Print

ဒါတွေဖြစ်ရင် ဘာလုပ်မလဲ

  23-Mar-2017
Preview Image

အပူလောင်လျှင်
- အပူလောင်သောနေရာကို ရေအေးအေးအောက်တွင် ၁၅ မိနစ်ခန့်ထားပေးပါ။
- အဝတ်သန့်သန့်ဖြင့် အုပ်ထားပါ။
- နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပါ။

 

နင်လျှင်
- နင်နေသော လူ၏နောက်ကို သွားပါ။
- ထိုလူ၏ လက်ပြင်ရိုး၂ခုကြား ကျောဘက်နေရာကို ခပ်ပြင်းပြင်း ၅ချက်လောက်ထုပေးပါ။
- လက်၂ဖက်ဖြင့် ရင်ညွန့်အောက် ဗိုက်နေရာကို အပေါ်ဘက်သို့ တွန်းပေးပါ။

 

လေဖြတ်သည်ဟုထင်လျှင်
- လွယ်ကူစေရန် FAST ဆိုသောနည်းလမ်းကို မှတ်ထားပါ။
၁။ F - Face - မျက်နှာတဖက်သည် ရွဲ့နေပါသလား။
၂။ A - Arms - လက်မှာ လှုပ်ရှား၍ရပါသလား။
၃။ S - Speech - စကားကောင်းကောင်းပြောနိုင်ပါသလား။ စကားပြောရာတွင်
ပလုံးပထွေးဖြစ်နေသလား။
၄။ T - Time - ဆေးရုံကို အချိန်မီသွားပါ။

 

တက်လျှင်
- တက်နေသောသူ၏ ခေါင်းအောက်တွင် အဝတ်ထူထူ သို့ စောင်ကို ထည့်ပေးပါ။ ခေါင်းကို
မထိခိုက်မိစေရန်ဖြစ်သည်။
- ဘေးစောင်းပေးပါ။ ခေါင်းကို အနည်းငယ်မော့ပေးထားပါ။
- ပါးစပ်ထဲသို့ မည်သည့်အရာမှမထည့်ပါနှင့်။

 

သွေးထွက်များလျှင်
- သွေးထွက်သောနေရာကို နှလုံးအထက်တွင် မြှောက်ထားပေးပါ။
- ဖိထားပေးပါ။
- အနာထဲတွင် အခြားအရာများရှိပါက အနာဘေးပတ်ပတ်လည်ကိုသာ ဖိပါ။

 

ခြေထောက်ခေါက်လျှင်
- ဒဏ်ရာရသောနေရာကို အနားပေးပါ။
- ရေခဲထည့်ထားသော အိတ်ဖြင့် ၃နာရီခြားတခါ ကပ်ပေးပါ။
- ပတ်တီးဖြင့် ပတ်ပေးပါ။ မလှုပ်ရှားမိစေရန် ဖြစ်သည်။ အလွန်ကျပ်အောင် မပတ်ပါနှင့်။
- ဒဏ်ရာရသောနေရာကို မြှင့်ပေးထားပါ။


Credit : 
Dr.ခိုင် (၇၈၈၇ ကျန်းမာရေး Call centre)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18