ဆင်ခြေထောက်ရောဂါ ဘာကြောင့်ဖြစ်
27-Feb-2017
ဆင်ခြေထောက်ရောဂါသည် အပူပိုင်းဒေသတွင် အဖြစ်များသည်။ ခြင်မှတဆင့် ကူးစက်သော ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားစေသော အကြောင်းရင်းမှာ ( Wuchereria bancrofti) ဟုခေါ်သော သန်ကောင်အမျိုးအစားကြောင့်ဖြစ်သည်။ ထိုသန်ကောင်အမျိုးအစားသည် လူ၏ခန္ဓာကိုယ်သွေးပြန်ရည်ကြောစနစ်တွင် ၆နှစ်မှ ၈နှစ်အထိနေပြီး သန်းပေါင်းများစွာသော သန်ကောင်ငယ်များကို ထုတ်လွှတ်သည်။ ခြင်သည် သန်ကောင်ငယ်များစွာရှိနေသော လူ၏သွေးကို စုပ်ယူသောအခါ သူ၏ကိုယ်တွင်းစနစ်တွင် သန်ကောင်ငယ်များရောက်လာသည်။ ထိုသန်ကောင်ငယ်များသည် ခြင်၏ကိုယ်တွင်းစနစ်တွင်းမှာပင် ကူးစက်နိုင်သော ရောဂါပိုးအဆင့်သို့ပြောင်းပြီး အခြားလူများကို ကူးစက်စေသည်။
ဆင်ခြေထောက်ရောဂါသည် နာတာရှည်ရောဂါအဆင့်ဖြစ်သည်။ သွေးပြန်ရည်ကြောစနစ်များ ပျက်စီးပြီး ရောင်လာခြင်း၊ အရေပြားထူလာခြင်းတို့ကြောင့် ဆင်ခြေထောက်ကဲ့သို့ပုံစံဖြစ်ပေါ်လာသည်။ အမျိုးသားများတွင် ကယ်ပါယ်အိတ်လည်း ကြီးလာတတ်သည်။
ဆင်ခြေထောက်ရောဂါမဖြစ်မီအဆင့်ကပင် ရောဂါပိုးသည် သွေးပြန်ရည်ကြောစနစ်ကို ဖျက်ဆီးသဖြင့် ရောဂါမဆိုးခင်အမြန်ဆုံးကုသမှုခံယူပြီး
အခြားသူများပါ ကူးစက်မခံရအောင် ကာကွယ်ရမည်။
ယခုအခါတွင် ဆင်ခြေထောက်ရောဂါကာကွယ်နိုင်ရန် ကျေးလက်မြို့ပါမကျန် သက်ဆိုင်ရာဆရာဝန်၊ ဆရာမများမှ ဆေးပြားများတိုက်ကျွေးနေပြီဖြစ်သည်။ Albendazole 400mg နှင့် Diethylcarbamazine citrate (DEC) 6mg/kg ကို တိုက်ကျွေးနေခြင်းဖြစ်သည်။ထိုဆေးများသည် သွေးတွင်းရှိသန်ကောင်ငယ်ပမာဏများကို နည်းစေပြီး ခြင်မှတဆင့်ကူးစက်မှုကို ကာကွယ်သည်။ ဆေးများကို တနှစ်တခါဖြင့် ၄နှစ် သို့ ၆နှစ်ဆက်တိုက် တိုက်ကျွေးခြင်းဖြင့် ခြင်မှတဆင့်ကူးစက်မှုစက်ဝန်းကို ပျက်စေသည်။ ခြင်များပေါက်ပွားမှုကို နှိမ်နင်းရန်မှာလည်း အရေးကြီးသည်။
ဆင်ခြေထောက်ရောဂါသည် ကိုယ်ခန္ဓာ၊ခြေ၊ လက်တို့၏ ပုံသဏ္ဌာန်ပျက်ယွင်းမှုကိုဖြစ်စေသည့်အတွက်လူမှုဆက်ဆံရေးနယ်ပယ်တွင် နေထိုင်သွားလာရန် ခက်ခဲစေသည်။ ထို့ကြောင့် အချိန်မလွန်ခင် ကြိုတင်ကာကွယ်ထားမှသာ ဆင်ခြေထောက်ရောဂါကင်းရှင်းသောနေထိုင်မှု ပတ်ဝန်းကျင် ဖြစ်လာပေမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Dr. ခိုင် (၇၈၈၇ ကျန်းမာရေး call centre)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

