေအချို့တွင် တော့ အကြောင်းရင်းရှာမတွေ့သည့် အခါများလည်း ရှိတတ်သည်။


နောက်ဆက်တွဲ ပြဿနာများ

-  ဦးနှောက်ထဲတွင် အရည်များစုပုံခြင်း  - ၎င်းသည် ဦးနှောက်အပေါ်တွင် ဖိအားများ ဖြစ်စေနိုင်ပြီး ဦးနှောက်၏ တစ်ရှူများကို အပြင်သို့ တွန်းထုတ်မိသလို ဖြစ်သည့်အတွက် ဦးနှောက်တစ်ရှူးများမှ အောက်စီဂျင် ရရှိမှုနည်းသွားနိုင်သည်။ 

- သွေးထွက်ခြင်း နှင့် သွေးရောဂါများ - ပျက်စီးနေသောအသည်းမှ လိုအပ်သော လုံလောက်သည့် သွေးခဲစေနိုင်သည့် ပစ္စည်းများမထုတ်ပေးနိုင်ပါ။ ထို့အပြင် အစာအိမ်မှ သွေးထွက်ခြင်းလည်း အချိန်မရွေးဖြစ်သွားနိုင်ပြီး ထိန်းချုပ် ရန် အလွန်ခက်ခဲ လေသည်။ 

- ပိုးဝင်ခြင်း - ရုတ်တရက် အသည်းပျက်စီးသွားသူများတွင် သွေးထဲနှင့် ဆီးလမ်းကြောင်းများတွင် ရောဂါပိုးမျိုးစုံ ဝင်လာခြင်းကို ဖြစ်စေနိုင်ပါသည်။

- ကျောက်ကပ်ပျက်စီးခြင်း - အသည်းပျက်စီးပြီးနောက်ပိုင်းတွင် ကျောက်ကပ်ပျက်စီးသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဥပမာ acetaminophen အလွန်အကျွံ သုံးစွဲသူများတွင် အသည်းရော ကျောက်ကပ်ပါ ပျက်စီးစေနိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ရုတ်တရက် အသည်းပျက်စီးခြင်းသည် ကျန်းမာသန်းစွမ်းသူများတွင် ပင် အလျှင်အမြန်ဖြစ်တတ်သော ရောဂါဖြစ်ပြီး အသက်အန္တရာယ်လည်း စိုးရိမ်ဖွယ်ရှိသည်။ မိမိတွင် အသားအရေ နှင့် မျက်လုံးများ ဝါလာခြင်း၊ ညာဖက် အပေါ်ဗိုက်အောင့်လာခြင်း၊ မိမိ၏ အပြုအမူများ ပြောင်းလဲသွားခြင်းကို ခံစားရလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသသင့်သည်။ 


စစ်ဆေးမှုများ

(၁) သွေးစစ်ဆေးမှုများ - အသည်း၏အခြေအနေမည်မျှကောင်းမကောင်းကို စစ်ဆေးရန် သွေးခဲခြင်း၊ မခဲခြင်းကို တိုင်းတာရန်လိုအပ်သည်။ အသည်းပျက်စီးနေသူများတွင် ပုံမှန်လူများကဲ့သို့ သွေးမြန်မြန်ခဲမည် မဟုတ်ပါ။

(၂) အသည်း၏ အခြေအနေကို ကြည့်ရှုရန် အာထရာစောင်း ရိုက်ရမည်။ ၎င်းမှ အသည်း၏ ပျက်စီးမှု အခြေအနေ နှင့် အသည်းတွင်ဖြစ်ပေါ်နေသည့် ပြဿနာများကို လေ့လာနိုင်သည်။

 (၃) အသည်း၏ တစ်ရှူးစကို ယူ၍စစ်ဆေးခြင်း = မည့်သည့် အကြောင်းကြောင့် အသည်းပျက်စီးနေရသည်ကိုသိနိုင်သည်။ 

 (၄) အသည်း ပျက်စီးနေသည့်သူများတွင် သွေးထွက်လွန်နိုင်သည့် အခြေအနေရှိသောကြောင့် အသားစယူရတွင် လည်ပင်းရှိသွေးကြောမှ တစ်ဆင့် ယူရမည်ဖြစ်သည်။

    

ကုသခြင်း

အရေးပေါ်ကြပ်မတ်ကုသဆောင်တွင် ထားရှိရမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် အသည်းအစားထိုးခြင်း ချက်ချင်းလုပ်နိုင်မည့် အခြေအနေရှိသည့် ဆေးရုံဆိုလဆင် ပို၍ ကောင်းပါသည်။ 


အသည်းရုတ်တရက်ပျက်စီးခြင်းအတွက် ဆေးကုသခြင်း

 အဆိပ်ဖြေဆေးများ - acetaminophen အလွန်အကျွံသုံးစွဲခင်း၊ သို့မဟုတ် မှိုအဆိပ်သင့်ခြင်းသည် ဖြေဆေးပေး၍ အသည်းပျက်စီးခြင်းကို ကာကွယ်နိုင်သည်။

အသည်းအစားထိုးခြင်း - ရုတ်တရက် အသည်းပျက်စီးခြင်းကို တားဆီး၍မရလျှင် ကုသရန်ဖြစ်သည်။


နောက်ဆက်တွဲဆိုးကျိုးများကို ကုသခြင်း

(၁) ဦးနှောက်ထဲတွင် တက်လာသော ဖိအားကို လျှော့ချခြင်း - သောက်ဆေးများဖြင့် လျှော့ချနိုင်သည်။

(၂) ရောဂါပိုးမျာကို စစ်ဆေးခြင်း - 

(၃) သွေးထွက်လွန်ခြင်းကို ကာကွယ်ခြင်း - သွေးထွက်လွန်ခြင်းကို ကာကွယ်ရန် သောက်ဆေးများသုံးစွဲရမည်ဖြစ်သည်။ သွေးဆုံးရှုံးမှုများလျှင် သွေးသွင်းရန်လိုအပ်နိုင်သည်။


ကာကွယ်ခြင်း

 - acetaminophen သို့မဟုတ် အခြားသောက်ဆေးများ သုံးစွဲမည်ဆိုပါက အညွှန်းအတိုင်းသောက်ပါ။ ပို၍ မသုံးစွဲပါနှင့်။


- မိမိသောက်နေသော ဆေးများကို ဆရာဝန် ကို ပြောပြပါ။ ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးများ နှင့် အစားထိုးသစ်ဥသစ်ဖု ဆေးများသည် ဆရာဝန်မှ ထပ်၍ပေးမည့် ဆေးကို နှောင့်ယှက်နိုင်သည်။


- အရက်ကို အနည်းငယ်သာသောက်ပါ။ အမျိုးသမီးဖြစ်လျှင် တစ်ရက်ကို တစ်ခွက်ထက်ပိုမသောက်ပါနှင့်။ အသက် ၆၅ နှစ် နှင့် အထက်အမျိုးသားဖြစ်လျှင် တစ်ရက်လျှင် ၂ ခွက်ထက်ပိုမသောက်ပါနှင့်။


- ရောဂါပိုးကူးစက်စေနိုင်သည့် အပြုအမူများကို မလုပ်ပါနှင့်။ တရာမဝင် မူးယစ်ဆေးဝါးများ ကို အကြောထဲမှ တစ်ဆင့် မသုံးစွဲပါနှင့်။ လိင်ဆက်ဆံမည်ဆိုပါက ကွန်ဒုံးသုံးပါ။ တက်တူးထိုးမည်ဆိုပါက သန့်ရှင်းသော အပ်သုံးသည့်ဆိုင်ကို သေချာ ရွေးချယ်ပါ။ ဆေးလိပ်မသောက်ပါနှင့်


 - ကာကွယ်ဆေးထိုးပါ။ အသည်းရောင်အသားဝါပိုး ကူးစက်နိုင်သည့် အလုပ်များလုပ်ကိုင်နေသူဆိုပါက ကာကွယ်ဆေးထိုးထားပါ။ အခြားအသည်းရောင်အသားဝါပိုး ကူးစက်ခံနေရသူဖြစ်လျှင် သို့မဟုတ် မိမိတွင် နာတာရှည် အသည်းရောဂါရှိပါက အသည်းရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးထိုးပါ။ အသားရောင်အသားဝါ အေ ပိုး အတွက်လည်း ကာကွယ်ဆေး ရှိနေပြီဖြစ်သည်။


 - အခြားသူများ၏ သွေးနှင့် ခန္ဓာကိုယ်ထွက်အရည်များနှင့် မထိမိအောင် ရှောင်ကြင်ပါ။ မတော်တဆ သုံးပြီးသားအပ်ထိုးမိခြင်း သို့မဟုတ် ကိုခန္ဓာမှ ထွက်သော အရည်များဖြင့် ထိမိလျှင် အသည်းရောင် အသားဝါပိုးကူးစက်နိုင်သည်။ ထို့အပြင် မုတ်ဆိတ်ရိတ်ဓါးများ နှင့် သွားပွတ်တံများကို လည်း မိမိကိုယ်ပိုင်တစ်ခုတည်းသာ သုံးစွဲသင့် သည်။


- မှိုစားမည်ဆိုပါက စားနိုင်သော မှိုတစ်မျိုးကိုသာ ရွေးချယ်စားသုံးပါ။


- ပိုးကောင်းများ အခန်းတွင်းမှိုများကို သတ်သော ဖြန်းသည့်ဆေးများ၊ သုတ်ဆေးနှင့် အခြားအန္တရာယ်ရှိသော ဖြန်းဆေးများကို သုံးစွဲမည်ဆိုပါက နှာခေါင်းပိတ်ပါ။ မိမိကိုယ်ကို မရှူမိအောင်ကာကွယ်ပါ။ လက်အိတ်ဝတ်ပါ။ လက်ရှည်ဝတ်ပါ။ အုပ်ထုပ်ဆောင်းပါ။


- မိမိကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ အဝလွန်ခြင်းသည် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

  

Ref: Mayo clinic

Translator - Dr. Victoria



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18