Print

အစာအိမ်အူသိမ် အချဉ်ပေါက်နာ၏ လက္ခဏာများ

  27-Feb-2017
Preview Image

(၁) ဗိုက်နာသောအားဖြင့် ရင်ခေါင်း (Epigastrium) ချက်အထက်မှာ ပူနေ၊ နာနေတတ်သည်။


(၂) နာလျှင် အစာစားက ပိုဆိုး၏ (အစာအိမ်နာ)။ နာလျှင် အစာစားက သက်သာ၏ (အူသိမ်ပထမပိုင်းအနာ)


(၃) နွားနို့၊ ငရဲမီးဆန့်ကျင်ဆေး ဥပမာ ဂျဲလမတ်၊ ဆိုဒါ သောက်ကသက်သာ၏။


(၄) ရေရှည်ဖြစ်၍ လူမှာ ဗိုက်နာ၊ လေချဉ်တက်၊ အော့အန် ကိုယ်အလေးချိန်ကျဖြစ်လာ၏။


(၅) အနာမှ သွေးထွက်သဖြင့် သွေးအားနည်းရောဂါ (၀ါ) သွေးနီဥနည်းရောဂါ (Anaemia) ရလာ၏။

အောက်ပါရောဂါလက္ခဏာများ ပြလာ၏
(က) မောပန်းခြင်း
(ခ) အသက်ရှူမဝခြင်း
(ဂ) ဖြူဖတ်ဖြူရော်ဖြစ်လာခြင်း
(ဃ) နှလုံးတုန် ရင်ခုန်ခြင်း
(င) နှလုံးခုန်မမှန်ခြင်း

(၆) တစ်ခါတစ်ရံ ဝမ်းမည်းများ (Malena) သွား၏။


(၇) တစ်ခါတစ်ရံ ကော်ဖီရောင်ပေါက်သော အန်ဖတ်များ အန်၏။ 


(၈) ဗိုက်ပွခြင်း


(၉) ရုတ်တရက် ဗိုက်အလွန်ပူနာပြီး သတိမေ့တတ်၏။ ဤသည်မှာ အနာပေါက်ပြဲသွား၍ဖြစ်၏။ 

 

အရေးပေါ်ကုသမှု (ဗိုက်နာခြင်းအတွက်)
(၁) လူနာကိုနှစ်သိမ့်ပါ။
(၂) ဘာအစာမှ မစားပါစေနှင့်။
(၃) ပါးစပ်မှ နွားနို့၊ မိုင်လို၊ အိုဗာတင်တစ်မျိုးမျိုး တိုက်ပါ။ ဆိုဒါ တိုက်နိုင်၏။
(၄) ငရဲမီး ဆန့်ကျင်ဆေးတစ်ခုခု တိုက်ပါ။ ဥပမာ Aludrex, Gelmag, Gelosil
(၅) NSAID ဆေး၊ အခြားအနာပျောက်ဆေး မတိုက်ပါနှင့်။ ဥပမာ Aspro, Buspro
(၆) အစာအိမ်အူသိမ်ကျုံ့သည််ကို ဖြေပေးတာ Buscopan တိုက်နိုင်ပါသည်။
(၇) ကော်ဖီ၊ လက်ဖက်ရည်၊ အပူအစပ် မကျွေးပါနှင့်။
(၈) အိပ်မပျော်လျှင် ဖီနိုတစ်ပြား၊ သို့မဟုတ် ဗေလီယံ ၅ တစ်ပြား တိုက်နိုင်ပါသည်။
(၉) ဆရာဝန်ခေါ်ပါ။ ပြပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18