ဓာတ်ရောင်ခြည်သင့်ခြင်း
27-Feb-2017
ဓာတ်ရောင်ခြည်ထိပြီး ၂၄ နာရီအတွင်း ကျန်းမာရေး ထိခိုက်ယိုယွင်းလာခြင်းကို ဓာတ်ရောင်ခြည်သင့်ခြင်းဟုခေါ်သည်။ ဓာတ်ရောင်ခြည်သည် ဆဲလ်၊ Tissue အတွင်းရှိ ဒီအန်အေ DNA များကို ပျက်စီးစေသည်။ ဓာတ်ရောင်ခြည်သင့်ခြင်း၏ လက္ခဏာများသည် တစ်နာရီ နှစ်နာရီမှ လပိုင်းအထိ ကြာနိုင်သည်။
ဓာတ်ရောင်ခြည်သင့်ခြင်း၏ လက္ခဏာများနှင့် ဖြစ်ပွားသည့် ကြာချိန်သည် ဓာတ်ရောင်ခြည်သင့်သည့် ပမာဏပေါ်မူတည်သည်။ အနည်းငယ်အသင့်ခံရသူတွင် အစာအိမ်အူလမ်းကြောင်း လက္ခဏာများဖြစ်သည့် မူးဝေအော့အန်ခြင်းများ ဖြစ်နိုင်သည်။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိ သွေးဖြူဥ၊ သွေးနီဥများ ပျက်စီး၍လည်း သွေးထွက်ခြင်း၊ ရောဂါကူးစက်ခံရခြင်းများ ပိုဖြစ်နိုင်သည်။ ဓာတ်ရောင်ခြည်ပမာဏ များစွာထိသူတွင်မူ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေသည့်အပြင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
ထိုကဲ့သို့ ရုတ်တရက် ဓာတ်ရောင်ခြည်သင့်ခံရလျှင် သွေးသွင်းခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းဖြင့် ကုသ၍ ပိုမိုပြင်းထန်သော ဓာတ်ရောင်ခြည်သင့်ခံရသူတွင် ရိုးတွင်းခြင်ဆီ အစားထိုးခြင်းများ ပြုလုပ်နိုင်သည်။ ထိုသို့ ဓာတ်ရောင်ခြည်သင့်ခံရသူများတွင် ကင်ဆာဖြစ်နိုင်ချေကို ပိုမိုမြင့်မားစေပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Dr. Archer (7887 Healthcare Call Center)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

