နားအတွင်းခန်းရောင်ရမ်းခြင်း
27-Feb-2017
နားအတွင်းခန်း ရောင်ရမ်းခြင်းသည် ဟန်ချက်မျှတမှုနှင့် နားအကြားအာရုံကို ထိခိုက်စေနိုင်သော အကြောင်းတစ်ရပ်ဖြစ်သည်။
• ဓာတ်မတည့်ခြင်း
• ဘက်တီးရီးယားပိုး ဝင်ရောက်ခံရခြင်း
• ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခံရခြင်း -
• လေထုဖိအားများရာမှ နည်းရာသို့ ရုတ်တရက်ပြောင်းခြင်းကြောင့်ဖြစ်သော ဝေဒနာ (Decompression sickness)
• အသက်ရှူလမ်းကြောင်းရောဂါ၏ နောက်ဆက်တွဲပြဿနာ
• နားဖာချေး (သို့) ပြင်ပပစ္စည်းများရှိခြင်း
စသည်တို့ကြောင့် နားအတွင်းခန်းရောင်ရမ်းမှု ဖြစ်နိုင်သည်။ အရည်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော နားအတွင်းခန်း ရောင်ရမ်းခြငး် (သို့) ပိတ်ဆို့ခြင်းဖြစ်သောအခါ ဟန်ချက်ထိန်းခြင်း ပြဿနာဖြစ်နိုင်သည်။ လည်အောင်မူးခြင်း ခံစားရတတ်သည်။
ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း ၊ နားအူ နားလေထွက်ခြင်း၊ နားတွင် ဆူညံသံကြားရခြင်းနှင့် အန်ခြင်းတို့သည် အဓိက ကြုံတွေ့ရတတ်သော လက္ခဏာများဖြစ်သည်။
နားအတွင်းခန်း ရောင်ရမ်းမှုသည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါက ပဋီဇီဝဆေးအဓိကပေး ၍ ကုသရပါမည်။ ဆေးဖက်ဝင်ပစ္စည်း တချို့ကို သုံးစွဲ၍လည်း ကုသနိုင်သည်။ Gingko biloba သည် ဦးခေါင်းပိုင်း သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး နားအတွင်းခန်း ရောင်ရမ်းမှုကို သက်သာစေ နိုင်သည်။ မူးဝေခြင်းနှင့် နားအူ၊ နားလေထွက်ခြင်း လက္ခဏာများကိုလည်း သက်သာပျောက်ကင်း စေနိုင်ပါသည်။
နားအတွင်းခန်း ရောင်ရမ်းပါက အရက်နှင့်ဆေးလိပ်၊ စီးကရက်တို့ကို ရှောင်ကြဉ်ရမည်။ ဖိစီးမှုကိုလည်း လျော့နည်းစေရမည်။ တရားရှုမှတ်ခြင်းသည် ဝေဒနာလက္ခဏာကို သက်သာစေနိုင်သည်။ နားအူ၊ နားလေထွက်ခြင်းကို သိသာစွာ လျော့နည်းစေနိုင်သည်။ နား၊ နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်နှင့် ပြသ၍ လိုအပ်သော စမ်းသပ်ကုသမှု ခံယူသင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

